Intro

2.5K 109 17
                                    

Zawgyi

Kim Taeyeon က သူမရဲ့ အစ်​ကို Kim Taehyung အဖြစ်​ ဟန်​​ဆောင်​​နေထိုင်​ပါတယ်​ Taeyeonက ဆိုးလ်​မှာရှိတဲ့ နိုင်​ငံတကာ အဆင့်​မှီ Fine Arts တက္ကသိုလ်​မှာ Taehyung အဖြစ်​နဲ့ စာ​လေ့လာ​နေတယ်​။ ဒါကလည်း သူမအစ်​ကိုရဲ့ ရည်​မှန်းချက်​ကို ဖြည့်​ဆည်း​ပေးဖို့ပါ။သူတို့​မောင်​နှမနှစ်​​ယောက်​က အမွှာ​တွေအတိုင်းပဲ ရုပ်​ချင်းက တူလွန်းတယ်​​လေ။ ဒါက Taeyeon အတွက်​ Taehyung အဖြစ်​ဟန်​​ဆောင်​ဖို့ လွယ်​ကူခဲ့ပါတယ်။

Tiffany Hwang က မိဘမဲ့တစ်​​ယောက်​ပါ။ သူမက piano တီးတဲ့​နေရာမှာ အရမ်းကို ထူးချွန်​ပါတယ်​။ သူမက piano ကို ​ပေါ့​ပေါ့ပါးပါး​လေးနဲ့ အားမစိုက်​ရဘဲ အ​ကောင်းဆုံးဖြစ်​​အောင်​တီးနိုင်​ပါတယ်​။ သူမရဲ့ အလှတရားနဲ့ ဖြူ စင်​ရိုးသားမှု​တွေက သူမကို ​ကျောင်းမှာ ​ကျော်​ကြား​စေပါတယ်​(Taeyeon နဲ့ တက္ကသိုလ်​ချင်းတူပါတယ်​)။
သူမက ​မွေးကတည်းက အခုထိကို Single တစ်​​ယောက်​ပါပဲ။သူမကို ချစ်​သူအဖြစ်​ ရယူဖို့ ​ကောင်​​လေး​တွေက ပိုးပန်းကြိုးစားကြ​ပေမဲ့လည်း​ပေါ့။အခု​တော့ သူမ ဖက်​ရှင်​ ဒီဇိုင်းမှာ ဝိဇ္ဇာဘွဲ့   နဲ့​ရောင်းဝယ်​မှုအ​ကြောင်း​တွေကို သင်​ယူ​နေပါတယ်​။

Kim Taehyung က Taeyeonရဲ့အစ်​ကိုဖြစ်​ပြီး coma ၃နှစ်​ခန့်​ဝင်ကာ ​သေဆုံးခဲ့သည်​။
သူ့ရဲ့ ​နောက်​ဆုံး ဆန္ဒက​တော့ Fine Arts တက္ကသိုလ်​မှာ အ​တော်​ဆုံး​ကျောင်းသားတစ်​​ယောက်​ဖြစ်​ပြီး ဘွဲ့ရချင်​ခဲ့ပါတယ်။

Taehyung က တက္ကသိုလ်က​နေ စာ​မေးပွဲ​အောင်​ပြီး Scholarship ရတဲ့ အ​ကြောင်းကို အသိ​ပေးတဲ့ စာကိုရရှိခဲ့တယ်​။ သူအရမ်း​ပျော်​​နေခဲ့တာကို Taeyeon သိ​နေပါတယ။်​Taehyung က အဲ့ဒီတက္ကသိုလ်​မှာ scholar အ​နေနဲ့ အ​တော်​ဆုံးကျောင်းသားဖြစ်​ပြီး ​ကျောင်းပြီးချင်​တယ်​လို့  အမြဲ​ပြော​လေ့ရှိခဲ့ပါတယ်​။သူက သူ့နာမည်​ပါတဲ့ ဒီပလိုမာကို သူ့ရဲ့ မိသားစုအတွက်​ ဂုဏ်​အဖြစ်​ ​ပေးအပ်​ချင်​ခဲ့တယ်​။သူက အဲ့ဒါအတွက်​ ဆန္ဒ​စောလွန်းပြီး အရမ်းကြိုးစားချင်​ခဲ့တယ်​။ဒါက​တော့ သူ့ရဲ့ ကားတိုက်​မှု မဖြစ်​ခင်​ကပါ။

My Healer [HIATUS]Where stories live. Discover now