လှပသောလိမ်ညာမှု..

891 101 10
                                    

/^လှပတဲ့ လိမ်ညာမှု...အတွက်..လှပတဲ့ အမှန်တရားနောက်ကွယ်ဆိုတာ...ရှိတယ်..
အဲဒီအမှန်တရား တချိန်ချိန်တော့ပေါ်လာရမယ်....^/
~~~~~~~~~~~~~~~~<<<<<<<<
Huang Zi Tao's Point of View..

ကျွန်တော် နိုးလာတော့..နှဖူးတလျှောက်အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်..

ဟမ်...?

မျက်လုံးကိုခပ်မြန်မြန်ဖွင့်ကြည့်လိုက်တော့..မျက်ရိုးများထိုးကိုက်လာသောကြောင့်..
ခဏပြန်မှိတ်လိုက်ရသေးသည်..~

သိပ်မချမ်းတော့ဘူး...သေချာတာက..အခု ရောက်နေတာက..ကျနော့်အခန်းတော့လုံးဝမဟုတ်...!

ခပ်ဖြည်းဖြည်းထပ်ဖွင့်ရင်း...ပတ်ဝန်းကျင်ကိုစူးစမ်းမိတော့.. ကျနော် ရောက်နေတာ Ge အခန်း.,,.!

ဟမ်..?ငါ အိမ်မက်ယောင်ပြီးရောက်လာတာများလား..?

မဖြစ်နိုင်တာ..ကျနော့်မှာ..အိပ်ရင်းနဲ့ အိမ်မက်ယောင်တဲ့အလေ့အကျင်တကယ်..မရှိတာကိုးနော့်..

ဦးနှောက်က အလန့်လွန်ရင်း..ရူးသွားမယ်ဆိုတဲ့..အမိန့်ပေးမှုက်ုမလိုက်နာဘဲ..ဖြစ်နိုင်ချေရှိတာကိုခပ်မြန်မြန်တွးမိလိုက်သေးသည်..

Ge..Ge က ကျနော့်ကို အခန်းထဲကို..ပွေ့ပြီး..??

အား.........မဖြစ်န်ုင်လိုက်တာ..!!

နားကိုလက်ဖြင့်အုပ်ရင်း..ခေါင်းက်ုပတါပတ်လည်အောင်..ယမ်းခါရင်း...ပျော်ရွှင်မှုအရှိန်တိုးမြှင့်လိုက်သေးသည်..

မဖြစ်န်ုင်ဘူးဟု..ထင်သော်ငြား..

နှစ်ယောက်တည်းရှိနေတဲ့ အိမ်မှာ..သူမှမဟုတ်ရင်..?ဘယ်သူလဲ..?

တကယ်...သူဖြစ်နိုင်ပါ့မလား...??

အတွေးတွေက ဟိုဟ်ုဒီဒီရောထွေးနေသည်..

ပျော်ရွှင်မှုအရှိန်အဟုန်သည်.,ပြန်တွေးရင်း..တွေးရင်း..မျက်ဝန်းတလျှောက်..မျက်ရည်ဥများ မဆိုင်းမတွဝေ့သီလာတဲ့အထိ...

သူတကယ်ပဲ..သူဖြစ်ပါစေ..

ဘေးဘီကို ခပ်ရို့ရို့လေး လှည့်ကြည့်မိတော့..

ကြွေဇွန်းလေးဖြင့်..ဆန်ပြုတ်တစ်ခွက်..

သူ..ပန်းကန်နဲ့သေချာလုပ်ပေးသွားတာများလား...

????How long you can love?????Wo Geschichten leben. Entdecke jetzt