ခဏတာအဝေး

1K 48 2
                                    

OTP-Taoris
Type-Normal
တိတ်ဆိတ်သောပတ်ဝန်းကျင်၊အေးချမ်း၍ အရိပ်ရသောသစ်ပင်ကြီးတစ်ပင်၏အောက်တွင်ကောင်လေးတစ်ယောက်ထိုင်နေလေသည်။ သူ့ပုံစံကတော်တော်ပင်ယောက်ျားပီသသော ခန္ဓာကိုယ်အချိုးအစားနှင့်အဝတ်အစားတို့ကလည်းအထက်တန်းလွှာထဲကမှန်းဖော်ပြလျက်ရှိ နေပေသည်။မျက်ခုံးနက်နက်၊နှာတံစင်းစင်းနှင့် အပြစ်အနာဆာကင်းသောမျက်နှာပိုင်ရှင်ထိုကောင်လေး၏နှုတ်ခမ်းပါးမှထွက်ကျလာသော စကားတချို့က-
"ငါ့အတွက်နောက်တစ်နှစ်ပဲကျန်တော့တယ်တဲ့လား။"
နှုတ်ခမ်းပါးတို့ကယောင်ယောင်လေးပြုံးမိသည်။ ချမ်းသာသောမိဘနှစ်ပါးကလိုလေသေးမရှိထားပေမယ့်တကယ်လိုနေသောအချစ်တို့ကိုမရခဲ့။ဘဝကြီးကသူ့အတွက်အသက်ရှင်နေရတာ အဓိပ္ပါယ်လုံးဝမရှိ။အခုလိုမြန်မြန်သေရတာပဲ ကောင်းမယ်လို့သူတွေးမိသည်။ဖြစ်နိုင်လျှင် မနက်ဖြန်ပင်သေချင်မိသည်။ထိုသို့တွေးနေစဉ်မှာပဲ-
"သားရေ...Wu Kris"
Krisလှည့်ကြည့်လိုက်ရာအရင်ကတစ်နှစ်နေလို့ တစ်ခါတောင်သူ့ကိုလာမကြည့်သောသူ့အမေ-
Kris pov/Ommaတောင်ပြောင်းလဲလာပြီပဲ။ဒါပေမယ့်အသုံးမဝင်တော့ပါဘူး။/
Kris Omma-"အထဲဝင်တော့လေ။လေအရမ်း တိုက်တယ်။"
Kris-"သားဘာမှမဖြစ်ပါဘူး။စိတ်မပူပါနဲ့။"
Kris Omma-"သားလေးကစိတ်ဆိုးနေတုန်း လား။Ommaတို့အလုပ်လုပ်နေတာသား အတွက်ပါပဲ။"
Kris-"သားနားလည်ပါတယ်။"
Kris Omma-"လာပါသားရယ်။မနက်ဖြန် ဆေးရုံသွားရအုံးမယ်လေ။သားအတွက်မျှော်လင့်ချက်ရှိနိုင်ပါတယ်။ ခွဲစိတ်ရမယ်ဆိုရင်လဲပြင်ဆင်ရမယ်လေ။"
Kris-"သားမခွဲစိတ်ချင်ဘူး။"
Kris Omma-"သားရယ်။Ommaတို့မှာသားတစ်ယောက်တည်းရှိတာပါ"
ပြောရင်းနှင့်ငိုသံတို့ပါလာသောကြောင့် Krisလဲစိတ်မကောင်းဖြစ်သွားရှာတော့သည်။
Kris-"Ommaတို့ခွဲစိတ်စေချင်ရင်လဲသားစဉ်းစား ကြည့်ပါ့မယ်။လာပါ...အထဲဝင်ကြမယ်။"
နောက်တစ်နေ့-
ဆေးရုံတွင်-
