Zawgyi
Early Morning,
ဆိုးလ် ရဲ့ နိုင်ငံတကာ အဆင့်မှီတက္ကသိုလ်မှာ ကျောင်းသားတွေ အတွက်ကတော့ အလုပ်ရှုပ်တဲ့ နေ့ပါပဲ ။သူတို့တွေ အရမ်းကြိုးစားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့တက်တဲ့ တက္ကသိုလ်က အကောင်းဆုံး အတော်ဆုံးနဲ့ အရမ်းတော်တဲ့ လူတော်တွေကိုပဲလက်ခံတာမို့လို့ပါ။
တက္ကသိုလ်က အလွန်တရာ ကျယ်ဝန်းပါတယ်။အဲ့ဒီမှာ လွယ်ကူသက်သာပြီး အခက်အခဲမရှိစေရန် အဆင့်မြင့်နည်းပညာများဖြင်ပြု လုပ်ထားတဲ့ ကိရိယာတန်ဆာပလာတွေလည်း ရှိပါတယ်။ပြီးတော့ ကားရပ်ရန် ကားပါကင်တွေကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အများအပြားရှိတယ်။တခြား စက်ယာဉ်တွေ အတွက်လည်း နေရာတွေရှိပါသေးတယ်။ အဲ့ဒီက ကျောင်းသားအများစုက အရမ်းချမ်းသာကြပါတယ်။ဘာလို့လဲဆိုတော့ သူတို့က အလွန်တရာမှ ဈေးကြီးလှတဲ့ ကျူရှင်တွေလဲ တက်နေသောကြောင့်ပင်။့
အနည်းငယ်သော ကျောင်းသားတွေကသာ Scholar တွေဖြစ်ကြပါတယ်။သူတို့တွေအားလုံးက ပိုက်ဆံပေးစရာမလိုပေမဲ့ တက္ကသိုလ်မှာ ဆက်နေရဖို့ရန်အတွက် သူတို့ရဲ့ အဆင့်တွေကို ထိန်းထားဖို့လိုပါတယ်။
Taehyung တဖြစ်လဲ Taeyeon က တက္ကသိုလ်မှာ scholarship နဲ့ကျောင်းတက်နေသူဖြစ်တယ်။သူမရဲ့ အစ်ကိုက ဝင်ခွင့် စာမေးပွဲအောင်ခဲ့တယ်လေ။သူမက ကျောင်းမှာ အရမ်းကြိုးစားပါတယ်။သူမနဲ့ သူမအစ်ကိုက တူညီတဲ့ အရည်အချင်းရှိတဲ့အပြင် ပုံဆွဲခြင်း၊ပန်းချီဆွဲခြင်း နဲ့ ဓာတ်ပုံရိုက်ခြင်းတောင်မှ အရည်အချင်းတူပါတယ်။သူမတို့နှစ်ယောက်က ပန်းချီပညာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ရင် တော်ကြပါတယ်။
အခန်းရဲ့ အပြင် ဝရန်တာမှာ Taeyeon နဲ့ Heechul တို့ လှည့်ပတ်ကစားနေကြတယ်။
Heechul က Taeyeon ကို သူမရဲ့ ကင်မရာယူကာ စနေတယ်။သူမရဲ့ ကင်မရာက Polaroid Camera ပါ။Taeyeon က Heechul ဆီကနေ ကင်မရာရဖို့ လိုက်ယူနေတယ်။ဒါပေမဲ့ Heechul က အရပ်ရှည်ပြီး Taeyeon မမှီအောင်ကလို့ ကင်မရာကိုင်ထားတဲ့သူ့လက်ကို အမြင့်ကြီးမြှောက်ထားလိုက်တယ်။