Part 2:Angel and Name

72 3 3
                                    

Unicode

Hyungwon မြင်နေရတဲ့ မှန်ထဲက မျက်နှာဟာ သူ့မျက်နှာ မဟုတ်ဘူး။သူ့လက်တွေကို မြှောက်ကြည့်လိုက်တဲ့အခါ မှန်ထဲက ပုံရိပ်ကလည်း သူ့အတိုင်း လိုက်မြှောက်တယ်။Hyungwon မှန်ထဲက မျက်နှာကို သေချာကြည့်လိုက်သည်။စူးရှရှမျက်လုံးတွေက Hyungwon ရဲ့ မျက်လုံးတွေထက် သေချာပေါက်ပိုသေးသည်။သူ့မျက်နှာကို ကိုင်ကြည့်တော့ သူ့ရဲ့ နူးညံ့တဲ့ ပါးဖောင်းဖောင်းနေရာမှာ ထင်းနေတဲ့ ပါးရိုးတွေနဲ့ ခပ်တင်းတင်းမျက်နှာကိုသာ ခံစားလိုက်ရသည်။ပြီးတော့ သူ့ရဲ့ ဆံပင်အနက်ရောင်ကလည်း အခုတော့ နီညိုရောင်ဖြစ်နေသည်။

Hyungwon ဆက်မရပ်နိုင်တော့ပဲ ကြမ်းပြင်ပေါ်သို့ ထိုု်င်ချလိုက်သည်။ရုတ်တရတ် သတိရသွားသည်က သူ့ရဲ့ ခန္ဓာကိုယ်...သူ့ရဲ့ model အချိုးအစားက မရှိတော့...ဒီခန္ဓာကိုယ်က သေးပြီးတော့ ခြေထောက်တွေက တိုတိုလေးတွေ....

သူ တစ်ကိုယ်လုံး လှဲချပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။ဒါက မဖြစ်နိုင်တဲ့ နောက်ထပ် အိပ်မက်တစ်ခုပဲ...သိပ်မကြာခင် ငါက ငါ့အနေနဲ့ ပြန်နိုးလာတော့မှာ...

"အဟမ်း"

Hyungwon မျက်လုံးတွေကို ဖွင့်ပြီး ထထိုင်လိုက်တော့ စားပွဲပေါ်မှာ ထိုင်နေတဲ့ ဆံပင်အဖြူရောင် မချိုမချဉ်အပြုံးနဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

"မင်း..."

"ငါ?"

"ဟုတ်တယ် မင်း..ငါ့ကို ဒီလိုဖြစ်အောင် မင်းလုပ်လိုုက်တာ"

ဟုတ်တယ်..သူ ခုနက ကားတိုက်ခံရတယ်ဆိုတဲ့ အိပ်မက်က အိပ်မက်မဟုတ်ဘူး..ဒါတွေက တကယ်ဖြစ်နေတာ ..ပြီးတော့ သူ့ကိုဒီလို ဖြစ်အောင် သူ လုပ်လိုက်တာ...Hyungwon စိတ်ထဲမှာ ဒေါသလိုမျိုး ခံစားလာရသည်။

"တကယ်တော့ တမင်လုပ်တာ မဟုတ်ပါဘူး" Angel ကောင်လေးက နည်းနည်း အားနာသလိုမျက်နှာထားနဲ့ ပြုံးပြသည်။

"ငါ နည်းနည်းတော့မှားသွားတာ ဝန်ခံပါတယ်..ဒါပေမယ့် ဒါ မတော်တဆပါ "

"ဒါဆိုရင် မှန်အောင် ပြန်လုပ်လေ!! အခုတော့ ငါက အခု ဘယ်ကမှန်းမသိတဲ့ လူရဲ့ ကိုယ်ထဲ ရောက်နေပြီး အားလုံးက ထူးဆန်းနေတယ်"

Mint and PoppyWhere stories live. Discover now