ငါ မသိခဲ့ဘူးဆိုပါစို့
---------------------------- [၀ိုင်းဝိုင်း]ဟုတ်တယ်
မသိကိန်းတွေခိုအောင်းလွန်းလို့
ငါ့ကိုယ်ငါ ''ပင်လယ်'' လို့ ထားလိုက်တယ်
အော်သံတစ်အုပ်နဲ့အပူကိုဖျော်ချရင်း
ကိုယ်ယောင်ဖျောက်ထားတဲ့ သောင်တစ်စွယ်လောက်
တွေ့လိုတွေ့ငြား
လောကဓံဘုံမှာ ဆောင့်ကြောင့်ကြီးထိုင်ပြီး
ကိုယ့်ဦးနှောက်ကိုယ်ပြန်တူးကြည့်တယ်
နဲနဲလေးဇီဇာကြောင်တတ်တဲ့ကောင်မို့ထင်ပါရဲ့
ကိုယ့်ချွေးနံ့နဲ့တင် ကိုယ်အော်ဂလီဆန်တယ်ဘာတဲ့
အသားအရောင်ကိစ္စဟုတ်လား
အော် အော်ပြီးတော့သာရီလိုက်ချင်တယ်ဗျ…သိလား
ငါက ငါ့အငွေ့ငါခြုံပြီး တိမ်လိုလွင့်လာတဲ့ကောင်
ဖွဲဖွဲလေးကြဲချလိုက် အဆုပ်လိုက်ခုန်ဆင်းလိုက်နဲ့
ကျောက်တောင်တွေပေါ်ကလည်းလိမ့်ကျဖူးတယ်ကွ
ငြိမ့်ငြိမ့်လေးစီးရင်း ဒေါသနဲ့ထထပေါက်ဖူးရတဲ့ကောင်
အဲသလို အဲသလို ငါ့ကို မင်းစဉ်းစားကြည့်
ဘယ်လောက်များ အရောင်စုံခဲ့မလဲလို့ ……အင်း…နှုတ်ခမ်းနာတော့ခဏခဏဖြစ်ဖူးတယ်ဗျ
(အို) သွားစမ်း
ဘာဖြစ်သေးလဲ ငါကပင်လယ်ပဲ
ထပ်ညစ်လဲ သန်းခေါင်ထက်ညဥ့်မနက်ဘူး
ပက်လက်ကလေးလှဲပြီး
လေပြေမလေးကိုမျှော်မယ်……
အာသီသတွေတနင့်တပိုးထွက်ကျလာရင်
တံလှပ်စောင်ကိုခေါင်းမြီးခြုံပြီး
ငါ့အလွမ်းကိုဝှက်ထားလိုက်ရုံပေါ့
ဥပမာ( ငါ့ကိုယ်ငါ မသိခဲ့ဘူးဆိုပါစို့…)။
YOU ARE READING
စတုဂံလွင်ပြင်
Poetryမင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