Ep-4

808 93 1
                                    

Jisooကြောင်ကြည့်နေရာကသတိဝင်လာတော့Jen
ကရထားလမ်းပေါ်ကိုဆင်းဖို့ပြင်နေပြီလေ
Jisooအရမ်းလန့်သွားပြီးJenကိုနောက်ကနေလှမ်း
ဆွဲလိုက်ပြီးရထားလမ်းကိုကျောခိုင်းကာနောက်ကနေ
လွတ်ထွက်သွားမှာဆိုး၍Jenပခုံးကိုလက်နှစ်
ဖက်နဲ့သိုင်းဖက်ထားလိုက်တယ်
Jen လဲပါးစပ်အဟောင်းသားနဲ့Jisoo သူ့ကိုကယ်လိမ့်
မယ်လို့မထင်ထားခဲ့​ပေအရမ်းအံ့ဩသွားသည်
Jisoo အသက်ကိုမှန်မှန်ရှူနေရင်းခဏကြာတော့
Jenကိုစင်တာတစ်ခုကိုခေါ်လာတယ်

ငါသူ့ကိုဘာလို့ကယ်လိုက်မိလဲ
သူမအကြောင်းတွေတဖြည်းဖြည်းနဲ့သိလာရတဲ့
အချိန်တိုလေးအတွင်းမှာဒီမိန်းကလေးကိုချစ်မိသွား
လို့လား

"နောက်ကိုဘယ်တော့မှမြေအောက်ရထားလမ်း
ကိုခေါ်မလာတော့ဘူး
လိုက်ပို့ခိုင်းဖို့လဲစိတ်မကူးနဲ့Arrasaw"

Jisoo ခါးကိုလက်နှစ်ဖကိဖြင့်ထောက်ကာသူ့ရှေ့
မှာရပ်​နေတဲ့Jen ကိုအော်လိုက်သည်
ဒါပေမယ့်အအော်ခံရတဲ့ကောင်မလေးကတော့
နည်းနည်းမှကြောက်သွားသည့်ပုံမပေါ်
သူမသိလိုသည်ကိုသာအရင်မေးသည်

"wae..ကျွန်မကိုဘာလို့တွန်းမချတာလဲ"

"၁၈နှစ်ကြာမှပြန်တွေ့ရတဲ့ညီမကိုOppa က
ရထားလမ်းပေါ်တွန်းချရမယ်ဆိုတော့အဓိပ္ပါယ်မရှိတာ
နောက်ကိုစကားကိုပီးစလွယ်မပြောနဲ့
မင်းသေချင်နေရင်တောင်ဆက်ပြီးတော့အသက်ရှင်
နေရဦးမှာပဲ"

"ကျွန်မခံစားချက်တွေကိုနားမလည်တော့လဲ...
အမေထွက်သွားပြီးတဲ့နောက်ပိုင်းအထီးကျန်လာတယ်
ကျွန်မခုလိုသေချင်တာအပြစ်လားရှင်ကောအဲ့လိုမျိုး
မဖြစ်ခဲ့ဖူးဘူးလား"

Jisooခဏတာငြိမ်သက်သွားတယ်သူ
Minyoung သေဆုံး
ခဲ့ရတဲ့ပုံကိုမြင်ယောင်လာတယ်

"ဖြစ်ခဲ့ဖူးတာပေါ့
ဘာပဲဖြစ်ဖြစ်နောက်ကိုစကားပြောတာဆင်ခြင်ပါ
ခုOppa လဲရှိနေပြီပဲ"


Jenသူ့စကားနားမ​ထောင်ပဲမျက်နှာလွှဲလိုက်သည်

>>>>>>

"Jenလေးကိုသေချာဂရုစိုက်ပါလို့ပြောနေတာကို
ဘယ်သူ့မှယုံကြည်ရတာမဟုတ်ဘူး"

That Winter, the Wind Blows (Z+U)Where stories live. Discover now