Scalene (4)

632 68 14
                                    

မေးခွန်းများနှင့် ပြည့်နှက်နေသော မျက်ဝန်းလေးနှင့်သူမကို
ကျနော့ ကျောပိုးအိတ်လေးထဲက
လက်ဆောင်ဘူးတစ်ဘူးကိုထုတ်ပေးလိုက်သည်

Sowan ; ဒါဘာလဲ
က်မက မသိတဲ့လူဆီက လက်ဆောင်ကို
လက်မခံတတ်ဘူးရှင့်

ခက်ချေချေပြောလိုက်သော သူမအမူအရာလေးက
မုန်းစရာမကောင်းပဲ ရယ်စရာကောင်းနေတာကြောင့် ကျနော်
အသံထွက်ရယ်မိသည်

Jimin ; အရင် ဖွင့်ကြည့်လိုက်ပါအုံးကွာ

အဲ့တော့မှ မတတ်နိုင်လို့ဟူသော
အမူအရာနှင့် လက်ဆောင်ဘူးကိုဖွင့်ကြည့်သည်

Sowan ; ဟင် ဒါ ကျမဖိနပ်လေးပဲ
ဘယ်လိုဖြစ်ပီး ?

Jimin ; ငါကောက်ရလို့သိမ်းထားတာ
အဲ့နေ့က မင်းဆိုင်ကယ်ကို တိုက်မိတဲ့ကားက
ငါစီးလာတဲ့ Taxi လေ

Sowan ; ဒါပေမဲ့ ဒီလောက်ဟောင်းနွမ်းနေတဲ့ဖိနပ်ကို
လက်ဆောင်ဘူးနဲ့တောင် ဘာလို့ ထည့်သိမ်းထားတာလဲ

Jimin ; ငါလည်းမသိဘူး
စိတ်ထဲမှာ ထူးဆန်းနေလို့ သိမ်းထားတာ
ပီးတော့ မင်းနဲ့ပြန်တွေ့မယ်လို့ ယုံကြည်နေမိလို့

Sowan ; ဘာကြောင့်?

Jimin ; ဒါတော့ငါလည်းမပြောတတ်ဘူး
ထူးဆန်းတာတော့ ထူးဆန်းတယ်
ငါသေချာသိတာတစ်ခုက ဒီဖိနပ်လေးက
မင်းအတွက် တစ္ခုခု အဓိပ္ပာယ်ရှိတဲ့အရာဖြစ်မယ်လို့
စဉ်းစားကြည့်လေ
ဒီခေတ်ကြီးမှာ ဘယ္သူက ဒီလောက်ဟောင်းတဲ့ဖိနပ်ကို စီးနေတော့မှာလဲ

သူမပြုံးသည်
အပြုံးရဲ့နောက်မှာ မျက်ရည်များက တွဲ၍ပါလာသည်
ကျနော်မေးခွန်းမထုတ်မိ
သူမအပြောကိုသာ စိတ်ရှည်ရှည် စောင့်နေလိုက်သည်

Sowan ; appaပေးခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်လေးမို့ပါ

ထိုနေ့က သူစိမ်းသက်သက်ဖြစ်သောကျနော်တို့နှစ်ယောက်
မထင်မှတ်ပဲစကားတွေပြောဖြစ်ကြသည်
သူမဘဝရဲ့ အခက်အခဲတွေကို ရင်ထဲမှ ပေါက်ကွဲထွက်လာသည့်တိုင် သူမရင်ဖွင့်ခဲ့ပါသည်
ကျနော့ဘဝအကြောင်းကိုတော့ ကျနော် မပြောဖြစ်ခဲ့
ပြောလိုက်ရင် အခြေအနေတွေတစ်မိျုးများပြောင်းသွားလေမလား?

Scalene (အနားမညီႀတိဂံ)Donde viven las historias. Descúbrelo ahora