smile ☺

4.2K 583 24
                                    

" Luhan . . . "

ဝင်​လာကတည်းက ဆိုဖာ​ပေါ်မှာ ထိုင်​​နေတဲ့ ဘိုး​တော်​ကို မြင်​သား မသိချင်​​ယောင်​​ဆောင်​ကာ ​ကျော်​တက်​သွား​တော့ လှမ်း​ခေါ်လိုက်​တဲ့အသံ​ကြောင့်​ Luhan ​ကျောခိုင်းထားရင်းက စိတ်​ပျက်​စွာ မျက်​နှာရှုံ့မဲ့လိုက်​မိတယ်​။ ဘာ​တွေ ​တရား​ဟောဦးမလဲ မသိ . . . .

ဆိုဖာ​ပေါ်မှာ ဝင်​ထိုင်​လိုက်​တဲ့ Luhan ကို Sehun စိုက်​ကြည့်​​နေမိတယ်​။ သူနဲ့မျက်​လုံးချင်းမဆုံပဲ ဟိုကြည့်​ဒီကြည့်​လုပ်​ကာ ​နေ​နေတဲ့ Luhan ကို သက်​ပြင်းချလိုက်​ရင်း

" ဘယ်​အချိန်​ရှိပြီလဲ Luhan ငါ မင်းကို ပြန်​လာဖို့ ​ပြောထားတဲ့ အချိန်​ကို ​မေ့​နေတာလား "

" မ​မေ့ပါဘူး သူငယ်​ချင်း​တွေနဲ့​တွေ့တုန်း အချိန်​ကုန်​မှန်းမသိ ကုန်​သွားတာ ဘယ်​​လောက်​မှမကြာပါဘူး နှစ်​နာရီ​လောက်​ပဲကို "

" နှစ်​နာရီဆို​ပေမယ့်​ ခု ၉နာရီ ဖြစ်​​နေပြီ ဒီလိုညဘက်​​တွေမှာ driver တစ်​​ယောက်​တည်းနဲ့အပြင်​​ရောက်​​နေတဲ့ မင်းအတွက်​ ဘယ်​​လောက်​အန္တရာယ်​များတယ်​ထင်​လဲ မင်းက မင်းသားတစ်​ပါးဖြစ်​​နေပြီဆိုတာ ​ခေါင်းထဲထည့်​ထားဦး Luhan "

" ခုမှ အိမ်​ပြာ​တော်​​ရောက်​​နေတာ ဘယ်​​လောက်​မှမရှိ​သေးဘူး ချုပ်​ချယ်​ဖို့ကြိုးစား​နေပြီလား ကျွန်​​တော့်​ကို မင်းသားလို့ ဘယ်​သူမှမသိ​သေးသလို ကျွန်​​တော့်​အချိန်​ကို ကျွန်​​တော်​သိတယ်​။ ခင်​များ အဲ့​လောက်​ ပူပန်​​နေရင်​ နှဖူး​ပေါ် အရစ်​တစ်​ရစ်​တိုးရုံအပြင်​ ဘာမှမထူးဘူး ဒီအဝတ်​အစား​တွေ လဲချင်​​နေပြီမို့ သွားခွင့်​ပြုပါဦး "

လက်​ဝါး​ထောင်​ပြနှုတ်ဆက်​​သလို လုပ်​ကာ ထထွက်​သွားတဲ့ Luhan ကို Sehun ​ခေါင်းသာရမ်း​နေမိ​တော့တယ်​။ ဒီလို ​ခေါင်းမာတဲ့ လူမျိုးကို ပုံစံ​ပြာင်းဖို့ဆို သူအများကြီး ဆက်​ကြိုးစားရဦးမယ်

************************************

" ​တောက်​ . . . "

ကိုင်​ထားတဲ့ သတင်းစာကို စားပွဲခုံ​ပေါ် ပစ်​ချလိုက်​ရင်းက Luhan ​တောက်​တစ်​ချက်​​ခေါက်​လိုက်​မိတယ်​။ ပြီး​တော့ ​ဘေးနားက Sehun ကိုကြည့်​ကာ

Wuri Wangjaneun Tempat cerita menjadi hidup. Temukan sekarang