PARK CHAN YEOL;
ရည်မှန်းချက်ချမှတ်ပြီး နောက်သုံးရက်အကြာတွင် သူ့fan signထိုးပေးပွဲရှိတယ်
ကျွန်တော် မှန်းထားတာက သူ့ကို ကျွန်တော်ကိုယ်တိုင်ခေါက်ထားတဲ့ ကြယ်လေးတွေကို ဘူးလှလှလေးနဲ့ထုပ်ပိုးပေးမယ်လို့လေ။
ပြီးတော့ သူ့ရှေ့မှာ ချစ်တယ်လို့ပြောမယ်❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ကျွန်တော်ရင်တုန်နေပြီ သူနဲ့တွေ့ရတော့မယ်လေ။သူလေ sign ထိုးခိုင်းတဲ့ ကောင်မလေးတွေကို သွားညီညီလေးတွေ ပေါ်အောင်ရယ်ပြနေတာလေ။မနာလိုလိုက်တာ~
မပိုင်တဲ့ချစ်သူကို သဝန်တိုမိနေတာဘဲနော်
အို~ ဘာလိုလိုနဲ့ကျွန်တော့်အလှည့်ရောက်ပြီဘဲ
"Baekhyun hyung ကျွန်တော့်ကို sign လေးထိုးပေးပါ ပြီးတော့ ဒီကြယ်ဘူးလေးကို လက်ခံပေးပါ"
ကျွန်တော့်ထက်ကြီးတော့ hyung ပေါ့နော်
"Arr အင်း။လက်ခံပါတယ် ကောင်လေးရယ်
မင်းမှာ နားရွက်ကားကားလေးတွေ ရှိတယ်နော်"
ကျွန်တော်သွေးတွေ ပြောင်းပြန်စီးသွားသလိုဘဲ
သေချာပါတယ် အခုကျွန်တော့်မျက်နှာ ကြက်ဥကြော်လို့ရအောင် နီရဲနေမယ်လို့်လေ။"Arr nae ကျေးဇူးတင်ပါတယ် ပြီးတော့ baekhyun hyung ချစ်တယ်"
"ကိုယ်လည်းချစ်ပါတယ်"
ချစ်ပါတယ်?fanမို့လို့ဝတ်ကျေတန်းကျေပြောတာလား?စိတ်ရင်းနဲ့လား?မေးလိုက်ချင်တယ်
"ကျွန်တော်သွားမယ်နော် နောက်တစ်ခေါက်တွေ့ကြသေးတာပေါ့ baekhyun hyung"
"Nae"
--------------------^^^^^^^^^---------------------
ကျွန်တော် မှန်းထားတဲ့အတိုင်း ဖြစ်ခဲ့ပြီ။
တစ်ခုဘဲကျန်တော့တယ် သူ့ကို ကျွန်တော့်အနား ရောက်အောင်ခေါ်ထားဖို့လေ
ကျွန်တော်အတ္တမကြီးပါဘူး
ဟုတ်တယ်မလား?
ကျွန်တော်ချစ်တဲ့သူကိုကိုယ့်အန်ားမှာရှိစေချင်လို့ပါ
*************အရူးရင့်ရင့်**************