Part-1(Intro)

736 41 7
                                    

၃နှစ်သားကတည်းကမေမေ့ရဲ့ဂရုစိုက် မှုတွေတင်မဟုတ်ဘဲကျွန်တော့်မေမေဆိုတာဖြူသလားမည်းသလားတောင် မသိလိုက်ဘဲ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော့် ဘဝမှာ ဖေဖေဆိုတာက လည်း နိုင်ငံရပ်ခြားမှာစီးပွားရှာရင်း ငွေပို့ပေးရုံအပြင် ကျွန်တော်လိုချင်တဲ့ မေတ္တာဆိုတာကို အဒေါ်တွေ ဦးလေး တွေဆီကပဲရနေခဲ့ရတာ...။ မိသားစု ဆိုတာဘယ်လိုအရာမျိုးမှန်း မသိခဲ့ တဲ့ကျွန်တော်ဟာအစွဲအလမ်း ကြီးပီး အပေါင်းအသင်းတွေကိုပဲ တွယ်တာ
မက်မောခဲ့ရတယ်...။ကျွန်တော့်အဒေါ်
ဒေါ်နွယ်နွယ်မင်း ကတော့ ကျွန်တော် ကဖေဖေနဲ့တူလို့ ယောက်ျားပီသပီးခန့် ချောလေးဖြစ်မှာလို့ ခနခနပြောလေ့ရှိ
တယ်ဗျ။ အန်တီနွယ် နဲ့ ဦးလေး ဦးကောင်းခန့် တို့ကတော့ သူတို့မှာ ကျွန်တော့်ထက် ၃နှစ်ငယ်တဲ့ သားအရင်း ခန့်စွမ်းရည်မင်း ရှိနေတာ
တောင် ကျွန်တော့်ကို သားရင်းတစ် ယောက်လို လိုလေသေးမရှိအောင် စောင့်ရှောက်ပေးခဲ့ပေမယ့် လိုချင်တာ မှန်သမျှရနိုင်တယ်လို့လူတွေထင်နေတဲ့ ကျွန်တော် ရှိုင်းနေခန့် ရဲ့ဘဝ ဟာတကယ်တမ်းတော့ လိုတာမရ ရ တာမလိုဆိုတဲ့ ဘဝမျိုးပါပဲဗျာ....။
# # #
ဖေဖေနဲ့မေမေရဲ့ စည်းစနစ်ကြီးတဲ့ အုပ်ထိန်းမှုတွေအပြင် ကျွန်တော့်အ ထက်ကအစ်မနှစ်ယောက်ရဲ့လွှမ်းမိုးမှုတွေအောက်မှာ နေထိုင်ခဲ့ရတဲ့ ကျွန်တော် သျှားထက်နိုင် ကသာမန်
ယောက်ျားလေးတွေလိုမဟုတ်ပဲ သူများတွေအမြင်မှာတော့ လိုတာ ထက်ပိုပြီး သိမ်မွေ့လွန်းနေတယ်ဆို
ရင် အဲ့ဒါကျွန်တော့်အပြစ်ချည်းပဲလို့
တော့ ပြောလို့ဘယ်ရပါ့မလဲနော်...။
မေမေနဲ့ ချွတ်စွပ်တူတဲ့ ရုပ်ရည်ကို
လည်းပိုင်ဆိုင်ထားသေးတဲ့ကျွန်တော့်
ကို တခြားသူတွေမပြောနဲ့ အစ်မတွေ
ကပါ မိန်းကလေးတစ်ယောက်လို ပြင်ဆင်ပေးချင်နေလောက်အောင် နူးညံ့သိမ်မွေ့လွန်းနေတဲ့ ကျွန်တော် လည်း ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျခဲ့
ပေမယ့် ရုပ်ရည်တင်မကဘဲ ခန္ဓာကိုယ်ကပါပျော့ညံ့နေတော့ ကျွန်တော့်ကို လူတွေ အခြောက် ဆိုတဲ့အသုံးအနှုန်းတွေနဲ့စော်ကားကြတာကိုလည်း အပြစ်မတင်ချင်ပေမယ့် အဲ့လိုဖြစ်လာအောင်မွေးဖွားခဲ့ရတဲ့ ကျွန်တော့်ဘဝပေးကုသိုလ်ကံဆိုတာ ကြီးကိုတော့တော်တော်လေးမုန်းတီးနေခဲ့မိတာဗျ...။

# # #

ကောင်းသန့်မင်း ဆိုတဲ့ ကျွန်တော်က တော့ အင်ဂျင်နီယာ ဖေဖေနဲ့ တက္ကသိုလ်က ကျူတာမေမေတို့ရဲ့ တစ်ဦးတည်း သောသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရသူပီပီငယ်ငယ်ကတည်းက အလိုလိုက်ခံလာရတာမို့လည်း ဂျစ်ကန်ကန်နဲ့ သူများတွေအမြင်မှာ တော့ခပ်ဆိုးဆိုးသားလေးတစ်ယောက်ပေါ့ဗျာ...။ တကယ်တော့လည်း သူတို့တွေထင်မြင်နေသလိုပါပဲ ကျွန်တော် ကလည်း သားလိမ္မာလေး တစ်ယောက်လိုတော့မနေခဲ့ဖူးဘူးရယ်..။
အသက်ကသာ ၁၄ နှစ်ပေမယ့် ကျောင်းမှာ ရည်းစားတွေက မှိုလို ပေါက်အောင်ထားသေးတာ...။ ဒါကလည်း ကျွန်တော့်အပြစ်ချည်း လို့တော့ ဘယ်ပြောလို့ရမလဲလေ..။ လက်ခုပ်ဆိုတာက နှစ်ဖက်လုံးတီးမှ မြည်တာမျိုးဗျ..။ HkHk! ပိုဆိုးတာက ကျွန်တော်တွဲတာ မိန်းကလေးတွေ တင်မဟုတ်ဖူးဗျ ယောက်ျားလေးတစ်ယောက်နဲ့ကလည်းတွဲခဲ့သေးတာ...။ ကျွန်တော်ကသူများတွေကိုလည်း အသဲခွဲဖူးသလို ကိုယ့်ကို အသည်းခွဲ သွားကြတဲ့သူတွေကလည်း ရှိသေး တယ်..။ ကြာတော့ဗျာ... ကိုယ်ကတန်ဖိုးထားသလောက်ကိုယ့်
ကိုတန်ဖိုးမထားတဲ့ အချစ် ဆိုတာကြီး
ကို ကျွန်တော့်အတွက် ကစားစရာ တစ်ခုလို့ပဲ သဘောထားလိုက်တော့
တယ်...။ အဲ့ဒီ အချစ် ဆိုတာကို ကျွန်တော်ကအယုံအကြည်မရှိတော့တာ...။

# # #
Main character ၃ ယောက်ရဲ့ profile intro လေးပါ...။ ပထမဆုံးရေးတဲ့ fic မို့ အရေးအသားမကောင်းရင် ခွင့်လွှတ်ပေးပါ !!

If For HimWhere stories live. Discover now