°•~♡~•°
°•~♥~•°
♥
နှင်းစက်တို့ ကဗျာဆန်စွာ မင်းမူသော
တခုသောဆောင်းနံနက်ခင်းကြယ်ကလေးများ အိပ်တန်းတက်လို့
တိမ်တိုက်တို့ ဂျူတီကျပြီနေမင်းကြီးမွေးဖွားလိုက်သော အရုဏ်ဦးသည်
ညှင်းသွဲ့သွဲ့ကလေး အသက်ဝင်လာ၏တစီးစ နှစ်စီးစ ဖြတ်သန်းလာကြသည့်ကားများမှ
အစပြုကာ ဆိုးလ်မြို့သည်ပျင်းရိစွာ နိုးထလာသည်။စင်ဒရဲလားလိုမျိုးတေးသီကျူးကာ လာနှိုးမည့်ငှက်ကလေးတွေ မရှိသော်လည်း
Chen Chen ဆိုင်ရှေ့၌
ကျွတ်ကျွတ်ညံလာသော ကလေးများအသံကြောင့်
သူသည်လဲနိုးထလာရသည်သာ။ထပ်ခိုး ပြတင်းတံခါးလေး ဖွင့်ကာ
ဒီဇင်ဘာ၏နေ့သစ်တနေ့ကို
SeHun ကြိုဆိုလိုက်၏ပွတ်လောရိုက်နေတဲ့ ကလေးတစု ဆုံစည်းရာ
Candy & Cake အမည်ရ ဆိုင်လေးသို့
အကြည့်များစေစားလိုက်တော့မနက်စောစော ထပြီး အမှိုက်ကောက်လာသူ
ကလေးများကို ကိတ်မုန့်တစ်စိတ်စီဝေပေးသော
Chen Chen ~
အမှိုက်သရိုက်ပြည့်နေသောပူတူတူးများရဲ့
စလွယ်သိုင်း ကြိမ်ခြင်းကလေးများက သက်သေကလေးတွေကို ဒီအရွယ်ကတည်းက
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့
သင်ကြားပေးရမယ်ဟု ဂုဏ်ယူစွာ
ပြောတတ်တဲ့ သကောင့်သားSeHun ကိုလဲ မလိုအပ်ဘဲ ပန်းတွေ မခူးဖို့
မဝယ်ဖို့ Lecture ရိုက်တတ်သေးရဲ့။
ပါဝါရိမ်းဂျား မဟုတ်ဘဲ ကမ္ဘာကြီးကို
ကယ်တင်မည့်စွမ်းအားရှင်လူသားပါပေ။ငေးမောခြင်း အတတ်ပညာကိုခေတ္တရပ်
နှင်းစက်နှင်းပေါက်တို့
မျက်နှာပေါ် လာခစားသော
အထိအတွေ့ကို နှမြောတသစွာ ထားခဲ့ပြီး
တနေ့တာအလုပ်များကို စတင်ရသည်။ဗိသုကာ အင်ဂျင်နီယာဘွဲ့ရ သူက
ပန်းဆိုင်ပိုင်ရှင်ဟူသော
ဂုဏ်ပုဒ်ကိုသာ နှစ်ခြိုက်မက်မောသူ ။
YOU ARE READING
ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ~♥~ Completed
Fantasyချစ်သူ တည်သော သီးသန့်ကမ္ဘာ ကိုယ် ဖန်ဆင်းသော ပန်းများဖြင့် လှပစေသား ချစ်သူ တည်သော သီးသန့်ကမ္ဘာ ကိုယ်ဖန်ဆင်းသော ပန်းများဖြင့် လှပစေသား