MinYoonGi♡ ChoiSuJin

2.1K 181 4
                                    

ကျမ က မိဘမဲ့ပါ
ကျမနာမည်က Choi Su Jinပါ
ကျမက  အချိန်ပိုင်းအလုပ်သမားပေါ့
အချိန်ပိုင်းဆိုတော့ နေရာမျိုးစုံမှာလုပ်တာပေါ့
MiniMarket မှာ ဝင်လုပ်တယ်
စားသောက်ဆိုင်မှာလည်း ပန်းကန်ဆေးဖူးတယိ စားပွဲထိုးလုပ်ဖူးတယ်
အကင်ဆိုင်တွေမှာဆိုလည်း အကင် ကင်တဲ့ ဇကာတွေကို အိုးမဲ တွေ တိုက်ရသေးတဲ့
ဆီဆိုင်မှာလည်း လုပ်ဖူးတယ် ကျောင်းတွေမှာ စာရင်းစစ်ခေါ်တော့လည်းလုပ်ဖူးတယ်
ပင်ပန်းတာပေါ့ ကျမ ဘဝက အဲ့အချိန်တွေမှာ အမှောင်ကျနေခဲ့တယ်

တနေ့..... ကျမ နေ့ခင်းဘက် အားကစားရုံတခုမှာ အချိန်ပိုင်းရခဲ့တယ်
ကျမအလုပ်က အားကစားရုံထဲသန့်ရှင်းရေးလုပ်ရတယ် 

ထို အားကစားရုံလေးက ကျမတွက် အလင်းရောင်တွေပေးခဲ့တယ်
ထိုလူ သူက အရမ်းချောတယ်
သူက BasketBall ကစားသမားတျောက်

ပွဲအကြီးတွေမှာ မပါပေမယ့် ကျောင်းတွေမှာ ကျောင်းသားတွေနဲ့ ပြိုင်ရင် သူပါတဲ့ ဘက်က အမြဲ အနိုင်ရတယ်
သူရဲ့ အသားအရေက ဖွေးပီး မိန်းကလေးတျောက်ရဲ့ ခြေတံတွေထက် လှတယ်
သူကို့ ကျမ ချစ်မိသွားခဲ့တယ်

ဒီသန့်ရှင်းရေးအလုပ်က တနေ့ကို လုပ်ခက Won 15000ပဲရတယ် 
အရင်က လုပ်ခနည်းတဲ့ အလုပ်ဆို ကျမ မလုပ်ဘူး 
အရင်က အလုပ်တွေဆို Won 20000ရတယ်
ဒီအလုပ်က 5000ပိုနည်းပေမယ့် သူ့ကို ချစ်တဲ့ စိတ်နဲ့ မထွက်ခဲ့ဘူး
သူနဲ့ ကျမ အချိန်ကြာတော့ ခင်သွားတယ်
ကျမတို့ ခင်ပီး တပတ်အကြာမှာ သူကျမကို ရည်းစားစကားပြောတယ်

ကျမလည်း မိန်းကလေးဆိုတော့ တရက်လောက်စဉ်းစားမယ်ဆိုပီး
အဲ့တရက် ပီးတော့ အဖြေပေးလိုက်တယ်

ကျမ တို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်
ကျမသူ့ကို အရမ်းချစ်တယ်
သူကလည်းချစ်ပါတယ်
ကျမတို့ တွဲတာ 1နှစ်ပြည့်ပါတော့မယ်
ဒီကြားထဲမှာ ကျမ တို့ခဏခဏ ရန်ဖြစ်တယ်

အကြောင်းကတော့ သူ့ရဲ့ သံသယ စိတ်နဲ့ သဝန်တိုတဲ့ စိတ်တွေပဲ

တနေ့.......

ကျမရဲ့ ညဘက် အချိန်ပိုင်းအလုပ်ဖြစ်တဲ့
BBQဆိုင်မှာ စားပွဲထိုးအလုပ်မှာပေါ့

သဝန်တိုတတ်သော ကျမ ချစ်သူ(Completed)Onde histórias criam vida. Descubra agora