Warning 😘😘😘😙😙😙
>>>>
^အား.. ^
Lu နာကျင်မှုတွေနဲ့အတူ ကြောက်လန့်တဲ့မျက်လုံးတစုံပွင့်လာခဲ့တယ် ... ဘေးဘက်ကိုမျက်နှာလွှဲကြည့်လိုက်တော့ Sehunမရှိတော့
သူနာကျင်စွာနဲ့လက်နှစ်ဖက်ကိုအားယူပြီး ထထိုင်လိုက်တယ် ... အလွန်နာကျင်နေတဲ့ သူ့ခန္ဓာကိုယ်က ပြန်လှဲကြသွားတော့တယ်
သူနောက်တကြိမ်ထဖို့မကြိုးစားတော့ဘဲ ခေါင်းရင်းမှာချိတ်ထားတဲ့ နာရီလေးကိုခေါင်းလေးမော့စွာဖြင့် လှမ်းကြည့်မိတော့
>၉နာရီတောင်ရှိပြီ Hun ကော် Hunရုံးသွားပြီထင်တယ် ... သူဘာလို့ငါ့ကိုအဲ့လိုဆက်ဆံခဲ့ရတာလဲ Wae? Wae? အဟင့် .... <
နှလုံးသားကနာကျင်မှုကို ဖုံးကွယ်ထားလို့မရတဲ့ တောက်ပနေတဲ့မျက်လုံးလေးတွေက ဝန်ခံစွာဖြင့်မျက်ရည်စက်လေးတွေ ခေါင်းအုံးလေးပေါ်မှာ စီးကျကုန်ပြီ
သူငိုနေရုံကလွှဲလို့ ဘာမှမတတ်နိုင်ခဲ့ သူSehunကိုချစ်မိခဲ့ပြီလေ ... သူခံစားရပြီ ...သူ့ခံစားမှူကဝမ်းနည်းခြင်းကစတာလား... !
^အင့် ... ^
လက်တဘက်ကိုနဖူးပေါ်တင်ကာ ငိုနေခဲ့တယ် ....အချိန်တော်တော်ကြာမှ သူငိုနေလည်းမထူးဘူးဆိုပြီး အားယူစွာထကာရေချိုးခန်းဘက်လို့ထွက်လာခဲ့တယ် အချိန်ကတော့ ၉:၃၀
^ဗီ~ ဗီ~^ [Ph Vibration ]
^Hello ^
^ Oh sehun မင်းဘယ်အချိန်ရှိနေပြီလဲ အခုထိရုံးမလာသေးဘူးလား ! အလုပ်ကိုနမော်နမဲ့နဲ့ ^
^ကျတော်အခုပဲလာခဲ့ပမယ် .. ^
Sehun သူ့အဖေဖုန်းကိုချလိုက်ပြီး အခန်းထဲကနာရီလေးကို လှမ်းကြည့်တော့၉နာရီတောင်ခွဲနေပြီ
အခန်းအပြင်ဘက်လေးမှာရပ်ပြီး အခန်းတံခါးလေးကိုနည်းနည်းလေး ဖွင့်ဟကာ သူ့မိန်းမလေးကိုကြည့်နေခဲ့တာ နာရီဝက်တောင်ကျော်ခဲ့ပြီလေ