Doctor-"ခွဲစိတ်လို့တော့ရပါတယ်။ဒါပေမယ့် အသက်ရှင်နိုင်ချေနည်းတယ်။ခွဲစိတ်ခန်းထဲကိုဝ င်တာအသက်ကိုအလောင်းအစားလုပ်လိုက် သလိုပဲ။ကျွန်တော်တို့ကတော့အကောင်းဆုံး ကြိုးစားပေမယ့်သူ့ခန္ဓာကိုယ်ကလက်ခံအုံးမှဖြစ်မှာ။"
Kris Appa-"ဒါဆိုကျွန်တော်တို့စဉ်းစားလိုက်ပါ အုံးမယ်။ခွဲစိတ်ဖို့ကိစ္စကတော့သိပ်အဆင်မပြေ လောက်ဘူးထင်တယ်။"
Doctor-"ဟုတ်တယ်။ခွဲစိတ်ပြီးရင်လဲComa တို့အတိတ်မေ့တာတို့စတဲ့အကျိုးဆက်တွေဖြစ်လာတတ်သေးတယ်။ဒါပေမယ့်စိတ်မပူပါနဲ့။ ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကုသ ပေးမှာပါ။"
Kris Omma-"ကျွန်မတို့တိုင်ပင်လိုက်ပါအုံးမယ်။ ခွင့်ပြု ပါအုံး။"
Krisကတော့ဆေးရုံထဲစိတ်ပြေလက်ပျောက် လျှောက်သွားရင်းရောဂါကိုမေ့လိုမေ့ငြားကြိုး စားကြည့်လေသည်။ထိုအချိန်တွင်လူတစ်ယောက်နှင့်တိုက်မိသွားလေသည်။
"ဘုတ်"
ထိုလူလည်းလဲကျသွားပြီးမှပြန်ထလာကာ-
"တောင်းပန်ပါတယ်။ကျွန်တော်မမြင်လိုက်လို့ပါ။"
ဟုပြော၍အမြန်ထွက်သွားလိုက်လေသည်။
Krisလည်းမိမိလမ်းကိုဆက်သွားရန်ပြင်လိုက်ရာကြမ်းပြင်ပေါ်တွင်ကျနေသောပိုက်ဆံအိတ်လေးကိုတွေ့ရလေသည်။Krisလည်းထို အိတ်လေးကိုကောက်လိုက်ပြီးလမ်းကိုဆက် လျှောက်သွားလိုက်တော့သည်။
သို့သော်ဆေးရုံမှအပြန်တစ်လမ်းလုံးထိုလူ၏ အသံသည်Krisနားထဲတွင်ဝေ့ဝဲလျက်....
ညဥ့်နက်နေလေပြီ။Krisတစ်ယောက်ပိုက်ဆံ အိတ်လေးကိုကြည့်ရင်းတွေးနေမိလေသည်။
Kris pov/သူအဆင်ပြေပါ့မလား။စားစရာတောင်ရှိပါ့မလား။ရှိလောက်မှာပါ။သူ အိတ်ကိုပြန်လာရှာအုံးမလား။ရှာမှာပေါ့။မရှာလောက်ဘူးထင်တယ်...အာ...ငါ့ကိစ္စလည်းမဟုတ်ပဲနဲ့ဘာလို့အဲ့လောက်စိတ်ပူနေရတာလဲ။သူ့အသံကိုပဲဘာလို့တစ်ချိန်လုံးကြား နေတာလဲ။အင်း...သူ့အသံကငါ့နားထဲမှာ တစ်မျိုးပဲ။ထပ်ကြားချင်နေသေးတယ်။/
ထိုနေ့ညတော့Krisတစ်ယောက်ဆုံးဖြတ်ချက် တစ်ခုချပြီးမှအိပ်ပျော်တော့သည်။အဲဒီဆုံးဖြတ် ချက်က...ထိုလူဆီလိုက်သွားဖို့....
