|| CHAN -13 ||

9.2K 986 32
                                    

-CHAN-
___________

[

Unicode ]

ကြယ်ပွင့် ဆန္ဒ ရှိပါ့မလား ။
အကယ်၍ သူကျနော့်နဲ့
တူတူ ထွက်ခွာဖို့ အဆင်သင့် မဖြစ်သေးရင်
ကျနော် မခေါ်ရက်ပါဘူး ။

ဒါပေမယ့် ကျနော် စဉ်းစားမိတယ် ...၊
တခြား ကမ္ဘာမှာ လင်းလက်စွာ
တောက်ပ ကြရအောင်လို့ ၊
မင်းနဲ့ ဒီနေရာက ပနံမသင့်ဘူး ။

သို့ပေမယ့်လည်း .....၊

Yong Min အဆုံးသတ်စေချင်သူမှာ
Chanyeol မဟုတ် ၊ သူမြတ်နိုးတဲ့
Chanyeol တစ်ခုခုဖြစ်မှာကို လုံးဝ မလိုလားပါ။

မောင်းမတင်ရသေးသော
Baekhyun လက်ထဲက သေနတ်အား
ကြည့်မိ၍ ပြုံးလိုက်ပြီး ရုန်းရင်း ဆန်ခတ်
ုဖြစ်ပြီး Baekhyun မြေပေါ်လဲကျသည် ။
ွလွတ်ကျသွားသော သေနတ်အား Yong min
ကောက်ယူကာ Sehun ကို ပြန်လှည့်ဖို့ပြောသည်။

Oh sehun ဆိုသူသည်
Chanyeol အား ပုခုံးထက် ထမ်း၍
အမှောင် တရွေ့ရွေ့ထဲ ပျောက်ရှခဲ့ပါ၏။
နာကျင်သော နှလုံးသား နေရာအား
ဖိကိုင်ရင်းသာ မှောင်ပျပျ ထိုလမ်းကြားရှိ
Sehun ကျောပေါ် မှေးစက်နေရှာသော
ချစ်ရသူထံ အကြည့်မလွှဲ ၊ မျက်ရည်စက်တို့သည်
သွေးနှင့်ရော၍ အနီရောင် ဝိုင်အလား
ကြမ်းတမ်းသည့် လမ်းမထက် ဆေးခြယ်၏။

' ဘယ်ကို ခေါ်သွားကြဦးမှာလဲ '

' ဒီအတိုင်းလေး  နှလုံးသား ရှိတဲ့ လူတိုင်းလို...
ငါတို့ရော... ချစ်လို့ မရဘူးတဲ့လား '

'မတရားလိုက်တဲ့ လောကကြီးရယ် '

မတရားခဲ့ပါဘူး ၊ ဒီလောကကြီးဟာ
ကျနော့်အတွက်ဆို တစ်ကိုယ်ကောင်း
သိပ်ဆန်လွန်းတယ် ။
ငဲ့ညှာ ခြင်းအလျင်း မရှိခဲ့ဘူး ၊
အခု ကျနော့်မျက်ဝန်းတွေ မှိတ်သွားတဲ့အခါ...
မြူမှုန်လေးအဖြစ် ကောင်းကင်ထက်
ပျံဝဲ သွားတဲ့အခါ ...၊

ကမ္ဘာမြေမှာ မရှိတော့တဲ့ Byun Baekhyun အတွက် ခင်များ ကျေနပ်ပြီလား လောကကြီး ။

ကျေနပ်မှာပါ လောကကြီး ။
သင်မုန်းတဲ့ Byun Baekhyun ဟာ
ယခု မျက်ဝန်းတွေ မှိတ်ကျသွားရှာပြီလေ။
သူချစ်ရတဲ့ ယောက်ျားလေး တစ်ယောက်ကို
စွန့်ခွာပြီး တစ်ယောက်တည်း ကျန်ခဲ့ရှာပြီ ။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now