OTP-Chanbaek
Type-Fantasy, NormalYeol-"Baek...မရောက်သေးဘူးလား။ငါနောက်ကျတော့မယ်။"
Baek-"ရောက်တော့မယ်။ငါလည်းအမြန်ဆုံး လာနေတာပဲ။"
Yeol-"၅မိနစ်အတွင်းရောက်အောင်လာခဲ့နော်။ ဒါပဲ။"
Baek-"ဒီလောက်အဝေးကြီးကို...Ya!!!...အာ..ဖုန်းချပစ်လိုက်ပြန်ပြီ။"
Yeolနှင့်Baekတို့သည်ပြောအနာဆိုမနာ ငယ်ပေါင်းသူငယ်ချင်းများဖြစ်ကြသည်။အခုလည်းYeolတစ်ယောက်ရည်းစားနှင့်သွား တွေ့ဖို့အရေးBaekကိုလာခေါ်ခိုင်းခြင်းဖြစ်သည်။Baekကားမောင်းနေရင်း-
Baek-"Yodaစုတ်...ငါ့ဘာသာအေးဆေးမနေရ ဘူး။အမြဲတမ်းငါ့ကိုပဲဒုက္ခပေးဖို့ကြံစည်နေတာ။ အေးလေ...သူ့ကိုချစ်မိတဲ့ငါပဲမှားတာပါ။"
Baekကတော့Yeolကိုငယ်ကတည်းကကြိတ်ချစ်နေတာပါ။ဒါပေမယ့်Yeolကအရမ်းရှုပ်တော့ သူဖွင့်မပြောရဲဘူးလေ။Yeolရဲ့အပျော်တွဲတွေ ထဲကတစ်ယောက်အဖြစ်နဲ့တော့သူမနှလုံးသား ကိုဘယ်ပေးဆပ်ရဲပါ့မလဲ။Yeolရဲ့အခင်ဆုံး သူငယ်ချင်းဖြစ်နေရတာကိုပဲကံကောင်းလှပြီလို့သူယူဆထားတာပါ။
Baekရောက်လာတော့မင်းသားရှုံးအောင် ပြင်ဆင်ထားသောYeolကိုတွေ့လေသည်။
Yeol-"ငဘတ်မ..နင်တော်တော်နှေးတာပဲ။ ငါစောင့်တာ၁၅မိနစ်တောင်ရှိသွားပြီ။နင်မောင်း လာတာကားလား၊လိပ်လား..မြန်မြန်မောင်း တော့။ငါနောက်ကျနေပြီ။"
Baek-"ပွစိပွစိနဲ့...ငါကသူ့အစေခံကျနေတာပဲ။"
စားသောက်ဆိုင်ရောက်သော်-
Hana-"Yeol...ဒို့ဒီမှာ။"
YeolကHanaဘေးမှာဝင်ထိုင်လိုက်ပြီးBaekက မျက်နှာချင်းဆိုင်မှာထိုင်လိုက်လေသည်။
စားပွဲထိုး-"မှာထားတာတွေရပါပြီဗျ။"
Hana-"Oppa..အာ..."
HanaကYeolကိုအစားအသောက်တွေခွံ့လိုက်၊ Yeolကလည်းပြန်ခွံ့လိုက်နှင့်ကြည်နူးနေကြ လေသည်။ဘေးနားထိုင်၍Jellyနင်နေသူမှာ Baek။
Baek pov*Yeolရယ်...နင်ငါ့ရှေ့မှာဒီလိုတွေ လုပ်နေကြဆိုပေမယ့်ငါဘာလို့ခံစားနေရတာလဲ။ငါအခုထိကျင့်သားမရသေးပါဘူးဟာ။ ငါ့နှလုံးသားလေးအခုငိုနေတယ်။ နင်မသိဘူးမလား။နင်ဘယ်လိုပဲဖြစ်နေဖြစ်နေ ငါကတော့နင့်ကိုအမြဲတမ်းချစ်နေမှာပါ။ဘယ်လောက်ပဲနာကျင်ရနာကျင်ရပေါ့။*
Yeol-"Baek..မစားဘူးလား။"
Baek-"ဗိုက်မဆာလို့။"
Yeol-"နင်ဘာမှလဲမစားဘူးနော်။ဘာလို့ ဝက်ဖြစ်နေလဲဆိုတာစဉ်းစားလို့မရဘူး။"
Baek-"Ya...Park Chanyeol.."