နောက်တစ်နေ့ရောက်တော့ပိုက်ဆံအိတ်ထဲက လိပ်စာလေးကိုကြည့်လိုက်တော့-
^^Zitao...Promise Street, G block^^
For Life Caffeeတွင်လည်း-
Tao-"ကျေးဇူးပါပဲကွာ။မင်းကူညီလို့။"
Lay-"သူငယ်ချင်းတွေပဲကွာ။"
Tao-"ငါပိုက်ဆံစုပြီးရင်ပြန်ပေးပါ့မယ်ကွာ။"
Lay-"ပြန်ပေးမနေပါနဲ့တော့။မင်းကနေကောင်း တဲ့လူလည်းမဟုတ်ဘူး။"
Tao-"အာ..မဟုတ်တာကွာ။မင်းကမိသားစုနဲ့ကို။"
Lay-"Suhoတောင်မင်းကိုဂရုစိုက်ဖို့တဖွဖွမှာနေ တာ။ဒါနဲ့မင်းရောဂါကကော?"
Tao-"မသိသေးပါဘူး။ဆရာဝန်ကတော့၃လပဲ ခံမယ်ပြောတယ်။အဲလိုပြောလာတာငါ အထက်တန်းကတည်းက..ဟားဟား..အခုထိ မသေသေးဘူးလေ။"
Lay-"သွေးကင်ဆာကဆော့စရာမဟုတ်ဘူးကွ။ရယ်စရာလဲမဟုတ်ဘူး။သွေးတော့ပုံမှန်သွင်းပါ ကွာ။"
Tao-"အေးပါ။ငါသေရင်တော့အသုဘကို ခမ်းခမ်းနားနားလေးလုပ်ပေးစမ်းပါ။"
Lay-"ကြက်ကြော်နဲ့ဘီယာကျွေးရမယ်မလား။ အဲ့စကားတွေအလွတ်ရနေပြီ။"
Tao-"ငါပြန်ပြီ။"
Lay-"ဂရုစိုက်အုံးနော်။"
Tao-"အေးပါ။"
ထိုအခန်းရှေ့ကိုKrisရောက်တော့bellကိုနှိပ် လိုက်ပေမယ့်ဘယ်သူမှရှိပုံမပေါ်သောအခန်းကငြိမ်သက်လျက်ပင်။
Kris-"ဘယ်သူမှမရှိဘူးထင်တယ်။"
Krisနောက်ကိုလှည့်လိုက်ရာရုတ်တရက်တွေ့ လိုက်ရသောသူတစ်ယောက်ကြောင့်လန့်သွားမိလေသည်။
Kris-"O.o"
Tao-"ခင်ဗျားကဘယ်သူလဲဗျ။"
Kris-"ကျွန်..ကျွန်တော်ကWu Krisပါ။ခင်ဗျားကို ပိုက်ဆံအိတ်လာပေးတာပါ။"
Tao-"ဟင်...ကျွန်တော်ကျကျန်ခဲ့တာထင်တယ်"
ဟုပြော၍မျက်လုံးမှေးမှေးလေးများပျောက်သွား သည်အထိရယ်လိုက်ရာKrisတစ်ယောက်မတ်တတ်ကိုမေ့သွားတော့သည်။
Kris pov/ဘာလို့အဲလောက်ချောရတာလဲ ကွာ။အသံလေးကလည်းချစ်စရာကောင်းလွန်း နေတာ။ငါရင်တွေခုန်နေတာလား။Kris..မင်း ယောကျာ်းလေးတစ်ယောက်ကိုရင်ခုန်နေတာလား။/
Tao-"အထဲဝင်ပါအုံးလား။"
Kris-"ဟင်...အင်...ဟုတ်..ဟုတ်ကဲ့။"
Tao-"ကျွန်တော့်နာမည်က..."
Kris-"Zitaoမလား။"
Tao-"Hee...ဟုတ်တယ်။"
Kris pov/ဂလု..ရယ်ပြန်ပြီ။ငါနော်...တစ်ချိန်လုံး ကိုပြစ်မှားမိနေတာပဲ။/
Krisနဲ့Taoတို့အချိန်တော်တော်ကြာကြာစကား ပြောဖြစ်ကြသည်။
Tao-"ညနေတောင်စောင်းနေပြီ။"
Kris-"ဟုတ်သားပဲ။အဲလောက်ကြာသွားမှန်းကို မသိလိုက်ဘူး။အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ။"
Tao-"ရပါတယ်ဗျာ။ကျွန်တော်အခုအလုပ်သွား ရတော့မယ်။"
Kris-"ကျွန်တော်လိုက်ခဲ့မယ်လေ။"
Tao-"ဗျာ!"
