At Mark and Jin Young's side ,
Mark : အဲ့ဒါဆို Noona က စောစောကတည်းက
ကျွန်တော့်ကိုမရှင်းပြခဲ့တာလဲ?JYoung : ဒါက ကြားထဲက ဖြစ်သွားတဲ့ ကိစ္စလေးတစ်ခု
ရှိသွားလို့ပါ ... Appa နဲ့ Omma accident တစ်ခု
ဖြစ်ပြီး ဆုံးသွားခဲ့တယ်လေ။ Noona ကိုယ်တိုင်တောင်
စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးအထိရောက်ခဲ့လို့ အခုအချိန်ထိ
Yugyeom ကိုတောင် မပြောပြဖြစ်ခဲ့ဘူး။Mark : ဒါကတော့ တစ်ချိန်လည်း သိမှာပဲလေ Noona
ရယ် မပြောပြထားလို့ ဘယ်ဖြစ်ပါ့မလဲ?JYoung : ဟိုမှာကြည့်လိုက် ... Yugyeom နဲ့ မင်းနဲ့
ပါလာတဲ့ ကောင်မလေး ... Yugyeom က တစ်ခါမှ
အဲ့လောက်ရယ်ဖို့မပြောနဲ့ ပြုံးတောင်သိပ်မပြုံးခဲ့ဘူး။ ဒီ
မိန်းကလေးနဲ့ တွေ့မှ အဲ့လောက်ပြုံးလာနိုင်ခဲ့တာ ...Mark လှမ်းကြည့်လိုက်တော့ ဟုတ်ပါတယ်
Yugyeom က ရေခဲမုန့် ကျွေးသလိုနဲ့ Bam Bam
မျက်နှာကို သုတ်လိုက်လို့ Bam Bam က လိုက်သုတ်နေ
တဲ့ မြင်ကွင်းကို ... Bam Bam သုတ်လိုက်တဲ့ ရေခဲမုန့်က
ပိုများတာကြောင့် Yugyeom က စိတ်ကောက်ချင်ယောင်
ဆောင်နေတော့ Bam Bam က ပေနေတဲ့ရေခဲမုန့်တွေကို
ပြန်သုတ်ပေးလိုက်တဲ့ မြင်ကွင်းကိုပါ ထပ်မြင်လိုက်ရတော့
Mark ရင်ထဲ ဆို့တက်လာသလို ခံစားလိုက်ရသည်။JYoung : အဲ့ဒါကြောင့် Appa နဲ့ Omma ဆုံးတဲ့
သတင်းကို အဲ့ကောင်မလေးပြောခိုင်းမလားလို့ပါ ...Mark : Noona ...
JYoung : Jelba ... ကူညီပါ Mark ရယ် ...
Yugyeom က သူ့ကိုသဘောကျနေတယ်ထင်တယ်
သူပြောရင် အရမ်းမခံစားရလောက်ဘူးလို့ထင်တယ်Mark : Noona ပြောခိုင်းတာ မပြောခိုင်းတာ က ထားပါ
ဒါပေမယ့် Noona သိအောင် တစ်ခုတော့ပြောမယ်
Bam Bam က ကျွန်တော်ကိုယ်တိုင်လည်းချစ်တဲ့
ကျွန်တော်တို့နှစ်ဦးနှစ်ဖက်မိဘတွေကလည်း သဘောတူထား
တဲ့ မိန်းကလေးပဲ။ သူ့ကိုထိရင် ကျွန်တော်ဘယ်သူ့ကိုမှ
သည်းခံမှာမဟုတ်ဘူး။
YOU ARE READING
Waiting for yOu [ Zawgyi + Unicode ]
RomanceMark × Bam Bam from Got7 MarkBam Myanmar Fan Fic 💚