Yeol-"Hahahaha..."
Hana-"Oppa..Hanaပြန်ချင်ပြီ။"
Yeol-"Ok..သွားမယ်။"
Hanaအိမ်ရောက်သော်-
Hana-"Oppa..good bye kiss.."
Yeol-"မွခ်ျ "
Baekကတော့မမြင်ချင်ယောင်ဆောင်ပြီးဖုန်းကို သာကြည့်လျက်။Hanaလည်းအိမ်ထဲ ဝင်သွားရော-
Yeol-"Baek..ငါ့ကိုကျောပိုး။"
ဟုဆိုကာBaekနောက်ကနေအတင်းဖက်၍ Baekကိုခိုစီးလေတော့သည်။
Baek-"Yeol..မလုပ်နဲ့။ငါအရပ်ပုသွားလိမ့်မယ်။"
Yeol-"ခုလည်းရှည်တာကျနေတာပဲ။"
Baek-"Yodaနော်။"
Yeol-"Puppyမ"
Baek-"နားကား။"
Yeol-"ဝက်မ။"
Baek-"YA!!!!"
နှုတ်ခမ်းကိုတစ်တောင်လောက်စူထားကာ ရှေ့မှဆောင့်ဆောင့်အောင့်အောင့်နှင့်ထွက်သွားသောBaekအားYeolလိုက်ချော့ရတော့ သည်။
Yeol-"Baek...Baekhyun....Puppy...Ya..ငါ့ကို စောင့်အုံး...ကောက်စိန်လေး။"
Baekအိမ်ပြန်ရောက်၍အခန်းထဲတွင်ကိုယ့်ရုပ်ကိုမှန်ထဲကြည့်ရင်းတွေးနေမိသည်။
Baek pov*ဟင်း...Yeolပြောတာလဲဟုတ်တာ ပဲ။ငါကရုပ်ကလည်းဆိုးသေး။မျက်မှန်ကလည်း တပ်ရသေးတယ်။ဝလည်းဝသေးတယ်။သူနဲ့ တွဲတဲ့ကောင်မလေးတွေနဲ့ယှဉ်ရင်ကောင်းကင်နဲ့ မြေကြီးပါဟာ။*
Baek ဝတယ်ဆိုတာကဗိုက်နည်းနည်းပူရုံ လောက်လေးပါ။ပြည့်တယ်ဆိုရုံလေးပေါ့နော်။
နောက်တစ်နေ့-
Baek အိပ်နေတုန်း-
Lotto Lotto Just Hit The Lotto
(Baek's phone ringtone)
Baekလည်းအိပ်ချင်မူးတူးနှင့်-
Baek-"Hello.."
Yeol-"Baekhyun.."
Baek-"ပြောလေYeol.."
Yeol-"ငါလေ...သရဲအိပ်မက်မက်လို့။အဲဒါလေ.."
Baek-"ငါလာခဲ့မယ်။"
Yeol-"လာခဲ့နော်။"
Yeol၏အိမ်ရှေ့သို့ဆိုင်ကယ်တစ်စီးနှင့်Baek ရောက်လာတော့သည်။
Baek-"လန့်နေတုန်းလား။"
Yeol-"အင်း။"
Baek-"တက်လေ။"
Yeolအိပ်မက်ဆိုးတွေမက်တိုင်းBaekကဆိုင်ကယ်နှင့်လာခေါ်ပြီးဆိုင်ကယ်လျှောက်စီးလေ့ ရှိကြသည်။ဆိုင်ကယ်စီးရင်းYeolကသူ့အိပ်မက် အကြောင်းကိုပြောပြလေ့ရှိသည်။
Baek-"ကဲ..ဆိုစမ်းပါအုံး။"
Yeol-"အိပ်မက်ထဲမှာလေ။Hanaကသရဲမဖြစ်ပြီးငါ့ကိုလာကိုက်တယ်လို့ အိပ်မက်မက်တယ်။"
Baek-"hahaha.."😂😂
Yeol-"မရယ်နဲ့ဟ။ငါတကယ်လန့်သွားတာ။"
Baek-"အေးပါဟာ။"
Yeol-"ငါ..သူနဲ့မတွဲချင်တော့ဘူး။"
Baek-"Ya!အိပ်မက်လေးမက်တာနဲ့ပဲဆက်မတွဲ စရာလား။"
Yeol-"ငါစိတ်မပါတော့လို့။ပြောရမယ်ဆိုရင်..."
