အချိန် အားဖြင့် ၂ နာရီခွဲကွာခြားတဲ့ သူ နဲ့ ကိုယ်.....
အနည်းဆုံးတော့ ကိုယ်တို့ ၂ ယောက်နေထိုင်နေတဲ့ နိုင်ငံ ၂ ခုဟာ အာရှတိုက်တစ်ခုထဲမှာတူတူရှိနေတာကပဲ ကံကောင်းခြင်းတစ်မျိုး......ဘာသာစကားတွေမတူ အစားအသောက်တွေမတူ ရာသီဥတုမတူ ........အရာအားလုံးကွဲပြားခြားနားနေတာတောင်မှ ကိုယ့်စိတ်က သူ မှ သူဖြစ်နေခဲ့တယ် ဖြစ်နေတုန်းပဲ ဖြစ်နေအုံးမှာပါပဲ......
၃ နှစ် ၄ နှစ်အရွယ် ကလေးတစ်ယောက်လို လိုချင်တာ ရအောင် မြေကြီးပေါ်ခြေဆင်း အော်ငိုချင်မိတယ်.......
သူ့ ကို ကိုယ်တစ်ယောက်တည်း အပိုင်ရလိုရငြားပေါ့.......
မျက်ရည်တွေသာ ခန်းသွားမယ် ကိုယ့်ငိုသံတောင် သူကြားပါ့မလား????
ဝေးကွာခြင်းတွေက တစ်ခါတစ်ခါကျ လက်မခံနိုင်လောက်အောင် ခါးသီးလွန်းပါတယ်လေဓာတ်ပုံတွေကနေ TV ဖန်သားပြင်ပေါ်ကနေပဲကြားခဲ့ရတဲ့ သူ့ရဲ့ရယ်သံတွေကို အပြင်မှာ ကြားချင်ခဲ့တယ်....
ဟော ကံကောင်းလို့ အပြင်မှာ ကိုယ့်နားနဲ့ဆတ်ဆတ် ကြားခွင့်ရပြန်တော့လည်း သူ့ရယ်သံတွေကို သူများတွေနဲ့ ဝေမျှပီး နားထောင်ရတာ မနှစ်ခြိုက်ပြန်တော့ဘူး......
သူ့ရယ်သံတွေကို ဖန်ဆင်းပေးနိုင်တဲ့သူက ကိုယ်ပဲ ဖြစ်နေချင်သလို နားထောင်ခွင့်ရှိတဲ့ သူကလည်း ကိုယ်တစ်ယောက်ပဲ ဖြစ်သွားစေချင်တဲ့ထိ ကိုယ် အတ္တကြီးဖူးတယ်......
အဲ့လိုတွေးမိပြန်တော့ သူနဲ့အတူရယ်မော ပျော်ရွှင်နေတဲ့ လူအုပ်ကြီးကြားထဲမှာ တိတ်တိတ်လေး မျက်ရည်ကျမိပြန်ရော.......သူဟာ ကိုယ်ထိုင်ငေးနေရပီး ဘယ်တော့မှထိတွေ့ခွင့်မရှိတဲ့ ကောင်းကင်ပြင်တစ်ခု......
Phone screen ဖွင့်လိုက်တိုင်းပေါ်လာတဲ့ ရှင်းသန့်နေတဲ့ မျက်နှာလေး ကို အိပ်ရာဝင်ခါနီးတိုင်း Good Night ပြောဖို့ ကိုယ်မမေ့သလို မနက်အိပ်ရာနိုးလို့ မျက်လုံးတွေဖွင့်လိုက်တိုင်း Good Morning ပြောဖို့ ကိုယ် မပျက်ကွက်ခဲ့ဘူး........
သူ ဘယ်တော့မှ မကြားနိုင်ဘူး ဆိုပေမယ့်လည်းပေါ့လေ......ရွေးချယ်မှုဆိုတာ သူများတွေအတွက်သာ များနေတာ.....
ကိုယ့်အတွက်ကတော့ "သူ" ဆိုတာလေးရှိနေရုံနဲ့ လုံလောက်ပါတယ်လေ
YOU ARE READING
To my Little Star ⭐️
RandomIt's not a fiction. It's not a love story. It's not a romance. But there's a beautiful dream between me & you. And I wish to keep that dream till my last breath.