" အကိုလေး Taehyung .. သူဌေးက ပြောစရာရှိလို့ ခဏ ဆင်းခဲ့ပါတဲ့ "
" nae~~~ "
အမလေးနော် ခုနကဘဲ အကိုလေးကို သွားခေါ်သံကြားတယ်.. ငိုချင်လာပြီ
ဘယ်မျက်နှာနဲ့ အကိုလေးနဲ့ မျက်နှာချင်းဆိုင်ရမှာလဲဗျ
Appuji ကခေါ်တယ် တဲ့ မဆင်းချင်လဲ ဆင်းရမှာဘဲKim Taehyung တစ်ယောက် ဟိုကြည့် ဒီကြည့်နဲ့ အောက်ထပ်ကို အမြန်ဆင်းလာခဲ့သည်။
အောက်ထပ်ရောက်တော့ အိမ်က maidတစ်ယောက်ကို " appujiရော ? "" ထမင်းစားခန်းထဲမှာပါ အကိုလေး "
ထမင်းစားခန်းထဲရောက်တော့ appuji နဲ့ ommoni နဲ့တို့က ထမင်းစားနေကြသည်။
Appa : သား ထိုင်လေ ညစာမစားရသေးဘူးဆို တခါတည်းစားသွား
Tae : Nae appuji
Appa : appa လို့ဘဲခေါ်ပါ သားရယ်
Tae : nae appa.
Omma : များများစားနော် သားငယ် အခုတလော ဆေးရုံခဏခဏရောက်နေတယ်
Jin : appa ကျွန်တော့်ကို ခေါ်တယ်ဆို
Appa : အေး မိသားစု တူတူမစားရတာ ကြာပြီလေ သားတို့နှစ်ယောက်ကို ပြောစရာရှိတယ်
Jin လည်း ဝင်ထိုင် လိုက်ပြီး taeကိုတစ်ချက်ကြည့်လိုက်သည်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး tae တစ်ယောက် မျက်နှာနီရဲကာ ခေါင်းငုံ့သွားသည်။
Jin : Taehyung မင်းနေမကောင်းဘူးလား မျက်နှာတစ်ခုလုံးနီနေတယ်
[ Jin သက်သက်မဲ့ Taeကိုစခြင်း]
Tae : ကောင်း.. ပါတယ် အကိုလေး
Appa : ဘာအကိုလေး လဲ ? ကိုယ့်အကိုဘဲ Hyungလို့ဘဲ ခေါ်ပေါ့
Tae : Nae appa
Taehyung တစ်ယောက် ထမင်းကိုသာ မြန်မြန်စားနေသည်။စားနေတုန်း မော့ကြည့်လိုက်တော့ Jinတစ်ယောက် ရေသောက်နေခြင်း
ရေသောက်ပြီး နှုတ်ခမ်းမှ ရေကို ခပ်ကြမ်ကြမ်းသုတ်လိုက်သည်။Taehyung တစ်ယောက် Jin နှုတ်ခမ်းကိုကြည့်ပြီးမကြာသေးမီက အဖြစ်အပျက်ကို ပြန်တွေးမိရင်း မျက်နှာ နီရဲလာပြီး ထမင်းပါသီးသွားသည်။
Tae : အဟွတ် ဟွတ်...
Omma : ရော့ ရေသောက်သား
Tae တစ်ယောက် ရင်ဘတ်ကိုထုပြီး ommaကိုပေးတဲရေခွက်ကိုယူပြီး ရေသောက်လိုက်သည်။