Baek-"ရိုးသွားပြန်ပြီလား။"
Yeol-"အင်း..."
Baek-"ပြီးတာပဲ။ငါနောက်တစ်ယောက်ရှာပေး မယ်။"
Yeol-"အဲဒါကြောင့်နင့်ကိုချစ်တာ။"
ဟုပြောပြီးBaekခါးကိုအားရပါးရဖက်လိုက်လေ သည်။
Baek-"အ..Chanyeol..အသက်ရှူလို့မရတော့ဘူး။"
Yeol-"Sorry.."
Yeolကိုပြန်ပို့ပြီးBaekစဉ်းစားနေမိသည်။
Baek pov*သေချာတယ်။Yeolတစ်ယောက် နေဖင်ထိုးတဲ့အထိအိပ်တော့မှာ။*
မနက်ရောက်သော်Yeolတစ်ယောက်အိပ်လို့ကောင်းနေတုန်း-
Call Me Baby...(Yeol phone ringtone)
Yeol-"Hello.."
Baek-"Yeol..ထပြီလား။"
Yeol-"အင်း..ထပြီ။"
Baek-"အေးအေး..ခဏနေငါလာခေါ်မယ်။ဒါပဲ။"
Yeol-"အင်း.."
ဖုန်းချ ပြီးဆက်အိပ်နေလိုက်သည်။ခဏကြာသော်Yeolအခန်းထဲသို့Baekဝင်လာပြီး-
Baek-"Ya! Park Chan..မထသေးဘူးလား။"
ဟုပြောရင်းYeolကုတင်ပေါ်တက်၍စောင်ကိုဆွဲဖယ်လိုက်လေသည်။Yeolတစ်ယောက် ကတော့အပေါ်ပိုင်းကဘာမှမဝတ်ထား၊အောက်ကဘောင်းဘီကဒူးလောက်နှင့်။Baek တို့အတွက်ကတော့ရိုးနေပါပြီလေ။
Yeol-"Baekhyun..ငါအေးတယ်လို့။ပြန်ခြုံပေး။"
Baek-"ဘာလို့ခြုံပေးရမှာလဲ။ထပါဆို။"
ရုတ်တရက်Baekကိုဖက်၍ဆွဲလှဲပြီးဖက်အိပ်လိုက်လေသည်။
Baek-"Omma!"
Baekကတော့အရမ်းလန့်ပြီးရင်တွေခုန်နေတာ လဲဝုန်းဒိုင်းကျဲလို့...
Baek-"Yeol...ဖယ်ဆိုကွာ။"
Yeol-"ဖယ်ပါဘူး။ငါ့သူငယ်ချင်းလေးကဖက်လို့ ကောင်းတယ်။"
ဟုပြောရင်းအတင်းဖက်၍ဆက်အိပ်နေလေရာ Baekတစ်ယောက်Yeolကိုအတင်းရိုက်တော့မှ-
Yeol-"အ..အ..နာတယ်ဟ။မရိုက်နဲ့လေ။"
Baek-"ထတော့။မျက်နှာသစ်..ငါအဝတ်အစား ထုတ်ထားပေးမယ်။"
အထက်တန်းကျောင်းသားဘဝကတည်းက ကျောင်းဖွင့်သောနေတိုင်းလိုလိုပင်..YeolကိုBaekလာနှိုးရသည်။အဝတ်အစားကအစထုတ် ပေး၊Yeolရဲ့Omma Luhan ပြင်ပေးသည့် မနက်စာကိုအတူတူစားပြီးမှကျောင်းသွားလေ့ရှိကြသည်။
Baek-"အဝတ်မြန်မြန်လဲနော်။ငါဧည့်ခန်းမှာ စောင့်နေမယ်။"
သို့သော်..တော်တော်ကြာသည်အထိထွက်မလာသောအခါ-
Lu-"သမီးရေ..Yeolကိုသွားကြည့်လိုက်ပါအုံး။"
Baekဝင်သွားသော်မှန်ရှေ့တွင်ဆံပင်ကိုအမျိုးမျိုး ဖီးလိမ်းပြင်ဆင်နေသောYeol...
