Chapter 2 : Stress Reliever??

126 13 1
                                    

12-A ဟူ၍ ဆိုင်းဘုတ်တပ်ထားသည့်အခန်းထဲမှာတော့ ဖြောင့်ဆင်းနေသော ဆံပင်အဖြားလေးကို ombré ပန်းရောင်ဆိုးထားသောကောင်မလေးတစ်ယောက်ထိုင်ကာ စာအုပ်တစ်အုပ်ကိုသဲကြီးမဲကြီးဖတ်နေလေ၏။
သူကား Irene Bae Joohyun ဆရာဝန်မိသားစုမှဆင်းသက်လာသူဖြစ်ပြီး BAE Hospital Group ဆေးရုံအုပ်ကြီး၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ 18နှစ်ရှိပြီး Senior Yearရောက်ပြီဖြစ်သည်။

မြင်သူတိုင်းငေးကြည့်ရသောအလှ, ဆွဲဆောင်မှုရှိသောမျက်လုံး, နို့နှစ်ရောင်အသားအရည်ကိုပိုင်ဆိုင်ထားသည့်အပြင် မျိုးရိုးကောင်းမှဆင်းသက်လာသူဖြစ်သောကြောင့် ယခင်ဘဝက တိုင်းပြည်များကယ်ခဲ့သလားဟုပင် ထင်ရအောင် ကံကောင်းသူဖြစ်သည် ဟုပြောကြသသည်။
ထို့အပြင် ပညာရေးတွင်လည်းထူးချွန်သူဖြစ်သောကြောင့်ကျောင်းရဲ့vice-presidentနေရာကိုရရှိထားသူဖြစ်သည်။

Ireneလည်းစာအုပ်ထဲတွင်နစ်မြောနေရာမှ နာရီကိုကြည့်လိုက်ရာ
"ဟင်း ဘယ်သူမှလဲမရောက်ကြသေးပါလား ဒီနေ့ငါထွက်လာတာနည်းနည်းစောသွားတယ်"
ဟုတွေးရင်း
အိမ်မှာ မနက်စာစားခဲ့ပြီးပြီဖြစ်သော်လည်း အအေးတစ်ခုခုသောက်ရန် cafeteria ဘက်သို့ထွက်လာခဲ့လေသည်။
နို့ဘူးတွေထားတဲ့နေရာရောက်တော့ နို့ဘူးတစ်ဘူးလှမ်းယူလိုက်ရာ လက်တစ်ခုထိမိလို့လှမ်းကြည့်လိုက်တော့ မျက်လုံးအေးစက်စက်နဲ့ကောင်မလေးတစ်ယောက်။
"Oh...I'm sorry" သူလည်းသူ့အာရုံနဲ့သူမို့ အရှေ့ကလူကိုသတိမထားမိတာဆိုတော့သူကပဲစပြောလိုက်သည်။

ကောင်မလေးပုံစံကြည့်ရတာသူ့ထက်တစ်နှစ်လောက်တော့ငယ်မယ့်ပုံ။ သူ့ကိုစိုက်ကြည့်နေပြီး ခဏနေမှ သူ့နှုတ်ခမ်းဖျားက စကားတစ်ခွန်းမပွင့်တစ်ပွင့်...

"ရ...ရပါတယ်"
ထိုစဉ်
"Yah Jung Soojung နို့လေးတစ်ဘူးကို တော်တော်လေးလို့လား ဘာလို့အဲ့လောက်ကြာနေတာလဲ ကျောင်းတက်တော့မယ် "
သူတို့နဲ့ ခပ်လှမ်းလှမ်းမှကောင်မလေးတစ်ယောက်အော်ခေါ်လိုက်တဲ့အသံနဲ့အတူနှစ်ယောက်လုံးလှည့်ကြည့်မိလိုက်သည်။

" Jung Soojung ဆိုတာသူလား။"
Krystal ရဲ့ကျောပြင်ကိုကြည့်ရင်း Ireneတွေးလိုက်မိသည်။

-There's A Kind Of Hush-Where stories live. Discover now