♥
ရက်သတ္တပတ် အချို့ကျော်လွန်ပြီးနောက်
ကျွန်တော့် နေ့စွဲများ
ကမောက်ကမဖြစ်လာသည်။ဥပမာ
ကော်ဖီခါးခါးနဲ့ တနေ့တာ စတင်မိတာမျိုး
ဆိုင်အဝင် လှေကားထစ်မှာ ထိုင်၍
ဘာကိုမှန်းမသိ မျှော်နေမိတာမျိုးတချိန်က တယောက်သောသူ ပုံစံအတိုင်း
လူတွေအပေါ် ဖော်ရွေတတ်လာတာမျိုးဤသည်တို့ကို
လွမ်းဆွတ်ခြင်းဟု အမည်မတပ်လိုပါအမည်မသိ ကောင်လေးက
လွမ်းတသသ ဖြစ်ရသည်ကိုပင်
လက်တွေ့ဆန်စေခဲ့သည်။စုံတွဲအများစုလို ဆွေးနေငေးနေရမည့်
အမှတ်တရ နေရာများသို့
တကူးတက သွားရန် မလိုပါကန်တော်ကြီး| အင်းယားလဲ
သွားစရာ မလိုပါ။
ခိုလေးများကလဲ မေးငေါ့ကြလိမ့်မည် မဟုတ်ပါ။ပန်းဆိုင်လေးထဲတွင်သာ ကျောင်းသားလေး
ပုံရိပ်များက ပြည့်နှင့်နေသည်တမုံ့ဘယ်နေရာ ကြည့်ကြည့်
သူကောင်းသားလေးက ဖြီးပြနေသည်
မဲ့ပြနေသည်
ကောက်ပြနေသည်
တခု မဟုတ် တခု လုပ်ပြနေသည်လေရွှေဥာဏ်တော် စူးရောက်စွာ
ီဒီဇိုင်းဆွဲထားမိသောအိမ်လဲဟုတ် ဆိုင်လဲဟုတ်
သည်တနေရာနှင့်သာ ဘဝဖြစ်နေရသဖြင့်
ထပ်ခိုးပေါ် အိပ်ခန်းအထိ အနှီဂျလေဘီလေးကို
ခေါ်မပြမိသည့် ကိုယ့်ကိုကိုယ်ပင်
ကျေးဇူးတင်ရဦးမည်။Customer များဟာလဲ ဂယောင်းဂီဒို
ရပ်ကွက်မှာ နှစ်ချို့နေတဲ့ ကျွန်တော့်ကျ
အာလူးတောင် မဖုတ်သော်ငြား
ထိုအရူးပိစိအကြောင်းကို မေးစမ်းကြလေသည်။// Oh SeHun shi ကောင်လေးရော
မမြင်တာ ကြာပီနော် //ဟူ၍ တဖုံ
// Hansel နဲ့ဆော့နေတဲ့
ကလေးလေးကို ခေါ်ပေးဦး
အဘွား လွမ်းနေတယ်လို့လဲ
ပြောပေးဦးနော် //ဟူ၍ တမျိုး
အဆိုးဆုံးကတော့
YOU ARE READING
ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ~♥~ Completed
Fantasyချစ်သူ တည်သော သီးသန့်ကမ္ဘာ ကိုယ် ဖန်ဆင်းသော ပန်းများဖြင့် လှပစေသား ချစ်သူ တည်သော သီးသန့်ကမ္ဘာ ကိုယ်ဖန်ဆင်းသော ပန်းများဖြင့် လှပစေသား