Part-1
မွေးဖွားခြင်းဆိုတာလဲ တစ်ခဏတာပဲ သေဆုံးခြင်းဆိုတာလည်းတစ်ခဏတာပဲ ဒါပေမယ့် ဒီတစ်ခဏဆိုတဲ့အချိန်လေးထဲကို ဘာလို့ဒီလောက်ထိ နာနာကျင်ကျင်ဖြတ်သန်းနေရတာလဲဆိုတာ သူခုထိနားမလည်နိုင်သေး လူတွေပြောနေကြတဲ့ ပျော်ရွှင်ဆိုတာလဲ ဘာမှန်းသူမသိ ဒါမှမဟုတ် သူကိုယ်တိုင်က လူသားမဟုတ်လို့များ ဒီပျော်ရွှင်မှုကိုမသိတာများလား.........အချိန်ကာလတစ်ခုထိ ကျန်ရှိနေတဲ့အချိန်တွေကို အတွေးတွေနဲ့သာ လွင့်မျောနေတတ်တဲ့သူ ခုလည်း အနောက်ဘက်တောင်တန်းဆီမှ ပျောက်ကွယ်လုနီးပါး နေမင်းကြီးကို ကြည့်ရင်း အတွေးတွေထဲလွင့်မျောလို့နေမိပြန်သည်
Flash back#
"ထွက်သွား ငါတို့မင်းကိုအလိုမရှိဘူး မင်းအဖေလည်းသေသွားပြီ ဒီထက်ပိုပြီး မင်းကိုရွာမှာဆက်ထားနေရင် ငါတို့ရွာအတွက် မကောင်းတာတွေဖြစ်လာနိုင်တယ် ဒီတော့မင်းထွက်သွားတာကောင်းလိမ့်မယ်ထင်တယ်"
ငါးနှစ်ကျော်ကျော်ကလေးငယ်အတွက် ပတ်ဝန်းကျင်က ဝေဖန်မှုတွေဟာ အထီးကျန်ကြောက်လန့်စေတယ်ဆိုတာ ထိုပတ်ဝန်းကျင်ကိုယ်တိုင်က ကောင်းစွာနားလည်နိုင်လိမ့်မယ်လို့ သူယုံကြည်မိပါတယ် နာမည်မရှိ အမေမရှိ အဖေဖြစ်သူကမနေ့တစ်နေ့ကမှဆုံးပါးသွားခဲ့တဲ့ တစ်ကောင်ကြွက်ဖြစ်ရပ်ဟာ ကံကြမ္မာက သူ့အတွက်ပေးတဲ့ကံဆိုးမှုသပ်သပ်........
"အမေ"
ဘယ်အရပ်မှာရှိမှန်းမသိတဲ့ အမေ့ကိုတရင်း ထပ်ခါတလဲလဲ ငိုကြွေးခဲ့တဲ့ ညပေါင်းလည်းများခဲ့ပါပြီ လူတွေကပြောကြတယ် သူကမကောင်းဆိုးဝါးတဲ့....
ကျွန်တော်ယုံကြည်ပါတယ် ကျွန်တော်မကောင်ဆိုးဝါးဆိုတာကိုပေါ့ တစ်ခါတလေ ထွက်ထွက်လာတတ်တဲ့ လက်သည်းရှည်တွေရယ် သွားအစွယ်တွေနဲ့ နီရဲစူးရှလာတတ်တဲ့မျက်ဝန်းအစုံက ကျွန်တော်ဘာဆိုတာ သက်သေပြခဲ့တယ် ကျွန်တော်ဟာ ရွာသားတွေရဲ့အနာဂတ်အတွက် အသားစားမကောင်းဆိုးဝါးတစ်ကောင်........................