ကြွေ...............
လိုချင်လို့သူခူး အရူးအမူးချစ်ပြလို့
ငါ့အညှာ ငါခြွေ ငါကိုယ်တိုင်ကြွေပေးခဲ့တာ...
နုပျိုမှုတွေကို တရှိုက်မက်မက်ချွတ်ယူစားသုံး
သူပြောတဲ့ တစ်ထောင့်တစ်ညပုံပြင်တွေထဲမှာ
မျက်လုံးကိုစုံမှိတ်ပြီး အိပ်စက်ခဲ့ဖူးတယ်လေ....
ထိလွယ် ရှလွန်းတဲ့ အသည်းနုနုအူရိုင်းလေး
အချစ်အတွက် ရမ္မက်သွေးတွေ ဆူပွက်ခဲ့ရ
နောက်မှသိလိုက်ရတာ
သူ ငါ့ဘက် လှည့်မကြည့်ခဲ့ဘူး....
အရိုးထိအောင် စူး စူး စူး
သေမတက် ငါရူးပြီ
သူ စွန့်ပစ်ခဲ့တဲ့ ငါ့ရဲ့ယုံကြည်မှုတွေ
မျှော်လင့်ခြင်းတွေရော ဘာမှမထူးတော့....
အခုတော့ ငါဟာ
အရိုးခြောက်ခြောက် အရွက်ဖားဖားနဲ
အဆုံးမရှိတဲ့ လမ်းမထက်က ကြွေရွက်လေးတွေလို
တန်ဖိုးမဲ့ ဘဝပျက်ခဲ့ရပြီ.....မင်းသုဝေ(စိန်ပန်းမြေ)
YOU ARE READING
စတုဂံလွင်ပြင်
Poetryမင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