ရင်ခွင်နွေးနွေးတွင် ခိုလှုံချိန်တွင် သည်လူသားသည် တခြားကောင်မလေး၏ ချစ်သူဆိုတာ ခေတ္တမေ့သွားသည်။မေ့ချင်ယောင်ဆောင်လိုက်ခြင်းဖြစ်သည် ။
Hyungကို သူ့ချစ်သူနေရာက ခဏမြင်ကြည့်သည်။
ရင်ခုန်သံမြန်သွားပြန်သည်။
လိုချင်ပါတယ်... Hyungကို သူ့ရဲ့ ချစ်သူအဖြစ်..
ဒါပေမဲ့...မလုပ်သင့်ဘူး...
သူ့ကိုချစ်တယ်လို့ ဘယ်လောက်ပဲတဖွဖွပြော အခုအချိန်မှာ Hyungက Soobinရဲ့ ချစ်သူပဲ..
ရင်ခွင်ထဲက ရုန်းထွက်ရန် သူ၏ရင်ဘတ်ကို လက်နဲ့ ဖွဖွတွန်းသည်။ သို့သော် ခပ်တင်းတင်းပြန်ဖက်လိုက်သည်။ ငိုနေတုန်းက မသိသာပေမဲ့ အခုအချိန် သူမျက်နှာတစ်ခုလုံးနီရဲနေမည်ဖြစ်သည်။
အချစ်ဆိုတာ တစ်ခါတလေတော့ ထူးဆန်းတယ်..
တချို့အချိန်မှာ သူ့အနားမှာနေဖို့ဆုတောင်းသည်။ ဆုတောင်းက ပြည့်ပါသော်လည်း အကယ်၍ သူ့နားသို့ရောက်ခဲ့လျှင် မော့၍ မကြည့်ရဲသဖြင့် သူ၏ ခြေခုံဖွေးဖွေးကိုသာ ခပ်ငေးငေးကြည့်မိသည်။ကိုယ့်အဖြစ်ကိုပြန်တွေးကြည့်လျှင် သနားလည်းသနားသည်။ ရယ်လည်း ရယ်ချင်သည်။
အခုအချိန်မှာတော့ Hyungရဲ့ နှလုံးခုန်သံကိုနားထောင်မိသည်။" Tae ah... "
မျက်စိကိုမှေး၍ သူ၏ရင်ခုန်သံနားထောင်နေရာမှ မျက်လုံးကို အလျင်အမြန်ဖွင့်လိုက်သည်။
ကိုယ်ချင်းခွာ၍ နောက်သို့ခြေလှမ်းနည်းနည်းဆုတ်လိုက်သည်။နည်းနည်းတော့ အခြေအနေက ကိုးရိုးကားရားလေးပဲ..
" စက်ဘီးစီးကြမလား ... "
အခြေအနေနဲ့ မကိုက်ညီတဲ့ ကြောင်တောင်တောင်မေးခွန်းကို Taehyungတစ်ယောက် ကြောင်တောင်တောင် ခေါင်းညိမ့်ခဲ့ရသည်။
ညနေစောင်းအချိန် ဟန်မြစ်ဘေးတွင် စက်ဘီးစီးရသည့်အရသာက သိပ်တော့ မဆိုးပေ..
Seokjinရဲ့ ကျောပြင်ကျယ်ကြီးပေါ်တွင် ခပ်ဖိဖိမှီရင်း
ကျောပြင်ကို ခပ်ဖွဖွ နမ်းမိတယ်... လက်ရှိအခြေအနေကို မယုံနိုင်သေး...နောက်ထပ် ကစားနည်း မဟုတ်ဘူးဆိုရင်... အခုအချိန်သူ အရာအားလုံးကို စွန့်လွှတ်နိုင်ပြီ...
ကိုယ့်လိုမိဘမဲ့ တစ်ယောက်ရဲ့ ဘဝမှာ ဘေးနားမှာ သူရှိရင် လုံလောက်ပါတယ်...