"ရှိုင်း...ရှိုင်း....ဟျောင့် ခုထိမနိုးသေးဘူးလား!? "
အခန်းတံခါးရှေ့မှလှမ်းအော်နေသော သျှားထက်နိုင် ၏အသံကိုကြားနေရသော်လည်း ရှိုင်းနေခန့် တစ်ယောက် တမင်ဆက်အိပ်နေလိုက် သည်။ နွေရာသီ ကျောင်းပိတ်ရက်မို့နေ့တိုင်း မနက် တည်းက ညထိ သူတို့အိမ်ကိုလာနေနေကျပေမယ့် ဘာလို့ မနက်ကို အစောကြီး လာလာနှိုးမှန်းမသိ...။ ခုလည်း အခန်း တံခါးကို လာခေါက်ပြီးသာနှိုးနေ တာအချိန်က ၇ နာရီပဲရှိသေးသည်။
" ဟျောင့် ရှိုင်း... ထတော့လို့ ဟျောင့်...၊ဒီနေ့ ခေတ်နှင်း ဆီသွားလည်မယ်ဆို!? မင်းပဲမနေ့က ပြောထားပြီးတော့ ခုထိအိပ်ယာကတောင် မထနိုင်သေးဘူး "
"ဟာ...ဟုတ်သားပဲ! ခုမှသတိရတယ်၊ အေး ဟျောင့် ငါထပီ ခန! မျက်နှာသစ်ပြီးရင် ထွက်ခဲ့မယ်! "
" အေးအေး... မြန်မြန်လုပ် သွားတော့တိုက်ခဲ့ဦးနော်"
" အေးပါကွာ..."
.......................................
မျက်နှာသစ်တယ်သာပြောတာ တော်တော်ကြာနေ ပြီ...။
"ဟျောင့်...ပြီးပြီ၊ လာသွားရအောင် "
အတွေးပင်မဆုံးသေး သကောင့်သားက ကော့ပြန် နေအောင်ဝတ်စားပြီး ထွက်လာသည်။
" မင်းမျက်နှာသစ်တာကလည်း ကြာလှချည်လားကွ !? ပေါင်းတွေဘာတွေတင်နေသေးတာလား!?"
" အာ...ဘယ်ကလာပေါင်းတင်ရမာ၃..! ရေချိုးချင်စိတ်ပေါက်သွားလို့ကွ အာ့ချိုးနေတာ၊ မကြာပါဘူးကွ ခနလေးကို"
" အေးပါ! ပြီးပြီဆိုလည်း သွားတာပေါ့ "
" အန်တီ နွယ်...သားတို့သွားပြီနော်! ဆိုင်ကယ်ယူသွားပြီ၊ တာ့တာ! "
သူ့အဒေါ်ကို နှုတ်ဆက်လိုက်ပြီးအိမ်ရှေ့က ဆိုင်ကယ်ကို တက်ခွလိုက်ကာသော့ကိုလှည့် ဖွင့်လိုက်သော ရှိုင်းနေခန့် စကားအဆုံးတွင် သျှားထက်နိုင် တစ်ယောက် ကြက်သီးပင်ထသွား သလို ခံစားလိုက်ရသည်။
" ဘာ!!?? ဆိုင်ကယ်!? မင်း မောင်းမှာတော့ မဟုတ်ပါဖူးနော် "
ဆိုင်ကယ်ပေါ်ရောက်နေတာတောင် မဟုတ်ပါစေနဲ့ ဟူသည့်ပုံနှင့် မျှော်လင့်တကြီးမေးလာသော သျှားထက်နိုင် မျက်နှာက ရယ်ချင်စရာ...။
STAI LEGGENDO
If For Him
Storie d'amoreသူ့အတွက်ပေးဆပ်ထားတဲ့ကျွန်တော့်အချစ်တွေ မှာ ရယူခြင်းတွေမရှိရင်တောင် ထာဝရအတွက် ပြောင်းလဲခြင်းဆိုတာတော့ ရှိလာမှာမဟုတ်ဘူး ကျွန်တော်က... သူ့အတွက်ဆိုရင်...ဘာမဆိုပေးဆပ်ရဲတယ်