Kris-"ဟို...အဲဒါ...Taoဘယ်နေရာမှအလုပ်လုပ်လဲသိချင်လို့ပါ။"
Tao-"Aww..ဟုတ်ကဲ့ပါ။ကျွန်တော်အဝတ်လဲ လိုက်အုံးမယ်။"
Kris-"ဟင်...အဝတ်လဲအုံးမှာလား..Aww..လဲရမှာပေါ့နော့။"
ဟုပြောနေစဉ်ပဲTaoကအင်္ကျီကိုချွတ်လိုက်လေသည်။Absတွေတော့မရှိပေမယ့်ကျစ်လျစ်တဲ့ ခန္ဓာကိုယ်အသွင်ပြင်ကြောင့်Krisတစ်ယောက် အသက်ရှူပင်မှားတော့မတတ်။တစ်ကိုယ်လုံးပူ ထူလာကာနေမရထိုင်မရဖြစ်လာတော့သည်။
Kris-"ဒီနေ့တော်တော်ပူတယ်နော်။"
Tao-"ဟုတ်လား။အခန်းထဲမှာမို့လို့ထင်တယ်။ အပြင်သွားကြမယ်။"
Kris-"Ok..."
ထိုနေ့Tao၏အလုပ်အထိလိုက်သွားပြီးမှKris အိမ်ပြန်ခဲ့လေသည်။
Kris pov/ငါတော့မင်းကိုချစ်မိသွားပြီထင်တယ်/
အမှန်တော့Taoလည်းKrisအပေါ်ခံစားချက်တွေ ရှိခဲ့ပါသည်။အိမ်ပြန်ရောက်တော့-
Tao-"အူကြောင်ကြားလေးပါကွာ...အရမ်းချစ်စရာကောင်းတယ်။"
အဲဒီနေ့ကစပြီး၂ယောက်သားနေ့တိုင်းနီးပါးကို တွေ့ဖြစ်ကြသည်။ဖုန်းတွေလဲအကြာကြီးပြော ဖြစ်ကြသည်။သို့သော်နှစ်ယောက်သားကြားက ခံစားချက်တွေကိုတော့မဖွင့်ပြောဖြစ်ကြ။ဒီလိုနဲ့ တစ်လကြာခဲ့လေသည်။တစ်ယောက်အကြောင်းတစ်ယောက်လဲတော်တော်သိနေလေပြီ။
Kris pov/ငါသူ့ကိုဖွင့်ပြောလိုက်သင့်လား။မဖြစ်သေးပါဘူး။ငါ့အတွက်အချိန်မှမကျန်တော့ တာ။သူ့ကိုစိတ်အနှောင့်အယှက်မဖြစ်စေချင် တော့ဘူး/
ထိုအချိန်တွင်ပဲKrisဖုန်းringtoneလေးမြည်လာ တော့သည်။နာမည်ကိုကြည့်လိုက်တော့Zitao...
Kris-"Hello..."
Tao-"Hyung..."
Hyung...တဲ့။သူအမျှော်လင့်ရဆုံးချစ်ရသူရဲ့ ရင်းရင်းနှီးနှီးခေါ်သံလေးရယ်ပါ...
Krisရင်တွေတလှပ်လှပ်ခုန်လာပြီးပျော်ရွှင်မှုတို့ ကဖုံးလွှမ်းလျက်..
Kris-"အင်း..."
Tao-"ကျွန်တော့အိမ်ကိုဒီနေ့ညနေလာခဲ့ပါလား။Hyungအားမှပါ။"
Kris-"အင်း။လာခဲ့မယ်လေ။"
ညနေရောက်သော်-
Ting-tone...
တံခါးbellသံလေးကြားသည်နှင့်Taoအပြေးလေး သွားဖွင့်မိသည်။
Tao-"အထဲလာလေHyung..."
Kris-"အင်း..."
