ညက ရှည်လျားလွန်းလှသည်! ကျွန်တော့် ရင်ဘတ်ထဲမှာ အမျိုးအမည် မသိ ဝေဒနာက တဆစ်ဆစ်နာကျင်လျှက်ရှိသည်! လူစိမ်းက....."Mahiro က အဲဒိအချိန်တုန်းက Akira ကို လက်လျော့ဖို့....."
"ဟင့်အင်း!!!!!!!!!!!"
"............"
"ဘာလို့လက်လျော့ရမှာလည်း!!!!!!! သူ သူ Akira ကို ချစ်တယ် မဟုတ်ဘူးလား? Akira သဘောထားကိုမေးကြည့်သင့်တယ် ! ဘာလို့ ဒီလို လွယ်လွယ်နဲ့..... အာ! ဘာ.... ဘာလို့လည်း!!!!?"
ကျွန်တော်ဘာလို့ ဒေါသတကြီးအော်ဟစ်မိနေလည်းမသိပါ! ကျွန်တော်ဘာလို့ Mahiro ဘာမှမပြောပဲ Akira ကို ထားခဲ့မှာကြောက်နေမိမှန်းမသိပါ! နောက် ကျွန်တော် ဘာလို့.....
"အာ! ဘာလို့လည်း..?"
ကျွန်တော့်ပါးပြင်မှာ ပူနွေးနေတဲ့ စီးကြောင်းနှစ်ခု ! ကျွန်တော် ငိုနေမိတာလား!? မီးပုံထဲက ပြာတွေ ဝင်လို့ရော မဖြစ်နိုင်ဘူးလား! ကျွန်တော် ရင်ဘတ်ထဲ အသက်ရှုကျပ်လာတယ်! ဘာလို့လည်း! ? စီးကျနေတဲ့ မျက်ရည်တွေကို ကျွန်တော်အလန့်တကြားသုတ်ပစ်နေမိသည်!
"မင်းလက်တွေနဲ့ မဖြစ်ဖူးလေ"
လူစိမ်းက ကျွန်တော်လက်တစ်စုံကို ဖမ်းချုပ်ထားရင်း ခပ်တိုးတိုးဆိုသည်!
"မင်းလက်က စောစောက ထင်းချောင်းက ဖုန်တွေနဲ့လေ ဖယ် ငါသုတ်ပေးမယ်"
လူစိမ်းက ကျွန်တော်ကြားရရုံ လေသံတိုးတိုးဖြင့်ပြောရင်း ကျွန်တော် မျက်ရည်တွေကို သုတ်ပေးနေသည်! ကျွန်တော် ရှက်ရွံ့စွာခေါင်းငုံထားမိတယ်!
" အဟက် ခင်ဗျားက ပုံပြောသိပ်ကောင်းတာပဲ ကျွန်တော် မသိလိုက်ခင်မှပဲ သူတို့အတွက် ခံစားနေမိပြီ"
ကျွန်တော် ခြောက်ကပ်ကပ်ရယ်ရင်း ပြောမိပြန်တယ်!
" ငါ ပုံပြောမကောင်းပါဘူး တကယ်တမ်းက......ထားပါလေ မင်း အဆင်ပြေရဲ့လား?"
YOU ARE READING
Endless Love
FanficThe boy meet a stranger , a story teller ! And then the mystery begin ... This story is my own story . Please enjoy ^ ^