Baek-"Ya!မပြီးသေးဘူးလား။"
Yeol-"ပြီးပြီ။လာပြီ။"
မနက်စာစားနေစဉ်-
Baekပန်းကန်ထဲမှကြက်အူချောင်းတစ်ခုကိုYeol ယူစားလိုက်ရာ-
Lu-"သားလေး...ကိုယ့်ဝေစုကိုယ်စားလေ။"
Baek-"ရပါတယ်။"
Yeol-"တွေ့လား။Baekတောင်ဘာမှမပြော တာကိုOmmaကလည်း။"
Lu-"တိတ်စမ်း။"
Yeol-"😷 Appaကော?"
Lu-"ခုမှတစ်ရေးနိုးမနေနဲ့။နင့်Appaကဖြင့် နင်မထခင်ကတည်းကရုံးသွားပြီ။"
Yeol-"Ommaကလည်း.."
ကျောင်းရောက်လာသော်ကားပေါ်မှစတိုင် အပြည့်နဲ့ဆင်းလာသောPark Chanyeol..
Gils-"Oppa!!!!!...အရမ်းချောတာပဲ...။"
Yeol-"Baek..လွယ်အိတ်သယ်ခဲ့။"
Baek-"မသာကောင်.."
ပါးစပ်ကပွစိပွစိပြောသော်လည်းလက်က Auto လွယ်အိတ်ကိုသယ်ပေးပြီးသား။
အခန်းထဲရောက်သော်-
Yeol၏ရှေ့ကBaekခုံဖြစ်သည်။ Yeolက သူ့နေရာသူထိုင်နေပေမယ့်လက်က တော့မငြိမ်။Baekနောက်ကျောကိုလက်နှင့်တို့ လိုက်၊စာကပ်လိုက်၊ပြန်ခွာလိုက်၊စာအုပ်နှင့်မှီ လိုက်၊ပေတံနှင့်ရိုက်လိုက်၊ ဆံပင်ကိုဆော့လိုက် နှင့်Baekလည်းရှေ့မှကောင်းကောင်းမနေရပေ။ သို့သော်လည်းBaekဘာမှမပြောရက်ပါ။
ကျောင်းကအပြန်ကားပေါ်တွင်-
Yeol-"Clubသွားရအောင်။"
Baek-"မသွားဘူး။"
Yeol-"မသွားရတာကြာပြီလေဟာ။သွားမယ်နော်...နော်..Baek.."
Baek-"ပြီးတာပဲ။သွားမယ်။"
Yeol-"အဲဒါကြောင့်Baekကိုချစ်ရတာ။"
Baek-"တော်စမ်းပါ။"
Clubရောက်သော်Yeolကောင်မလေးများနှင့် သွားကနေလေသည်။Baekကတော့ Yeolကိုကြည့်၍-
Baek pov*ကောင်မတွေရွနေကြတာ။ ငါ့Yeolနဲ့ကင်းကင်းနေကြစမ်း။စိတ်ပျက်လိုက်တာ။Yeolရယ်..နင်အဲ့လို နေနေတာတွေကိုငါမြင်နေကြပေမယ့်နာကျင် နေတုန်းပါဟာ။*
Clubမှပြန်၍Yeolအိမ်ရောက်သော်-
Lu-"Park Chanyeol..ဘယ်တွေသွားနေတာ လဲ။"
Yeol-"ဝါး..ကျွန်တော်အိပ်ချင်ပြီ။အိပ်တော့မယ်နော်။"
