"ဇာတ်လမ်းက နည်းနည်းတော့ရှည်တယ် မင်းနားထောင်ချင်လို့လား!? "ကျွန်တော် ခေါင်းငြိမ့်ပြမိသည်! ဘယ်နေရာမှန်းမသိတဲ့ ဒီနေရာကို ဘယ်လိုရောက်လာမှန်းမသိတဲ့ ကျွန်တော့်အဖို့ ကျွန်တော့်ရှေ့က လူစိမ်းပြောပြမယ့် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ရုံမှ အပ အခြားလုပ်စရာမှ မရှိပဲလေ~
ပတ်ဝန်းကျင်က အနည်းငယ် တိတ်ဆိတ်ပြီး တချက်တချက် တောကောင်တို့ရဲ့ အသံ! လေတစ်ချက် အဝှေ့မှာ လူစိမ်းရဲ့ ဝတ်ရုံက တစ်ဖြတ်ဖြတ် တိုက်ခတ် သံတို့ကလွဲလို့ ဘာမှ သိပ်မကြားရပေ! ကျွန်တော်ရှေ့က လူစိမ်းက သူ့ရဲ့ ပုံပြင်ကို အစပျိုးဖို့ ပြင်ဆင်နေသည်! သူရဲ့ ဟန်ပန်က ဒဏ္ဏာရီထဲက လာသလိုပဲ! သူက ရှေး ခေတ် အင်္ဂလန်စတိုင် ကုတ်အကျီကို ဝတ်ဆင်ထားပြီး သူ့ရဲ့ငွေမှင်ရောင် ဆံပင်တစ်ချို့ကို ဖဲကြိုးအနက်ရောင်ဖြင့် စည်းနှောင်ကာ ပုခုံးတစ်ဖက်မှာချထားတယ်! သူရပ်နေတဲ့ အရိပ်ကောင်းတဲ့ သစ်ပင်ကြီး ရဲ့ သစ်ရွက် ခပ်စိပ်စိပ်တွေကြားက တစ်ချက်တစ်ချက်တိုးဝင်လာတဲ့နေပြောက်ကလေးတွေကြောင့် လူစိမ်း ရဲ့ မျက်ခုံးနှစ်ဖက်က တွန့်ကွေးနေတယ်!အသားအရည်က သာမန်ထက် ဖြူလွန်းတဲ့ ထိုလူစိမ်းရဲ့ အသက်အရွယ်က ခန့်မှန်းရခက်လေသည်!
*Sigh*
ကျွန်တော် အတွေးတို့နှင့်အတူ သက်ပြင်းတစ်ချက်ချမိတယ်!
"ဘာဖြစ်လို့လည်း မင်းငါ့အကြောင်းကို ပဟေဠိဖြစ်နေသလား!?"
လူစိမ်းရဲ့ ခရမ်းရောင်မျက်လုံးတို့က ကျွန်တော့် နှလုံးသားထဲထိ ထိုးဖောက်မြင်နိုင်သလိုပဲ! ကျွန်တော်ခေါင်းအသာငြိမ့်ပြလိုက်သည်!လူစိမ်းက
"လောလောဆယ်တော့ ငါမင်းကိုပြောပြနိုင်တာ ပုံပြင်တစ်ပုဒ်ပဲရှိတယ်လေ"
သူ့အသံတို့က အနည်းငယ် လွမ်းဆွေးသယောင်ရှိလှသည်!
YOU ARE READING
Endless Love
FanfictionThe boy meet a stranger , a story teller ! And then the mystery begin ... This story is my own story . Please enjoy ^ ^