မင်းသမီးငိုသံတစ်ချက်နဲ့ စတင်တဲ့ဘဝ
ငိုသံတွေနဲ့ပဲ အဆုံးသတ်ရတော့မလား
အလွမ်း………အကြမ်း
အက်ရှင် ဒရမ်မာ
ဇာတ်စုံနဲ့ မင်းသမီး ( ကျွန်မ )
နှလုံးသားတစ်ခုလုံး ထောင်းလမောင်းကြေနေတာတောင်
ဘဝရုပ်ရှင်မှာ
နောက်ဆုံးရတဲ့ဆုက
''မာယာများသတဲ့''လား
( ဟက် )
ဒါရိုက်တာကြီးရေ………
ငိုသံတစ်ချက်နဲ့ စတင်တဲ့ဘဝ
ငိုသံတွေနဲ့ပဲ အဆုံးသတ်ရတော့မလား
တကယ်တော့
( ကျွန်မ ) က ''မင်းသမီး''ပဲမဟုတ်လားကွယ်……။ဝိုင်းဝိုင်း
YOU ARE READING
စတုဂံလွင်ပြင်
Poetryမင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