Tao-"ဘာတွေဝယ်လာတာလဲ။"
Kris-"အမဲသားတွေ။မင်းရောဂါနဲ့တည့်တယ်မလား။"
Tao-"ဘာလို့ဝယ်လာတာလဲ။အားနာစရာကြီး။"
Kris-"မလိုပါဘူး။ဒါနဲ့..ဘာလို့ခေါ်လိုက်တာလဲ"
Tao-"ပြောစရာလေးနည်းနည်းရှိလို့။"
Kris-"အသုဘကြက်ကြော်အကြောင်းတော့ ထပ်မပြောနဲ့တော့နော်။"
Tao-"အာ...မပြောတော့ပါဘူး။တခြားဟာ ပြောမှာ။"
ဟုပြောရင်းKris၏လက်ကိုဆွဲခေါ်သွားကာ ဧည့်ခန်းထဲမှာဆိုဖာပေါ်ထိုင်စေသည်။
Kris-"ဘာပြောမလို့လဲ။"
Tao-"Hyung..."
Kris-"Omm"
Taoတစ်ယောက်မျက်လွှာလေးချ၍ရင်ဘတ်လေးကိုလက်လေးနဲ့အုပ်ထားပြီးပြုံးနေလေသည်။
Kris-"ဟင်!ဘာဖြစ်တာလဲ။နေမကောင်းဘူးလား။"
Tao-"မဟုတ်ပါဘူး...ပြောတော့မယ်နော်။"
Kris-"အင်း.."
Tao-"Hyungကိုကျွန်တော်ချစ်တယ်။"
Kris-"ဟမ်!!!"
မမျှော်လင့်ထားသောစကားကိုကြားလိုက်ရ သောကြောင့်Krisတစ်ယောက်လေပေါ်ပျံနေ သလိုလို၊ရင်တွေလဲဝုန်းဒိုင်းကြဲကာခြေဖျား လက်ဖျားတွေအေးတက်လာပြီးခေါင်းငုံ့ထားမိလေသည်။Taoကတော့ရှက်၍သွားလေးဖြဲပြီးခေါင်းကိုကုတ်နေလေသည်။
Kris-"အာ...Hyung....ရုတ်တရက်...သွားစရာ လေးပေါ်လာလို့...အဲဒါ.."
Tao-"မသွားပါနဲ့Hyung..."
Kris-"အမ်.."
Tao-"ကျွန်တော့်ကိုတိကျတဲ့အဖြေတစ်ခုတော့ ပေးခဲ့ပါ။"
Kris-"HyungကTaoကိုချစ်ပါတယ်။ဒါပေမယ့် Hyungမှာအချိန်မှမရှိတော့တာ။"
Tao-"Hyung...ချစ်ရဲလား။"
Tao၏ထူးဆန်းသောအမေးကြောင့်Krisခေါင်းမော့ကြည့်မိသည်။
Tao-"ကျွန်တော်ကောHyungကောရောဂါ ရှိတဲ့သူတွေလေ။တစ်ချိန်ရောက်ရင်တော့ခွဲရ မှာပဲ။ဒါပေမယ့်ကျွန်တော်တို့လက်ကျန်အချိန် လေးတွေကိုပျော်စရာတွေနဲ့ပဲဖြတ်သန်းချင်တယ်။"
Kris-"Hyungတို့ဝေးသွားရင်ကော?"
Tao-"စိတ်မပူပါနဲ့။"
Kris-"ဟင်!"
Tao-"ကျွန်တော်ပြောမယ်Hyung...ကျွန်တော်သေသွားခဲ့တယ်ဆိုရင်တောင်Hyung ဝမ်းမနည်းပါနဲ့။ကျွန်တော်တို့ဝေးသွားလည်း ခဏပါပဲ။"
Tao၏စကားကြောင့်Krisမျက်နှာလေးဝင်းသွား ပြီး-
Kris-"အင်း။ဒါဆိုHyungတို့Dateကြမယ်လေ။"
ထိုနေ့ကစပြီးTaoနဲ့Krisတို့ချစ်သူတွေဖြစ်သွား ကြလေသည်။Krisရဲ့မိဘတွေကလည်းသူတို့ သားစိတ်ချမ်းသာရေးဦးစားပေး၍သဘောတူ ပေးလိုက်ကြလေသည်။
ဒီလိုနဲ့အချိန်၃လကိုပျော်ပျော်ရွှင်ရွှင်ပဲကုန်ဆုံး ဖြစ်ခဲ့ကြလေသည်။
တစ်နေ့-
Tao-"ကျွန်တော့်ကိုခေါ်တယ်ဆိုOmonyi.."
