💜

223 23 0
                                    

Dedicated to the Stars that are shining brightly in our Fangirls' Universe ❤️

ကိုယ်ပြောခဲ့ဖူးတာပေါ့ "ကလေးရယ် ကလေးပြုံးနေတာပဲ မြင်ချင်တာပါ" လို့ ....
ကိုယ်မကောင်းဘူးနော် ကလေး
ကိုယ်အရမ်းအတ္တကြီးခဲ့တယ်
ကလေးလည်းလူထဲကလူဆိုတာကိုယ်မေ့နေခဲ့တာ.....
ကလေးရဲ့လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားမှုတွေ.....
ကလေးရဲ့နောက်က သိန်းသန်းမကတဲ့ ပရိတ်သတ်တွေ.....
ကလေးဆီက "Hello" ဆိုတာလေးနဲ့ မြေကြီးတွေတုန်သွားအောင်အော်ပီးအားပေးကြတဲ့ကိုယ်တို့လိုကောင်မလေးတွေ....
အများကြီးပါပဲ တကယ့်ကိုအများကြီးပဲ
ကလေးရဲ့အပြုံးလေးတစ်ခုထဲနဲ့ ဘဝတစ်ခုလုံးကိုနေပျော်နေလိုက်ကြတာ ကိုယ်အပါအဝင်ပေါ့ကွာ ။
ဒီနေရာမှာ ကိုယ်တို့မေ့ထားမိတဲ့တစ်ချက်က ကိုယ်တို့ရှေ့မှာအမြဲတမ်းပြုံးရွှင်နေတဲ့ကလေးမှာလည်း ဝမ်းနည်းရတဲ့အချိန် စိတ်အားငယ်ရတဲ့အချိန်တွေရှိနေနိုင်တယ်ဆိုတာပဲ .....
ကိုယ်တို့အတွက် လမ်းပြကြယ်လေး တစ်စင်းဖြစ်နေရတာ တစ်ခါတစ်လေတော့လည်း ပင်ပန်းတယ်မဟုတ်လား ကလေး ?
ပိုက်ဆံတွေ million ချီပီး Bank account ထဲဝင်နေပေမယ့် "အတက်အကျသိပ်မြန်တဲ့အောင်မြင်မှု" ဆိုတာကြီးကို စိုးရိမ်နေရတယ်မဟုတ်လား ကလေး ?
စိတ်သွားတိုင်းကိုယ်မပါ စာချုပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာ စိတ်ညစ်ခဲ့ရတာတွေလည်းရှိမှာပေါ့ ။
နေမကောင်းလို့အိပ်ရာထဲခွေချင်နေတောင် မပီးနိုင်တဲ့ schedule တွေအတွက် အပြုံးတုတစ်ခုဖန်ဆင်းပီး ကင်မရာတွေရှေ့ ရပ်ခဲ့ရတာတွေရှိတယ်ဟုတ်???
Jet Leg တွေရတဲ့ထိ လေယာဉ်ကြီးစီးပီး နေ့တွေညတွေ မှားခဲ့ရဖူးမှာပဲ ။
လူငယ်သဘာဝလွတ်လွတ်လပ်လပ်အပြင်ထွက်ချင်တာတောင် အပြင်လေးတစ်ခါထွက်ဖို့အရေး mask တွေအုပ် ဦးထုပ်တွေဆောင်းနဲ့ စိတ်ရှုပ်ခဲ့ရမှာပဲ ။
ရင်ခုန်မိတဲ့သူရှိလို့ တွဲချင်ရင်တောင် "ကိုယ်" တို့မကြိုက်မှာကိုတွေးပီး ခံစားချက်တွေမြိုသိပ်ခဲ့ရတာပင်ပန်းတယ်မဟုတ်လား ကလေး ။
ကလေး သိထားဖို့ကလေ TV ဖန်သားပြင်ပေါ်ကမြင်နေရတဲ့ ကလေးရဲ့အပြုံးတွေထက် ကိုယ်တို့မမြင်နိုင်တဲ့ နေ့စဉ်ဘဝတွေထဲမှာ ကလေးပျော်နေတာပဲ လိုချင်တာပါ ။
အသက်ရှင်နေပေးပါ ဆိုတာကြီးက နည်းနည်းတော့နားထဲမှာခါးနေနိုင်ပေမယ့် ကလေးရဲ့ တည်ရှိနေမှုလေး တစ်ခုနဲ့တင် ကိုယ်တို့ကျေနပ်နေနိုင်တယ် ။
ကြိုက်တဲ့သူရှိရင် ဖွင်ေ့ပြာလိုက် ကလေး
တစ်ခါလောက်တော့ ကိုယ်တို့အတွက်မကြည့်လည်းဖြစ်ပါတယ် ကလေးရယ်
ဝမ်းနည်းစရာရှိရင် ငိုလိုက်
အရမ်းပင်ပန်းလာရင် ခနလောက် အနားယူလိုက်
စိတ်ဖိစီးမှုတွေ အရမ်းများလာရင်တော့ ကလေးရဲ့ တည်ရှိနေမှုလေးတစ်ခုထဲနဲ့ ကျေနပ်နေတဲ့ ကိုယ်တို့ကို သတိရပေးပါ ။
အပြုံးတုတွေမလိုဘူး ကလေး
ကိုယ်တို့မမြင်နိုင်တဲ့ ကိုယ်တို့မသိနိုင်တဲ့ ကလေးရဲ့နေစဉ်ဘဝ တွေမှာ ကျေးဇူးပြုပီး ပျော်အောင်နေပေးပါ ကလေး ရေ ။

You've reached the end of published parts.

⏰ Last updated: Dec 18, 2017 ⏰

Add this story to your Library to get notified about new parts!

To my Little Star ⭐️ Where stories live. Discover now