Lu-"မိုးချုပ်နေပြီသမီး။အိမ်ကစိတ်ပူနေတော့မယ်။"
Baek-"ဟုတ်ကဲ့။ပြန်တော့မယ်နော်အန်တီ။"
နောက်တစ်နေ့-
Baek-"Yeol...ဘာလိုလိုနဲ့ငါတို့တောင်ဘွဲ့ရ တော့မယ်။နင်အခုလိုဝေလေလေပဲနေမနေနဲ့။ အလုပ်စကြိုးစားရတော့မယ်။"
Yeol-"သိပါတယ်ဟာ။ငါice-creamသွားဝယ် လိုက်အုံးမယ်။"
Baek-"ကြွကြွ။"
Yeol ice-creamဝယ်ပြီးပြန်လာသော်မြင်လိုက် ရသောမြင်ကွင်းကြောင့်အသက်ရှူမှားသွား တော့သည်။လေညှင်းလေးများကြောင့်ဆံပင် လေးများကနောက်ကိုတလွင့်လွင့်ဖြစ်နေပြီး သဘာဝလှပသောမျက်နှာလေးကပေါ်လွင်နေ ပေးသည်။Yeolခေါင်းကိုခါလိုက်ပြီး-
Yeol-"မင်းတော့မသောက်ပဲမူးနေပြီChanyeol..သူ့ကိုရင်ခုန်လို့မဖြစ်ဘူးလေ။သူကမင်းတွဲရ မယ့်လူမဟုတ်ဘူး။"
Chanyeolကိုယ့်ကိုကိုယ်ဆုံးမပြီးBaekဆီသို့ သွားလိုက်လေသည်။
Yeol-"ဟိတ်!ဘာတွေစဉ်းစားနေတာလဲ။"
Baek-"ဘာမှမဟုတ်ပါဘူး။"
Yeol-"နင်ကလေ..ငါ့မျက်စိထဲတစ်နေ့တခြား ဝက်နဲ့တူတူလာတယ်။"
Baek-"Ya!Park Chanyeol..နင်ပြောစရာအဲ့ စကားတစ်ခွန်းပဲရှိလား။"
Yeol-"နင့်ကိုတွေ့တိုင်းအဲ့စကားပဲသတိရနေ လို့ဟ။"
Baek-"တော်ပြီ။ငါ့ကိုလာမခေါ်နဲ့တော့။"
Yeol-"ငါကစတာကို..ရေခဲမုန့်စားအုံးမလား။"
Baek-"စားဘူး။"
Yeol-"စိတ်မဆိုးပါနဲ့ဆိုနော်။"
Baek-"ငါကတကယ်ဝက်နဲ့တူနေတာလား။"
Yeol-"မတူပါဘူး။နင်ကလှပါတယ်။"
Baek-"တကယ်လား။လျှောက်ပြောနေတာ မလား။"
Yeol-"လျှောက်ပြောစရာလား။တကယ်ပြောတာ။"
Baek-"နင်အကောင်းမြင်တတ်လာပြီပဲ။ဒါပေမယ့်နင်တွဲနေတဲ့ကောင်မလေးတွေလောက်လှချင်တာ။"
Yeol-"Ya!နင့်ကိုယ့်ကိုကိုယ်အဲ့ကောင်မတွေနဲ့ မနှိုင်းစမ်းပါနဲ့။နင်ကသူတို့ထက်အများကြီးလှ တယ်။ပြီးတော့သူတို့လို့အပျော်တွဲမခံရပဲနင့်ကို တကယ်ချစ်ပြီးလက်ထပ်မယ့်သူနဲ့တွေ့ရမှာ။"
Baek-"နင်နေကောကောင်းရဲ့လားဟင်?"
