Park(3)

1.1K 124 3
                                    

ကျနော်ထုံးစံအတိုင်းစောစောထကာ ကျောင်းကိုလာခဲ့တယ်
သူ့မျက်နှာလေးကိုအရင်ဆုံးမြင်ချင်လို့လေ...ဒါပေမဲ့သူကအမြဲကျောင်းနောက်ကျတယ် သူ့အိမ်နဲ့ကျောင်းကနည်းနည်းဝေးတာကို..

ကျနော်ကျောင်းရောက်တော့ ကျနော်ဘဲစိတ်ထင်နေတာလားမသိဘူး လူတွေကကျနော့်ကိုသတိထားကြည့်နေကြသလိုဘဲ
မဟုတ်လောက်ပါဘူးနော်

အချို့ကကျနော့်ကိုကြည့်ပြီး တိုးတိုးနဲ့ဘာတွေပြောသွားမှန်းမသိဘူး...ကျနော့်မျက်နှာမှာများတစ်ခုခုပေနေလို့လား?
အဲ့တာလည်းမဟုတ်ပါဘူး...အဲ့တာဆိုဘာဖြစ်လို့လဲ?

ကျနော်ဆက်လျှောက်လာရင်း အခန်းထဲရောက်တော့ ထုံစံတးအတိုင်းသူရဲ့နေရာလေးကိုတစ်ချက်ကြည့်မိတယ်...ဒီအချိန်ဆိုသူကျောင်းမရောက်သေးဘူးလေ

ဒါပေမဲ့ကျနော်ထင်တာလုံးဝမှားသွားပြီ...သူ..သူရောက်နေပြီလား? သူအခုကျနော့်ကိုစိုက်ကြည့်နေတာလား?

သူစိုက်ကြည့်နေသလို ကျနော်လည်းသူ့ကိုပြန်ကြည့်နေမိတယ်...အရင်တုန်းက သူနဲ့မျက်နှာချင်းဆိုင်ရမှာကြောက်တဲ့ကျနော်ကအခုသူ့ကိုစိုက်ကြည့်နေမိတာလား? Hak Byun Baekhyun တို့ဘယ်ကသတ္တိတွေရလာလဲမသိပါဘူး..

ကျနော်နဲ့သူအချိန်တော်တော်ကြာတဲ့အထိစိုက်ကြည့်နေမိပြီး သူ့သူငယ်ချင်းဖြစ်တဲ့ Chen ကသူ့ကိုခေါ်လိုက်မှ သူကျနော့်ဆီကအကြည့်တွေခွာသွားတယ်

Chen ကသူ့နားနားဘာကပ်ပြောလဲမသိဘူး သူကျနော့်ကိုလှည့်ကြည့်လာတယ်..ဒါပေမဲ့သူ့မျက်လုံးတွေရဲ့အဓိပ္ပါယ်ကိုကျနော်မဖော်တတ်ဘူး...Chen သူ့ကိုဘာတွေပြောနေတာလဲ? သေချာသလောက်ကတော့ကျနော့်အကြောင်းထင်တယ်
Chen ကကျောင်းမှာအပ်ကျတာကအစအကုန်သိတယ်လေ သတင်းစုံတယ်ပြောရမလား?

ဟမ်? ခဏ! သူတို့ကျနော့်ကိုကြည့်ပြီးပြောနေကြတာ ပြီးတော့ Chen သွားပြောတဲ့သူက Yeol ဆိုတော့ မဟုတ်မှ...
Sehun!!! Sehun ဘယ်ရောက်သွားလဲ? Sehun ကိုသွားရှာမှဖြစ်မယ်...

ကျနော် Sehun ကိုရှာဖို့အခန်းထဲကပြေးထွက်ခဲ့တယ်... လူတွေရဲ့အထူးအဆန်းကြည့်နေကြတဲ့မျက်လုံးတွေကိုလျစ်လျူရှုပြီးတော့ပေါ့..

ဒုတိယလူWhere stories live. Discover now