အလင်း​ရောင်​.....

3.7K 215 12
                                    

~ဇာတ်​လမ်းတိုင်းရဲ့အစက
ပျော်​ရွင်​စရာ​တွေနဲ့ပဲစခဲ့ကြ​ပေမဲ့
ကျွန်​​တော်​တို့ရဲ့ဇာတ်​လမ်း​လေးက​တော့
နာကျင်​စရာအတိဖြစ်​​နေတယ်​ဆိုရင်
ဘုရားသခင်​ရဲ့အလိုဆန္ဒ​ပေပဲလား?

~အို....အဖဘုရားသခင်
ဆု​တောင်းတိုင်းပြည့်​မယ်​ဆို
ပျော်​ရွင်​စရာနိဂုန်း​လေးသာဖြစ်​ပါရ​စေ....

🌠🌠🌠🌠🌠🌠🌠🌠🌠

အိမ်​အပြင်​ဘက်​က
သာယာသည်​ဟုထင်​ရ​သော
မနက်​ခင်းတစ်​ခု.....
တစ်​ကယ်​တန်း​တော့
ပူ​လောင်​ဖို့အစပြု​နေခဲ့တာ
ကျွန်​​တော့်​ရင်​ဘက်​ထဲကလို​ပေါ့....

ဟိုးအမြင့်​က
ဓူဝံကြယ်
မရနိုင်​မှန်းသိရဲ့....
ကျွန်​​တော်​ဘာ​ကြောင့်
က​လေးတစ်​​ယောက်​လိုပူစာမိပါလိမ့်​.....

'ကိုကို ရည်းစား ရ​နေပြီB'

အပြုံးက​လေးနဲ့​ပြောလာတဲ့
ကိုကို့ စကားတစ်​ခွန်းရယ်​​လေ
Huk...ရင်​ဘက်​ကိုထိုး​မွှေသွားလိုက်​တာ
နေဆယ်​စင်း​လောင်​မြိုက်​​နေသလိုပဲ....

ရည်းစား ရှိ​နေပြီတဲ့လား?
ဒါ ကို့​ယောက်ျားကို​ပြောဖို့
သိပ်ကို​လွယ်​ကူ​နေသလား?

Actor Park Chanyeol ရဲ့
တိတ်​တိတ်​ပုန်း ​ယောက်ျားတစ်​​ယောက်
ကျွန်​​တော်​ကဘာများတားနိုင်​မှာတဲ့လဲ?

'ကိုကို Bက ကိုကို့အတွက်​အ​နှောက်​အယှက်​တစ်​ခုလား?'

ကျွန်​​တော်​​မေးမိ​လေတိုင်း....

'Bက ကိုကို့ ဘ၀ပဲ'

အလိမ်​အညာမှန်းသိရဲ့
နှလုံးသား​လေးက​ခေါင်းညိမ့်​တုန်း....

ကျွန်​​တော်​....
က​လေးမဟုတ်​​တော့ဘူး
ကိုကို....
ဒါ​ပေမဲ့....
ကိုကို့ပုံပြင်​​တွေကို​တော့
ယုံကြည်​လွယ်​​နေတုန်းပဲ.....

'Bမင်းထွက်​သွား​ပေးနိုင်​မလား'

ကျောခိုင်းထားတဲ့ကိုကို့ထံမှ
ခပ်​​အော​အောအသံတစ်​ခု....

Light(sun)☀Donde viven las historias. Descúbrelo ahora