Zawgyi
Chen-"စုံစမ်းရသလောက် Park Jong In က Kim Kaiဘဲ"
Suho-"ဘာဆိုင်လို့လဲ?"
Chen-"Kim Kai ရဲ့နောက်နာမည်တစ်မျိုးက Park Jon In တဲ့"
Lay-"ဘာဖြစ်လို့အဲ့လိုပြောနိုင်ရတာလဲ?"
မဖြစ်စေချင်ဘူး Kai, Chen လွဲနေတာလို့ဘဲ hyung ယုံကြည်ပါရစေ...
Chen-"တိကျတဲ့သက်သေ အထောက်အထားတွေကြောင့်ပေါ့ ငါအကုန်စစ်ဆေးပြီးပြီ Kim Kai နဲ့ Park Jong In နဲ့အားလုံးတူတယ် Aသွေးဆိုတာရော...မွေးနေ့..လက်မှတ်...ယုတ်စွအဆုံး Black coffee ကြိုက်တာကအစတူတယ်"
Lay-"ဟူး...."
hyung ယုံကြည်ထားပေမဲ့ Chen ကသက်သေအထောက်အထားနဲ့ပြောနေပြီ Kai...မင်းကတကယ်ဘဲ Herry လား...တကယ်ဘဲလူသတ်သမားလား?? Arni Herry ကလူသတ်သမားပါဆိုတဲ့သက်သေအထောက်အထားမှမရှိတာဘဲ...Herry ကလူသတ်သမားမဟုတ်ပါဘူး...hyung အဲ့လိုဘဲယုံကြည်မယ် Kai...hyung ကိုယ့်ညီကိုယ်လက်ထိပ်ပြန်ခတ်ရအောင်အထိတော့ အသည်းမမာဘူး
Suho-"Lay ဘာဖြစ်နေတာလဲ သက်ပြင်းတချချနဲ့"
Lay-"ဘာမှမဖြစ်ပါဘူး ဒီလိုပါဘဲ"
Chen-"ဒါနဲ့လေ ငါစဉ်းစားမရတာတစ်ခုရှိတယ် Kai ကဘာလို့ထွက်သွားရတာလဲဆိုတာကိုဘဲ"
Suho-"ဟုတ်တယ်နော် တကယ်ဆိုသူ့ပိုင်ဆိုင်မှုတွေအများကြီးပါ...Park Jung Min တို့သေရင် သူအားလုံးရမှာဘဲကို ဘာလို့ထွက်သွားရတာလဲ?"
Lay-"အကြောင်းရှိလို့နေမှာပေါ့ကွာ"
Lay သက်ပြင်းချကာ Laptop တစ်လုံးဖွင့်ရင်းပြောလိုက်သည်...
Suho-"Lay ဘာလုပ်မလို့လဲ?"
Lay-"ဟိုလူသုံးယောက်သေတုန်းက CCTV ကိုသေချာပြန်ကြည့်မလို့...တစ်ခုခုတွေ့လိုတွေ့ငြားပေါ့"
Lay ပြောတာကို Suho ရော Chen ပါထောက်ခံရင်း အဲ့နေ့က CCTV မှတ်တမ်းကိုတူတူကြည့်မိကြသည်
CCTV ထဲမှာပေါ်နေတဲ့ပုံက သေဆုံးသူ(3)ယောက်ရဲ့ပုံရိပ်နှင့် သူတို့နှောက်ယှက်နေတဲ့ကောင်လေးတစ်ယောက်ပုံသာ...ထိုကောင်လေးက CCTV ကိုကျောပေးရပ်ထားသလိုဖြစ်နေ၍ သူ့မျက်နှာကိုမမြင်ရပေ
ဝတ်ထားတဲ့အင်္ကျီကလည်း ပုံမှန်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထက်ကြီးနေတဲ့အင်္ကျီဆိုတော့ ဘယ်သူမှန်းခန့်မှန်းရခက်နေသည်မှာအမှန်ပင်...
BINABASA MO ANG
Black Killer(complete)
Fanfictionချစ်ခြင်းကိုအကြောင်းပြုနှလုံးသားကိုရင်းနှီးကာ လူသတ်လက်နက်ဖြစ်စေတယ်.... #Chanbaek #Yaoi Start date>>1.2.2017 End date>>>10.4.2017 ချစ်ခြင်းကိုအကြောင်းပြုနှလုံးသားကိုရင်းနှီးကာ လူသတ်လက်နက်ဖြစ်စေတယ်.... #Chanbaek #Yaoi Start date>>1.2.2017 End date>>>1...