Yeol-"ဘာဖြစ်လို့လဲ။"
Baek-"ဒီနေ့ငါ့ကိုအရမ်းချီးကျူးနေတာစိတ်ကောမှန်သေးရဲ့လားလို့။"
Yeol-"နင့်သူငယ်ချင်းအကောင်းကြီးရှိသေးတယ်။စိတ်ကောင်းဝင်နေတုန်းအာရုံလာမနောက် နဲ့။"
Baek-"အေးပါကွာ။"
အိမ်ပြန်ရောက်သော်-
Yeol-"Appa..အဲလိုလုပ်လို့မဖြစ်ဘူး။ကျွန်တော် သူနဲ့လက်ထပ်မှာမဟုတ်ဘူး။"
Hun-"သူကအားလုံးပြည့်စုံပြီးသားလေကွာ။ မင်းကိုလည်းအရမ်းချစ်တာကို။"
Yeol-"သူတခြားတစ်ယောက်ကိုစိတ်ကြိုက်ရွေးပါစေ။"
အခန်းထဲရောက်သော်-
Yeol pov*ငါ့လိုကောင်ကမင်းနဲ့မတန်ပါဘူး ကွာ။မင်းကိုမြတ်နိုးပြီးချစ်နိုင်တဲ့သူကိုရှာတွေ့ ပါစေBaek...*
Baek-"Appaတို့စီစဉ်တာကိုBaekမငြင်းပါဘူး။"
ထိုအချိန်-
SMS-ဟိုကိစ္စသိပြီးပြီလားBaek(Yeol)
SMS-သိပြီးပြီYeol(Baek)
SMS-ငြင်းလိုက်ပါBaek..ငါ့Appaကိုပြောလို့မရ ဘူး(Yeol)
SMS-ငါလည်းငြင်းလို့မရဘူး(Baek)
SMS-ဘာပဲဖြစ်ဖြစ်လက်ထပ်ပွဲကိုငါမလာဘူး Baek...နင်လက်ထပ်ရမယ့်သူကတခြားတစ်ယောက်ဖြစ်သင့်တယ်ထင်တယ်(Yeol)
SMS-နင်ဘာလုပ်မလို့လဲ(Baek)
Replyတော့ပြန်မလာတော့ပါ။နောက်ပိုင်းတွင် တော့Yeolနဲ့Baekထိုကိစ္စကိုမေ့ထားလိုက်ကြရင်းအရင်လိုပဲပြန်နေဖြစ်ကြသည်။လက်ထပ်ပွဲ စီစဉ်တဲ့အထိလည်းပုံမှန်လိုပင်။Yeolကငြင်းတာ တွေဆန့်ကျင်တာတွေလည်းမလုပ်တော့။
သို့သော်လက်ထပ်ပွဲနေ့မှာYeolမရောက်လာခဲ့ပါ။
Baek pov*ရက်စက်လိုက်တာYeolရယ်..*
Yeol pov*နင်တကယ်ချစ်တဲ့သူနဲ့နောက်ကျရင် ဆုံဆည်းနိုင်မှာပါ။*
ထိုနေ့မှစ၍၃ရက်လောက်Yeolအိမ်လည်းပြန် မလာ။နောက်မှသိလိုက်ရတာကYeol ကနိုင်ငံခြားကိုထွက်ခွာသွားပြီဆိုတာ။
3နှစ်ကြာသော်-
အရင်ကလိုပေါ့ပျက်ပျက်နေသောကောင်လေး မဟုတ်တော့ပဲတည်ငြိမ်သောရင့်ကျက်သွား သောကုမ္ပဏီပိုင်ရှင်တစ်ဦးအဖြစ်Yeolပြန် ရောက်လာခဲ့ပါသည်။
Yeol pov*Baek..မင်းလက်ထပ်ပြီးလောက်ပြီ ပေါ့။ပျော်ရွှင်နေပါစေ။*
Yeolအတွေးများနေတုန်း-
Baek-"Ya!!!Park Chanyeol.. ဘာတွေတွေးနေတာလဲ။"
အသံလာရာသို့Yeolလှည့်ကြည့်မိလိုက်သည်။
Yeol pov*မင်းအရင်လိုပဲလှနေတုန်းနော် Baek*
Baek-"ဘာလို့မပြောမဆိုထွက်သွားတာလဲ။"
Yeol-"ဘာလို့လာခဲ့တာလဲ။"
Baek-"နင်လာမယ့်ရက်ကိုအန်တီLuကိုမနည်း မေးထားရတာကို။ငါလာတာကိုအပြစ်ပြောချင် သေးတာလား။"
