မာနကြောင့်ပျောက်ကွယ်နေတဲ့💗ချစ်ခြင်း💗

612 60 2
                                    

Part-4

Suho : Dyo နဲ့Baekရေ မနိုးသေးဘူးလား ထကြတော့လေ ဒီနေ့ဆေးရုံးသွားရမှာမဟုတ်လား တော်ကြာနောက်ကျနေဦး မယ်

Baek : Baekkie ကနိုးနေတာကြာပြီမမရေ... မမမောင်မထသေးတာ..အဲဒီ'ကို'ကလေနိုးရတာ အရမ်းခက်တယ်.Baek နှိုးနေတာ နာရီဝက်ကျော်နေပြီ ခုထိမထသေးတာ..

D.O. : ထပါပြီ puppy ရယ်

Baek : ဘာ...ဘယ်လိုခေါ်လိုက်တယ် ဦးပင်ဂွင်းနော် တော်ပြီစိတ်ဆိုးတယ်..ဒီနေ့ဆေးရုံကိုမလိုက်တော့ဘူး.....

D.O.: ဟာ! ချစ်ကလည်းကိုကစနေတာကို...စိတ်မဆိုးပါနဲ့နော်...လိုက်ခဲ့ပါ...

Beak: တော်ပါအပိုတွေ လုပ်မနေနဲ့ ....လူကြည့်တော့ ကလေးပုံစံနဲ့ လူကြီးကသိပ်လုပ်ချင်တာ....

D.O.: ဘာဖြစ်တယ်.......

Suho : ကဲတော်ကြတော့ ထမင်းလာစားကြ...မမ မင်းတို့အစ်ကို ကိုသွားခေါ်လိုက်ဦးမယ်....

D.o & Baek : ဟုတ်..ကောင်းကောင်းစားပါ့မယ်။

ဒီနေ့တော့ကျွန်တော်စိတ်မရှုပ်ရတော့ဘူးထင်ပါတယ်..ဘာလို့လဲဆိုတော့ဒီနေ့ကျောင်းမတက်ရဘူးလေ..ကျွန်တော် စိတ်ရှုပ်တာကျောင်းတက်ရလို့ မဟုတ်ဘူးနော် အဓိကအကြောင်းက ဟိုလောရှည် နှာဘူးကောင် ကိုမတွေ့ရတော့ဘူးလေ.. ကျွန်တော်နဲ့ အဲဒီလောရှည်နဲ့ Canteen မှာရန်ဖြစ်ပြီးကတည်းက သူကျွန်တော်လိုက် နှောင့်ယှက်နေတာ...စာသင်ခန်းထဲ လည်းစာလိုက်မလုပ်ဘူး ကျွန်တော်ကိုဘဲတစ်ချိန်လုံး လိုက်ကြည့်နေတာ...ကျွန်တော်ကစိတ်ဆိုးပြီး အော်လိုက်ရင်လည်း ပြုံးပြုံးကြီးနဲ့ဘဲပြန်ကြည့်နေတာ...ကျွန်တော်ကိုတကယ်စိတ်ဒုက္ခပေးတဲ့ လောရှည်...ကျွန်တော်မှာBaekkie ရှိနေတာလည်းသိတယ် ယောက်ျားအခြင်းခြင်း မဖြစ်နိုင်တာလည်းသိရဲ့နဲ့ လိုက်နှောင့်ယှက်နေတာ ...မင်းကအခြောက်လားလို့ ကျွန်တော်ခပ်ရိုင်းရိုင်းပြောတော့လည်း အပြုံးမပျက်ဘဲ ဘာပြောလဲဆိုတော့ "ငါမင်းတစ်ယောက်တည်း ဘဲချစ်တာ..ဘယ်ယောက်ျားမှ မချစ်ဘူးတဲ့ မင်းရဲ့ဖြစ်တည်မှုလေးကိုဘဲချစ်တာတဲ့ ငါမိန်းကလေးတွေနဲ့လည်း တွဲနေတာဘဲ...ငါမခြောက်ဘူးတဲ့ ငါမင်းကိုချစ်တဲ့အချစ်က ယောက်ျားမို့လို့ မိန်းမမို့လို့ဆိုပြီး ခွဲခြားပြီး ချစ်တာမဟုတ်ဘူး..အဲ့တော့ငါမင်းကိုရအောင်ယူမယ် ပိုင်အောင်လုပ်မှာတဲ့...." အဲလိုပြောလို့ ကျွန်တော်မှာစိတ်တိုပြီး သူ့ကိုထိုးပါထိုးလိုက်မိတယ်...တကယ်ပါကျွန်တော်လေအရမ်းစိတ်ရှုပ်တယ်....ချစ်ကနားလည်နိုင်ပေမယ့် ချစ်ကိုအားနာနေမိတယ် ဖြစ်နိုင်ရင်အဲ့ဒီလောရှည်နှာဘူး မရှိတဲ့နေရာမှာဘဲ နေချင်တယ်...ကျောင်းပြောင်းမယ်ပြောတော့လည်း ချစ်ကမပြောင်းချင်ဘူးတဲ့....ခုဆိုရင် ကျောင်းသွားရမှာတောင်ကျွန်တော်မှာ ခပ်လန့်လန့်ရယ်...အဲ့ကောင်ကတကယ်အရူး မထင်ရင်မထင်သလိုလုပ်တာ လူကြားထဲလည်းမရှောင် ကျွန်တော်ကို ချစ်တယ်ဆိုပြီး အော်ပြောတဲ့အခါ အော်ပြောနေတာ ကျွန်တော်သူ့ကို အဖက်လုပ်အောင် အမြဲလုပ်နေတာ တစ်ခါကလည်းသူ့ကြောင့် ကလေးမလေးတစ်ယောက်ငိုသွားတယ်...ကလေးမလေးကလည်းကလေးမလေးဘဲ ကျွန်တော်မှာ Beak ရှိနေတာလည်းသိရဲ့နဲ့ကျွန်တော်ကို ရည်းစားစာလာပေးတယ်လေ...အဲ့ဒါကို အဲ့လောရှည်ကမြင်သွားပြီး ကလေးမလေးရဲ့ ရည်းစားစာကို ကျောင်းကNotic Bookမှာသွား ကပ်လိုက်တယ် တစ်ကျောင်းကသိတော့ ၀ိုင်းဟားကြတာပေါ့ ကလေးမလေးလည်းဝိုင်းဟား ခံရတော့ ရှက်ပြီးငိုပါရော...ကျောင်းကိုတောင် တစ်လတိတိမလာတော့ဘူး အရမ်းရှက်သွားတာ နေမှာ.....စိတ်တွေလည်းညစ်ပါတယ်.. ပြောရရင်တော့ တကယ့်တကယ်ကို အများကြီးရှိသေးတယ်..... တော်သေးတာက ကျွန်တော်ရဲ့ Baek ကိုဘာမှမလုပ်လို့တော်သေးတယ် ..

မာနကြောင့်ပျောက်ကွယ်နေတဲ့ 💗ချစ်ခြင်း💗Where stories live. Discover now