Myanmar Architecture !

207 1 0
                                    

ယုတ္တိရှာခြင်းနှင့် ဧည့်လမ်းညွှန်စကား(၅)

(မြန်မာမှု)

ကျနော်တို့ မြန်မာမှုမှာ ဘုရားပုထိုးစေတီကျောင်းနန်းတွေရဲ့ တည်ဆောက်မှုအခြေခံဟာ လေးကျွန်းတမြင့်မိုရ် စကြာဝဠာပုံဟန်ကို အခြေပြုပါတယ်။ နန်းမှာဆို မြေနန်းပြာသာဒ် ကျောင်းမှာဆို ပြာသာဒ်ဦးနဲ့ ဆောင်မကြီး စေတီနဲ့ဘုရားကျောင်းမှာဆို ထီးနဲ့သီခရတို့ဟာ မြင့်မိုရ်ကို ရည်ရွယ်တယ်ဆို ကျန်းလေးဘက်လေးတန်ဟာ အလိုအလျောက်အားဖြင့် ကျွန်းကြီးလေးကျွန်းအဆင်တန်ဆာ အဝင်အပါဖြစ်ရပါတော့တယ်။ အိမ်မှာကျတော့ ဒီလိုမဟုတ်တော့ဘူး။

အိမ်တွေမှာ ခေါင်ဟာ အတိုင်းအတာတခုအထိ မြင့်မိုရ်ကို ညွှန်းဆိုနေသေးတာတော့ ဟုတ်တယ်။ ''လူမရောက် မြင့်မိုရ်တောင် ခွေးမရောက် အိမ်ခေါင်''ဆိုတဲ့ စကားပုံကို ကြည့်ရင်ဖြစ်ဖြစ် မြင့်မိုရ်ပိတ် (gable) ဆိုတဲ့ အိမ်ရဲ့ အထက်ဝါအစိတ်အပိုင်းမှာ အိမ်ခေါင်ကို ဒိုင်းခွေပြီး နံရံမှာ ထောက်မတင်ခံ ချိတ်တွဲတဲ့ တြိဂံပုံနေရာကို ကြည့်ရင်ဖြစ်ဖြစ် သိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီသဘောထက် လွှမ်းသွားတဲ့သဘောက စကြာဝဠာကြီးနဲ့ အလိုက်အထိုက်ဖွဲ့စည်းမှု ဝတ္ထုသျှတ္တရ သဘာဝဖြစ်ပါတယ်။ ခု အဲဒီ့သဘာဝထဲက မြန်မာအိမ်တွေရဲ့ လူကြိုက်များမှုမများမှုကို သက်ရောက်တဲ့ 'လမ်းဦးတိုက် လှည်းဦးတိုက် လှေဦးတိုက် စေတီဦးတိုက် ကြမ်းဦးတိုက်' သဘာဝတွေရဲ့ ယုတ္တိကို စဉ်းစားကြည့်သင့်ပါတယ်။

အိမ်တအိမ်ဟာ ယာဉ်သွားလမ်းကြောင်းပိတ် ထိပ်တည့်ရပ်မှာ စေတီရဲ့တည့်တည့်တူရူမှာ မျက်နှာချင်းဆိုင် ကန့်လန့်ဖြတ် ရပ်တည်ဆောက်လုပ်ရတဲ့အခါ ဒီအခေါ်အဝေါ်တွေနဲ့ သမုတ်ခံရပါတယ်။ ပုံမှန်ယုတ္တိအရတော့ သဲဖုန်လှိုင်းလေဒဏ်အလွယ်သင့်ရာ ဖြစ်တော့ မကောင်းဘူးလို့ သိသာပါတယ်။ ဒီထက်ပိုပြီး နက်နက်နဲနဲ အယူဝါဒအတွေးအခေါ်နဲ့ ဆက်စပ်စဉ်းစားရင်တော့ စကြာဝဠာကြီးရဲ့ အဆုံးအစမဲ့ ဦးတည်ထွက်ခြင်း ကို ပိတ်ဆို့တားဆီးခံရာရောက်ပါတယ်။ ဒါ့ကြောင့် အရပ်အနေမသင့် ခိုက်တယ်ဆိုရမယ်။

ဖြေနည်းက လှည်းဦးတိုက် လှေဦးတိုက်လို့ ခေါ်တဲ့ ကားလမ်း ရေလမ်း ရေဆိပ် လမ်းတဖက်ကန့်လန့်ခံ အိမ်တွေမှာ လမ်းနဲ့ ရေဆိပ် မျက်နှာချင်းဆိုင်ကို ကျားရုပ်နဲ့ တူရူခံထားရတယ်။ အိမ်ပေါက်ဝအဝင်လှမ်းကြည့်အမြင်မှာ ကျားပုံပန်းချီဆေးရေးဓာတ်ပုံထားလည်း သင့်တာပါပဲ။ ကြည့်မှန်တချပ်လည်း ထားတတ်ပါတယ်။ နောက်တခါ အိမ်ရှေ့မှာ ရေချမ်းစဉ် ဆောက်လေ့ရှိတယ်။ အိမ်ရှေ့က စေတီဆိုရင်လည်း ရေချမ်းစဉ် ဆောက်ပေးသင့်တယ်။ အထူးသဖြင့် စေတီဘက်က အတက်အချွန်အစူးတွေ မိမိအိမ်ဘက်တူရူကို ကျရောက်ရင် ပိုခိုက်တယ်ဆိုပါတယ်။ စေတီမှာ တံမြက်လှည်းခြင်း လမ်းခင်းခြင်းတို့ပါ ဆောင်ရွက်သင့်တယ်လို့ ဆိုကြပါတယ်။

အိမ်ပေါ်တက်ရင် ခြေဦးနဲ့ အပြိုင် အခင်းပျဉ်ကြမ်းခင်းတွေရှိရင်တော့ ကြမ်းဦးတိုက် ခြေဦးတိုက်အိမ်လို့ ဆိုရမယ်။ အခံအဖြေအဖြစ် အိမ်အတက်မှာ ခြေသုတ်ဖုံ ခြေနင်းကော်ဇော ဖယောင်းပုဆိုးတို့ ထားရှိသင့်တယ်။

ဧရာဝတီမြစ်ကြောင်းသွား ဧည့်လမ်းညွှန်အဖို့ ကျေးရွာလေးတွေ အလည်သွားတဲ့အခါ မိမိတို့ရဲ့ မိရိုးဖလာအယူလေးတွေကို လက်သင့်ခံစဖွယ် ယုတ္တိနည်းကျကျ ရှင်းပြပေးရင် ဧည့်သည်အတွက် အမြင်သစ်ရတာပေါ့။

ဧရာဝတီမြစ်ကြောင်းသွား ဧည့်လမ်းညွှန်အဖို့ ကျေးရွာလေးတွေ အလည်သွားတဲ့အခါ မိမိတို့ရဲ့ မိရိုးဖလာအယူလေးတွေကို လက်သင့်ခံစဖွယ် ယုတ္တိနည်းကျကျ ရှင်းပြပေးရင် ဧည့်သည်အတွက် အမြင်သစ်ရတာပေါ့။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Architecture Where stories live. Discover now