မာနကြောင့်ပျောက်ကွယ်နေတဲ့ချစ်ခြင်း

735 60 6
                                    

Part-3

ဘ၀မှာလိုချင်တာမှန်သမျှ ပူစာလိုက်တာနဲ့ ရတတ်တဲ့ကျွန်တော် ......ခုလိုမျိုးချစ်သူရှိပြီးသား ပြီးတော့ယောက်ျားလေးတစ်ယောက် သူ့အချစ်ကိုရော ကျွန်တော်ရနိုင်ပါ့မလား..... ကျွန်တော်မျက်နှာလေး တစ်ချက်ငြိုးတာနဲ့ ပြာယာခတ်ပြီး ဖြစ်ချင်တာကို ရအောင်လုပ်ပေးတဲ့ မာမီနဲ့ဒယ်ဒီကရော ဒီတစ်ခါကျွန်တော့် ဆန္ဒကိုလိုက်လျောပေးပါ့မလား.... မသိဘူးဗျာ ခုချိန်သိတာ ကျွန်တော်သူ့ကိုချစ်တယ် ရအောင်ယူမယ်ဒါဘဲသိတယ်...... ဘယ်လိုဘဲသူများတွေတားတား ဘာအခက်ခဲဘဲရှိရှိ နောက်မဆုတ်ဘူး ......ဟူး....အချစ်ဆိုတာ အဲ့လောက်ပူလောင်တဲ့ အရာမှန်းအရင်က တကယ်မသိခဲ့ဘူး.... ဘယ်လောက်ဘဲပူပူပါ သူနဲ့တွေ့ရင်တော့ အေးချမ်းသွားမှာပါ......

Yeol ® kaiထတော့ ဆက်ငိုက်မနေနဲ့တော့ အတန်းသွားတက်မယ် ....

KAI® ဘယ်အချိန်ရှိပြီလဲ..ဗိုက်စာတယ်ကွာဟေ့ Yeolမင်းငါ့ကို ကြက်ကြော်ကျွေးရဦးမယ်နော် မေ့မနေနဲ့

Yeol ® အေးပါကွာ. မင်းလည်းတစ်နေ့တစ်နေ့ မိုးလင်းတာနဲ့ အဲဒီကြက်ကြော်ဘဲအော်နေ သိလား..
မင်းအနောက်လည်းကြည့်ကြည့်ဦး အမြီးထွက်နေဦးမယ် ပြောနေရင်း မင်းရဲ့ခေါင်းမှာအမောက်တောင်ထွက် လာပြီ ဟားဟား.. ...

Kai ® Yeolစုတ် မင်းတွေ့မယ် မပြေးနဲ့ဟေ့ရောင်

Yeol ® ဟား............

ကျွန်တော့်ဘ၀မှာ အချစ်ဆုံးဆိုလို့ ဒယ်ဒီနဲ့မာမီရယ်ပြီးရင် Kaiဆိုတဲ့ ကျွန်ရဲ့ဆိုးဘော်ဆိုးဘက် သူငယ်ချင်းဘဲရှိခဲ့တာ... ခုတော့babyတစ်ယောက်တိုးလာပြီပေါ့... babyလည်း ကိုယ်ချစ်သလိုပြန်ချစ်ရင်ကောင်းမှာဘဲ.

Yeol ® ဆရာမရှင်း

Tr.ရှင်း ® ဪ သားတို့ရောက်လာပြီလား ဥက္ကဌကြီး ကပြောထားပါတယ် သာတို့ဆရာမအခန်းမှာ စာသင်မှာကို ...

Yeol ® ဟုတ်ကဲ့ ...ကျွန်တော်ပြောစရာလေးရှိလို့ ....

မာနကြောင့်ပျောက်ကွယ်နေတဲ့ 💗ချစ်ခြင်း💗Where stories live. Discover now