Part(1)

3.4K 160 1
                                    

ကျောင်းတက်ချိန်ရောက်ခဲ့ပြီ..
ကျွန်တော်အပျော်ဆုံးအချိန်ပေါ့..
ဘာလို့လဲဆိုတော့သူမျက်နှာလေးကိုနေ့တိုင်းတွေ့ရတော့မယ်လေ..ကျောင်းပိတ်ထားတဲ့ရက်တွေအတွင်းမှာ ကျွန်တော်ဟာအရူးတစ်ယောက်လိုဘဲဖြစ်ခဲ့တာ...

သူ့ကိုသတိရလို့...
သူ့ကိုလွမ်းလို့...
သူ့ကိုနှလုံသားရဲ့အနက်ရှိုင်းဆုံးနေရာကချစ်မိနေလို့လေ

ဒီနေ့တော့ ကျွန်တော် အရူးလိုနေခဲ့ရတဲ့ရက်တွေကုန်ဆုံးပြီလေ...အရင်လိုကျောင်းမှာသူ့ကိုခိုးခိုးကြည့်ပြီး ပျော်ရွှင်စရာနေ့ရက်တွေကိုဖြတ်သန်းရတော့မှာပေါ့...

သူ...သူဆိုတာကျွန်တော့်ရဲ့နှစ်ယောက်မရှိတဲ့ချစ်ရသူ Park Chanyeol တဲ့ သူ့နာမည်လေးလှတယ်မလား? ကျွန်တော့်အတွက်တော့အဲ့နာမည်လေးက ကျွန်တော့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာတည်ရှိနေခဲ့တာ

ဟော ပြောရင်းဆိုရင်းဝင်လာပါပြီ ကျွန်တော့်ရဲ့နတ်သားလေး...

သာမာန်ဆံပင်အနက်ရောင်လေးကိုနဖူးပေါ်ခပ်အုပ်အုပ်ချထားကာ စူးရှတဲ့မျက်ဝန်းတစ်စုံကိုပြိုင်ဆိုင်ထားတဲ့ကျွန်တော့်ချစ်ရသူ..

သူ့နဖူးပေါ်မှာခပ်ဝဲဝဲကျနေတဲ့အဲ့ဆံပင်တွေကိုကျွန်တော်သဘောမကျဘူး
ဘာလို့လဲဆိုတော့ သူတို့ကြောင့် ကျွန်တော့်ချစ်ရသူရဲ့ မကျဉ်းမကျယ်နဖူးလေးကိုမမြင်ရတော့ဘူးလေ

လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ကာ နားနှစ်ဖက်မှာနားကြပ်တတ်ထားတဲ့သူ့ပုံစံလေးက အရမ်းကို smart ကျလွန်းတယ်

သူ့ရဲ့တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံက ကျွန်တော့်ကိုရင်ခုန်အောင်စွဲဆောင်နေတယ်လေ

သူက ဒီကျောင်းရဲ့ King လေ...King ဆိုတဲ့အတိုင်းသူ့ကိုကြိုက်ကြတဲ့သူတွေမှကျောင်းမှာရိုက်သတ်လို့မကုန်ဘူး
ကျွန်တော်အပါအဝင်ပေါ့

သူကကျောင်းမှာဆိုအရမ်းမာနကြီးတဲ့ King လို့အမည်တွင်တယ်လေ...တကယ်လည်းမာနအရမ်းကြီးတယ် အဓိကကတော့မိန်းကလေးတွေကိုပေါ့...မိန်းကလေးတွေဆိုသူကနည်းနည်းတောင်အဖတ်လုပ်တာမဟုတ်ဘူး...အဲ့တာတောင်အဲ့မိန်းကလေးတွေက Chanyeol နားကိုအတင်းလိုက်ကပ်နေကြတာလေ

ဒုတိယလူWhere stories live. Discover now