Yeol-"နင်ငါ့ကိုစိတ်မကုန်သေးတာလား။ဘာ ဖြစ်နေတာလဲBaek..နင့်မင်္ဂလာပွဲကိုငါဖျက်ဆီး ခဲ့တာလေ။"
Baek-"တိတ်စမ်း..ပေါက်ကရတွေလျှောက်ပြောမနေနဲ့။"
Baekငေါက်လိုက်၍Yeolပါးစပ်ကိုအသာလေးစိ ပြီးမျက်နှာငယ်လေးနှင့်ကြည့်လိုက်သည်။
Baek-"နင်အရမ်းပြောင်းလဲသွားတာပဲ။လက်ထပ်ပွဲကိုနင်လာမှာမဟုတ်ဘူးဆိုတာငါ သိပြီးသား။ဒါပေမယ့်..ငါမသိတာကနင်ဘာ တွေးနေလဲဆိုတာပဲ။"
Yeol-"အင်း..ငါကနင်နဲ့မထိုက်တန်ဘူးလို့ထင်ခဲ့ တယ်။နင်နဲ့တွေ့လိုက်တိုင်းအသုံးမကျဖြစ်နေတဲ့ ငါ့ကိုယ်ငါလည်းရှက်တတ်ခဲ့တယ်။နင်ငါ့အပေါ် အရမ်းအနစ်နာခံတဲ့အချိန်တိုင်းငါ့ကိုယ်ငါအရမ်း စိတ်ပျက်ခဲ့တယ်။ဒါတွေနင်မသိပါဘူး။တခြားသူတွေအားကျရလောက်အောင်ခေါင်းမော့ထားနိုင်ခဲ့တဲ့ငါကနင့်ရှေ့ရောက်ရင်ဘယ် လောက်အားငယ်နေခဲ့လဲဆိုတာနင်မသိဘူး။ ဒါကြောင့်နင့်ကိုတကယ်ချစ်မယ့်၊နင်ကတကယ် ချစ်မယ့်၊နင့်ကိုတကယ်အနစ်နာခံကာကွယ်ပေး နိုင်မယ့်သူနဲ့တွေ့စေချင်တယ်။အဲဒါကြောင့် ငါထွက်သွားပစ်ခဲ့တာ။"
Baek-"နင်ဘာတွေလျှောက်တွေးနေတာလဲ။ နင်ကငါ့အမြင်မှာတော့သူများတကာကအားကျ ရတဲ့သူပဲလေ။ငါကိုယ်တိုင်ကလည်းနင့်ကို အထင်ကြီးခဲ့တာပဲ။နင်ငါ့ကိုမချစ်လို့လား။"
Yeol-"ငါနင့်ကိုမချစ်ခဲ့ဘူးထင်လား။နင်မရှိပဲနဲ့မနေနိုင်ခဲ့တာ။နင်မရှိရင်ငါတစ်ယောက်ထဲသေမလိုခံစားရတာ။ဟိုရောက်ရောက်ချင်းကဆိုငါ တစ်ယောက်တည်းအရမ်းဒုက္ခရောက်ခဲ့တာ။ အချိန်တိုင်းဘေးမှာရှိနေတဲ့နင်ကပျောက်သွား တော့ငါ့မှာအရူးတစ်ယောက်လိုခံစားခဲ့ရတာ။ နင့်ကိုငါအရမ်းတွေ့ချင်ခဲ့တာ။နင်ကငါ့အတွက် တော့ချစ်ရသူထက်ကိုပိုတဲ့ဖြစ်တည်မှုပဲ။နင်က ငါ့ရဲဖြစ်တည်မှုပါBaek.."
Baek-"ဒါဆိုရင်နောက်တစ်ခါငါ့နားကထွက် မသွားပါနဲ့။ငါ့ခွင့်ပြု ချက်မရပဲဘယ်ကိုမှထွက် မသွားရဘူး။"
Yeol-"ငါမသွားတော့ပါဘူး။အရမ်းချစ်တယ် Baek.."
Baek-"Baekလည်းအရမ်းချစ်ပါတယ်။"
ချစ်သူနှစ်ဦးတို့ပွေ့ဖက်ထားလျက်...အရာအားလုံးတော့အဆင်ပြေလာပါ့မလား။ဘာပဲဖြစ်ဖြစ်ပါလေ။သူတို့နှစ်ဦးကအချစ်ထက်ပိုတဲ့ဖြစ်တည်မှုတွေနဲ့ တစ်ဦးကိုတစ်ဦးချည်နှောင်ပေးခဲ့ကြပြီမဟုတ်လား။ဘယ်သူကတားဆီးဖို့ဖြစ်နိုင်မှာလဲ....
❄❄❄❄⛄ The End ⛄❄❄❄❄❄