Kris Omma-"ဟုတ်တယ်သား။သားကိုတောင်းဆိုစရာရှိလို့။"
Tao-"ဟုတ်ကဲ့။"
Kris Omma-"Krisကိုခွဲစိတ်မှုလုပ်ဖို့ပြောပေးပါ"
Tao-"ဟုတ်ကဲ့။ကျွန်တော်ပြောပေးပါ့မယ်။ဒါနဲ့ Omonyi..."
Kris Omma-"ပြောလေသား။"
Tao-"ကျွန်တော်မရှိတော့ရင်သူ့ကိုဂရုစိုက်ပေး ပါနော်။"
Kris Omma-"အင်းပါ။သားစိတ်ချပါနော်။"
Promise Caffeeတွင်-
Kris-"Tao..."
Tao-"omm.."
Kris-"Hyungတို့လက်ထပ်ရအောင်။"
Tao-"ဗျာ.."
Kris-"လက်ထပ်ကြမယ်။"
Tao pov/ကျွန်တော့်အတွက်အချိန်မကျန်တော့ ဘူးလေHyung...တောင်းပန်ပါတယ်။/
Tao-"ဒါဆိုHyungဘက်ကတစ်ခုကတိပေးပါ။"
Kris-"Omm.."
Tao-"ခွဲစိတ်မှုလုပ်ပေးပါ။"
Kris-"Hyungမလုပ်ချင်..."
Tao-"ကျွန်တော့ကိုလက်ထပ်ချင်ရင်အရင်ဆုံး ခွဲစိတ်လိုက်ပါHyung...တခြားအဖြေမရှိတော့ ဘူး။ကျွန်တော်သွားတော့မယ်။ကျွန်တော် Hyungဆီကကြားချင်တဲ့စကားကခွဲစိတ်မယ်ဆို တဲ့စကားပဲ။"
နောက်တစ်နေ့-
Kris-"Hello..Tao.."
Tao-"စဉ်းစားပြီးပြီလားHyung.."
Kris-"Hyungခွဲစိတ်မယ်။"
Tao-"တကယ်လား...ပျော်လိုက်တာ...။"
Kris-"ဒါပေမယ့်Hyungကိုကတိပေးပါ။"
Tao-"ဟုတ်။"
Kris-"Hyungကိုထားမသွားပါဘူးလို့။"
Tao-"အင်းပါ။ကတိပေးတယ်။"
Tao pov/တောင်းပန်ပါတယ်Hyung..အဲ့ ကတိကိုကျွန်တော်တည်နိုင်မှာမဟုတ်တော့ဘူး။/
Kris-"ပြီးတော့...Hyungခွဲစိတ်ခန်းဝင်ခါနီးလေး မှာမင်းမျက်နှာလေးမြင်ချင်တယ်။"
Tao-"ကျွန်တော်လာဖြစ်အောင်လာပါ့မယ်။"
့တဖြည်းဖြည်းနဲ့Krisခွဲစိတ်ရမယ့်ရက်လည်းနီး လာသလိုTao၏ရောဂါအခြေအနေလဲဆိုးရွား လာတော့သည်။
ခွဲစိတ်ရန်တစ်ရက်အလို-
Kris-"Hello.."
