Morning and Scroll

223 8 4
                                    

Zawgyi

ချမ်းစိမ့်စိမ့် မနက်ခင်းထဲသို့ စူးရှသော alarm မြည်သံက ထိုးဖောက်ဝင်ရောက်လာသည်။အနီးရှိ စောင်ပုံထဲမှ ထွက်လာသော လက်တစ်ဖက်က နာရီအား နံရံဆီသို့ ပစ်ပေါက်လိုက်သော်လည်း ထိုzombieနာရီသည် အသံတိတ်မသွားပဲ စိတ်ရှုပ်ဖို့ကောင်းအောင် ဆက်မြည်နေပေသည်။

Hyungwon သည် အိပ်ရာမှ မနည်းထကာ ထိုနာရီအား ကောက်ယူ၍ alarm ပိတ်လိုက်သည် ။သူ ထိုနာရီကို မုန်းသည်။ ဘယ်လောက် ပစ်ပေါက်ပေါက် မပျက်သွားတာကို မုန်းသည်။သို့သော်လည်း ထိုနာရီသည် သူ့ကို အိပ်ရာက ထစေနိုင်သော တစ်ခုတည်းသော အရာလည်း ဖြစ်ပေသည်။

8 နာရီ

မနက်ပိုင်းအတန်းတွေကို စီစဉ်ခဲ့တဲ့သူတွေဟာ စက်ရုပ်တွေဖြစ်မည်။ကိုယ်လက်သန့်စင်ရင်း တစ်နေ့စာ အချိန်စာရင်းကို သူ ပြန်စဉ်းစားလိုက်သည်။၉ နာရီမှာ အတန်းတစ်ချိန် ပြီးတော့ ၁၁:၃၀ မှာ နောက်တစ်ချိန့် ဒါဆို ကျောင်းက ပြီးပြီ Chankyun နဲ့ နေ့လည်စာစားမယ် ပြီးရင် ဆိုင်သွားပြီး သူ့ရဲ့ နေ့လည် shift ကိုစမယ် ။

အဝတ်လဲဖို့ လုပ်ရင်းနဲ့ မှန်ထဲကို တစ်ချက်ကြည့်လိုက်သည်။မိန်းကလေးတွေ မနာလိုလောက်တဲ့ ခပ်သေးသေးမျက်နှာနဲ့ ကာတွန်းဇာတ်ကောင်တွေလို မျက်ဝန်းေ တွ ထူးခြားတဲ့ နှုတ်ခမ်းထူထူနဲ့ နက်မှောင်တဲ့ ဆံပင်တို။ဘာဝတ်ဝတ်ကြည့်ကောင်းတယ်လို့ သူ့ပတ်ဝန်းကျင်က ပြောကြပေမယ့် ဒါနဲ့ပဲ သူက ဖြစ်သလို ဝတ်တတ်သူတစ်ယောက်မဟုတ်။သူ့ရဲ့ ခြေတံရှည်တွေကို ပိုရှည်တယ်ထင်ရစေတဲ့ skinny jeans အနက် နဲ့ အဖြူရောင် သိုးမွေးဆွယ်တာကို ဝတ်လိုက်သည်။February ရဲ့ အအေးဒဏ်ကို ခံနိုင်ရန် အပေါ်က နက်ပြာရောင် long coat တစ်ထည်ကို ထပ်ဝတ်ပြီး လက်အိတ်တွေကို အိပ်ကပ်ထဲ ထိုးထည့်၍ပေါင်မုန့်တစ်လုံးကို ပါးစပ်ထဲ ထည့်ကာ အပြင်ကို ထွက်လာလိုက်သည်။

Hyungwon ရဲ့ တိုက်ခန်းမှ အထွက် လမ်းကျဉ်းလေးမှာ အေးအေးဆေးဆေး လျှောက်ရင်း ဖုန်းနားကြပ်ကို တပ်လိုက်သည်။Taeyang ရဲ့ အသံချိုချိုက မနက်ခင်းလေညင်းအေးအေးနဲ့ လိုက်ဖက်လှသည်။ အသက်ရှုထုတ်လိုက်လျှင် သူ့မျက်နှာရှေ့မှာ အငွေ့တွေကို မြင်နေရသည်။လမ်းမကြီးကို ရောက်လာတော့ Crush ဖြစ်သွားသည်။အချစ်နှင့် ကံကြမ္မာအကြောင်း ဖွဲ့သီထားသော စာသားများကို နားထောင်ရင်း လမ်းကူးဖို့ စောင့်နေစဉ် သူ့ရဲ့ ပုခုံးကို လူတစ်ယောက်က လာတို့သည်။

Mint and PoppyWhere stories live. Discover now