ရူးမူးစွဲလန်းသော....

2.6K 182 37
                                    

Huang Zi Tao's point of view:

ဟိုး...ကောင်းကင်ထက်မှာ..
မြူလွှာများဆိုင်းနေကာ..ကြယ်ပွင့်လေးများကလဲ..မှိတ်တုတ်..မှိတ်တုတ်..~
လေးကိုင်းသဖွယ် လခြမ်းလေးမှာလဲ..ည၏မီးအိမ်သဖွယ်..မှိန်ဖျော့စွာလင်းလက်နေသည်...

သို့သော်လည်း..ထို လလေးကြောင့်သာကျွန်တော်တို့..ညအချိန်တွင် အလင်းရောင် ရနေနိုင်သည်မဟုတ်လား...!?

ဒီလိုပဲ..!Ge ကလဲကျွန်တော့်ရဲ့ လမင်း...!ဘယ်လိုပဲ..နာကျင်မှုတွေ..
အရွဲ့တိုက်တာတွေ..
နှလုံးသားကိုဓားနဲ့အစိမ်းလိုက်ခွဲနေတာ
ဖြစ်စေ..
ကျွန်တော်ဆိုသောလူသားမှာ..
Ge ဆိုသော..လမင်းကြီး..
သာမရှိရင်..ဤလူ့ဘဝထဲ..
နေထိုင်သွားနိုင်မည်မထင်...~~

လမင်းကြီးက..ညရဲ့..ကယ်တင်ရှင်..~
ဒါဆို..Yi Fan Ge  ကျနော့်ရဲ့ကယ်တင်ရှင်

မြောက်လေရူးတို့ကပြတင်းပေါက်မှ
တဆင့်..ဧည့်ခန်းတွင်ထိုင်နေသည့်..
ကျွန်တော့်ထံတိုက်ရိုက် တိုက်ခတ်
နေသည်......

အား...လား..ဆောင်းရာသီဆိုတာ..ဒါမျိုးပါလား..

T Shirt  အပါးလေးနှင့်ဘောင်းဘီတိုလေး
ဝတ်ထားတဲ့ ကျွန်တော်က..
ဤစိမ့်အေးနေသော..လေရူးများနှင့်..အပြိုင်အဆိုင်စစ်ဖြစ်နေသည်...

ကျွန်တော့်ပုံစံက စစ်အင်အားမရှိဘဲ..
စစ်ထဲရောက်လာတဲ့ အရှုံးသမားလိုပဲ...

Ge..ပြန်လာတော့..နော်
ကျွန်တော်နိုင်ချင်လို့ပါ..
ဒီနာရီလက်တံလေး 11 နာရီကျော်လာရင်..
ပြန်လာတော့ Ge..

6 နာရီကတည်းကထိုင်နေတာမို့..
ကျိန်းစက်နေပါပြီ..
နာကျင်လှပါပြီ..
အားတွေကုန်လှပါပြီ..

ဒီအချစ်ပဲ သိတဲ့ အရူးကို ကယ်တင်ဖို့ရာ
Ge ပဲတတ်နိုင်တာပါဗျာ..

တိုင်ကပ်နာရီက..ည ၁၁ နာရီကိုညွှန်ပြနေသည်..။
ပြန်လာပါတော့.....
အင်အားကြီးတဲ့..လေရူးတွေနဲ့နပန်းလုံးရတာ..5 နာရီနီးပါးရှိရောမယ်...
သွားတွေ..ရော..တစ်ကိုယ်လုံးတုန်ရီနေပြီ..
နှလုံးသားခမျာလည်းတစ်ဆစ်ဆစ်ကိုက်ခဲ
နေပြီ..

စာနာရင်ပြန်လာပါတော့..Ge ရယ်..

အနွေးထည်..?
ဟင့်အင်း..~မယူဘူး..
ကျွန်တော့်ဖြစ်တည်မှုက ဘာ $ဖြစ်ရှိလို့..
ယူနေရမှာလဲ..
Ge ကိုတောင် ပျော်ပျော်မထားနိုင်တာများ
အနွေးထည်နဲ့ အခန့်သားထိုင်နေသင့်သေး
လား..?
မတန်လိုက်တာ..ကျနော်နဲ့..

????How long you can love?????Wo Geschichten leben. Entdecke jetzt