Tao-"Hyung...ကျွန်တော်ဒီရက်ပိုင်းမလာနိုင် ဘူးဆိုတာကအလုပ်တွေအရမ်းရှုပ်နေလို့နော်။ မနက်ဖြန်တော့အရောက်လာခဲ့မယ်။"
Kris-"အင်းပါ။နေတော့ကောင်းတယ်မလား။"
Tao-"ကောင်းပါတယ်။"
အမှန်တော့ရောဂါကြောင့်လုံးဝကိုမလာနိုင် တော့တာပါ။
Tao-"ဂရုစိုက်နော်Hyung..."
Kris-"အေးပါ။"
ထိုအချိန်တွင်သွေးစက်တို့ကTao၏နှာခေါင်းထဲ ကနေခေါင်းအုံးပေါ်သို့စီးကျလာလေသည်။
Tao-"ကျွန်တော်ဖုန်းချလိုက်တော့မယ်နော် Hyung..အလုပ်သွားရတော့မယ်။"
Kris-"အင်း...အရမ်းချစ်တယ်နော်။"
Tao-"ကျွန်တော်လည်းအရမ်းချစ်ပါတယ်။"
Tao pov/တောင်းပန်ပါတယ်Hyung... ကျွန်တော်မနက်ဖြန်မလာနိုင်တော့ဘူး။/
မျက်ရည်စတို့ကလည်းသွေးစက်တို့နှင့်ရောထွေးလျက်....
နောက်တစ်နေ့ခွဲစိတ်ခန်းထဲဝင်ခါနီးတွင်-
Kris Omma-"Taoကနောက်ကျနေလို့နေမှာပါ သားရယ်။သူရောက်လာမှာပေါ့။"
Kris-"သားစောင့်ချင်သေးတယ်။"
Kris Omma-"အချိန်တွေလွန်ကုန်မယ်သား။ ခွဲစိတ်ပြီးမှသူနဲ့သွားတွေ့ပေါ့။"
Kris-"ဟင်း...."
အခန်းတစ်ခုထဲတွင်ကောင်လေးတစ်ယောက် ခွဲစိတ်ခံနေသလိုအခြားတစ်ခန်းထဲတွင်လည်း ကောင်လေးတစ်ယောက်ပြင်းထန်သောဝေဒနာကိုခံစားရလျက်။
Tao-"Kris Hyung..."
နောက်ဆုံးအကြိမ်ချစ်သူ၏နာမည်ကိုရွတ်၍ လောကကြီးကိုကျောခိုင်းထွက်ခွာသွားလေပြီ။ လက်ထဲတွင်တော့ချစ်သူ၏ပုံလေးကိုတင်းကြပ် စွာဆုပ်ကိုင်ထားလျက်...
ခွဲစိတ်ခန်းထဲမှCPRစက်လေးတွင်လည်းရေပြင်ညီမျဉ်းလေးပြေးနေလေသည်။
Tao-"တောင်းပန်ပါတယ်Hyung...ကျွန်တော် သွားရတော့မယ်။"
Taoတစ်ယောက်အဝေးဆုံးတစ်နေရာသို့ထွက် သွားရန်လှည့်လိုက်စဉ်နောက်မှ-
Kris-"Tao..."
Taoလှည့်ကြည့်လိုက်ရာKrisကTaoနားသို့ ပြေးလာလေသည်။
Tao-"ခွဲစိတ်နေတာမဟုတ်ဘူးလား။"
Kris-"ဟုတ်တယ်။ဒါပေမယ့်...Taoနောက်ကို လိုက်လာတာ။"
Tao-"ဒါဆိုHyung..."
Kris-"Hyungကိုမထားခဲ့ဘူးမလား။အခုကစပြီး Hyungတို့အမြဲတမ်းအတူတူနေလို့ရပြီလေ။"
Tao-"အင်း....ဒါဆို..."
KrisကTaoရှေ့မှာဒူးထောက်လိုက်၍-
Kris-"Will you stay with me?"
Tao-"Yes, I do..."
ထို့နောက်လောကကြီးကိုလျစ်လျူ ရှူ၍ချစ်သူနှစ်ဦးတို့အနမ်းများကြဲချလျက်...
               
                     ပြီးပါပြီ

One Shot Collection (Zawgyi and Unicode)Where stories live. Discover now