ပတ်ဝန်းကျင်တွင် မှောင်ရိပ်က ကြီးစိုးလို့လာပြီဖြစ်သည်! ကျွန်တော်ရှေ့က မီးဖိုလေးရဲ့ တစ်ဖျစ်ဖျစ်မြည်သံနှင့်အတူ ညပိုးကောင်တို့ အသံတစ်ချို့ကလွဲလို့ အရာရာဟာ တိတ်ဆိတ်နေတယ်!"အဲဒီနောက် Mahiro က သူ့အကြောင်းတွေကို Akira ကို ပြောပြခဲ့တယ်"
အဲဒိလို လူစိမ်းက သူ့ပုံပြင်ကို ဆက်ရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်!
"ဘာလို့Mahiro က သူ့အကြောင်းတွေကို အားလုံးပြောပြရသလဲဆိုရင် သူကဘယ်လိုကောင်လည်းဆိုတာ Akira ကောင်းကောင်းနားလည်သွားဖို့နဲ့ သူ Akira နဲ့ ဆက်နေဖို့ မဖြစ်နိုင်ဘူးဆိုတာ Akira သေချာသိသွားစေဖို့ပဲ "
လူစိမ်းရဲ့ မျက်လုံးတစ်စုံက မီးရောင်အောက်မှာ အရည်လဲ့နေသလိုပဲ ကျွန်တော်စိတ်ထင်တာလား?
"အဲဒိတော့ Akira က ဘယ်လိုဆုံးဖြတ်သလဲဟင်?"
ကျွန်တော်မေးခွန်းကို လူစိမ်းက မေးခွန်းတစ်ခုနဲ့ပဲ တုန့်ပြန်ခဲ့တယ်!
"မင်းသာ Akira ဆိုရင် ဘယ်လိုဆုံးဖြတ်မလည်း?"
ကျွန်တော် စက္ကန့်အနည်းငယ် တိတ်ဆိတ်နေခဲ့သည်!အကယ်၍ ကျွန်တော်သာ Akira ဆိုရင်လား!?
"Mahiro အကြောင်းတွေသိသွားပြီးမှတော့ သူ့ကို ဒီလိုတစ်ယောက်ထဲ အထီးကျန်ဘဝမှာ ဆက်မထားခဲ့ချင်ဘူး"
မီးရောင်အောက်မှာ လူစိမ်းက ယောင်ယောင်လေးပြုံးနေသလို! ကျွန်တော် မကြားနိုင်လောက်တဲ့ လေသံတိုးတိုးဖြင့် စကားတချို့ရေရွတ်နေတယ်! အဲဒိနောက်...........
"Akira လည်း မင်းလိုပဲဆုံးဖြတ်ခဲ့ပုံပဲ ! သူ Mahiro ကိုထွက်သွားခွင့်မပြုခဲ့ဘူးလေ"
__________ Endless Love __________
"Mahiro! အတိတ်မှာ မင်းအထီးကျန် ခံစားခဲ့ရတာတွေမေ့လိုက်တော့ မင်းနားမှာ ငါရှိနေပြီပဲလေ "
အဲဒီလို Akira ပြုံးရွှင်ပြီးပြောခဲ့စဉ်က Mahiro စိတ်ထဲ လေးလံနေခဲ့သည်! သူ ဘယ်လိုလုပ် Akiraနား ဆက်နေရမလည်း? သူက အချိန်မရွေး Akira ကို ထိခိုက်စေနိုင်သည်လေ! နောက်သူကိုယ်တိုင်ကရော နောက်ထပ် နှောင်ဖွဲ့မှုမျိုး ထပ်မလိုချင်တော့ဘူးမို့လား! ဒါပေမယ့် မျှော်လင့်ချက်အပြည့်နဲ့ စောင့်မျှော်နေတဲ့ Akira ရဲ့ မျက်ဝန်းကြောင့် Mahiro ခေါင်းငြိမ့်ဖြစ်ခဲ့မိတယ်!
YOU ARE READING
Endless Love
FanfictionThe boy meet a stranger , a story teller ! And then the mystery begin ... This story is my own story . Please enjoy ^ ^