" ခမည်းတော်အတွက် မနက်ဖြန်ဆိုတာ တန်ဖိုးကြီးလွန်းနေတဲ့အချိန်ပဲ Luhan မင်း ဒီ အိမ်ပြာတော်ကို ပြောင်းလာသင့်တယ် "
နားထဲကြားယောင်နေမိတဲ့ Sehun စကားတွေက လာရာလမ်းတလျှောက် သက်ပြင်းတွေသာ ယူဆောင်ပေးနေလေတယ်။ အမြဲ သူ ဝင်ထွက်နေကျ အိမ်လေးရှေ့ ကားရပ်လိုက်တော့ Luhan တွေတွေလေး ငေးစိုက်ကြည့်နေမိတယ်။ အိမ်ထဲကနေ Leeteuk တစ်ယောက် အထုပ်တွေမကာ ထွက်လာတော့မှ Luhan လဲ ကားပေါ်ကဆင်းကာ
" Samchon ကျွန်တော့်ကို အိမ်ထဲတောင် ဝင်ခွင့်မပေးတော့ဘူးဆိုတဲ့ သဘောလား "
နှုတ်ခမ်းစူကာ ပြောလာတဲ့ Luhan ကို Leeteuk က တစ်ချက်လှမ်းကြည့်ရင်း
" အေးဟေ့ မင်းမရှိတော့ ငါလဲ တစ်မျိုး ဝဍ်ကျွတ်တာပေါ့ နေ့တိုင်း စိတ်ဒုက္ခပေးမယ့်သူ မရှိတော့ "
" Samchon ! စိတ်ထဲကမပါတဲ့စကားတွေ မပြောပါနဲ့ဗျာ ခွဲခံနီးနေတာတောင် ဒီစကားတွေပြောနေရသေးလား "
ဝဲတက်လာတဲ့မျက်ရည်တွေကို ထိန်းရင်း Leeteuk ကို လှမ်းဖက်လိုက်တဲ့ Luhan ကြောင့် Leeteuk လဲ တုန်ယင်နေတဲ့အသံတွေထိန်းကာ Luhan ကျောပြင်ကို အသာပုတ်ပေးရင်း
" Luhan ဘဝဆိုတာ ပျော်စရာတွေပဲ စုဖြစ်မနေဘူး အခက်အခဲကတော့ ကြုံကြရတာပဲ။ တကယ်လို့ မခံမရက်နိုင်လောက်အောင် နာကျင်နေရပြီဆို Samchon ဆီပြေးလာခဲ့ ဒီအိမ်က မင်းအတွက် အမြဲတံခါးဖွင့်ထားတယ် ဆိုတာ သိတယ်မှတ်လား "
Luhan ခေါင်းသာအကြိမ်ကြိမ်ညှိတ်ပြနေမိတော့တယ်။
" ကျွန်တော် တစ်ခါမှ ဒီစကားမပြောဖူးပေမယ့် Samchon ကို အမြဲကျေးဇူးတင်နေတယ်ဆိုတာ သိတယ်မဟုတ်လားဟင်။ ကျွန်တော့်လို လူဆိုးကို ခုထိ စောင့်ရှောက်လာပေးတာ ကျေးဇူးတင်ပါတယ် Samchon ရယ် "
" ကဲပါ ပြောနေတာတွေက မင်းမပီသလိုက်တာ သွားတော့ မင်းအဖေအနားမှာ နေခွင့်ရမယ့်အချိန်တွေကို မလျော့စေနဲ့တော့။ မကြာမကြာ ငါလည်း လာလည်ပါ့မယ် "
YOU ARE READING
Wuri Wangjaneun
FanfictionHunhan main yaoi fic other couple - Xiuchen, Chanbaek comedy, romance, drama