အချစ်​နှင့်​တည်​​ဆောက်​မည့်​ အိမ်​(အပိုင်း ၁)

2.6K 69 2
                                    

အချစ်​နှင့်​တည်​​ဆောက်​မည့်
                                     အိမ်​(အပိုင်း၁)

'​​ဘေဘီ......´

'ရှင်​!´

'ဘယ်​​ပြေးမှာလဲ၊ breakfast ​တောင်​မစားပဲနဲ့၊လာအုံး မာမီတို့ဆီကို´

'မဟုတ်​ဘူး။ ​ဘေဘီ ​ကျောင်း​နောက်​ကျ​နေပြီ အဲ့ဒါ​ကြောင့်​ အမြန်​​ပြေးတာ´

'အ​ရေးကြီးတာ​ ​ပြောစရာရှိလို့ လာထိုင်​၊ပြီမှ ​ကျောင်းသွား´

'မာမီကလည်း....´

ဘေဘီဆိုတဲ့​ကောင်​မ​လေးက တကယ်​ကို ချစ်​ဖို့​ကောင်းပါတယ်​။ဝင်းနစ်​​နေတဲ့အသား​​​ရောင်​နှင့်​ ဆံပင်​ ခါး​လောက်​ရှည်​ပြီ နှုတ်​ခမ်း သား​လေး​တွေကသဘာဝအတိုင်း နီး​ထွေး စို​နေတတ်​သူ​လေးပါ။တက္ကသိုလ်​ ပထမနှစ်​ အင်္ဂလိပ်​စာ တက်​​နေသူပါ။

'မာမီက ဘာ​ပြောမလို့လဲ´

မာမီက ​ကော်​ဖီ​သောက်​​နေ​သော ဒယ်​ဒီကို ကြည့်​ပြီ စကားစသည်​။

'​မာမီတို့ America သွား​တော့မယ်​ ​ဘေဘီ´

'wowwww​ကောင်းတာ​ပေါ့။ ​ဘေဘီ​လည်း လိုက်​မယ်​​လေ´

'တိတ်​စမ်း!´

ဒယ်ဒီ​အော်​လိုက်​​သော အသံ​ကြောင့်​ ​ဘေဘီ တုန်​တက်​သွားသည်​။

'​သမီး အသက်​​က၁၈​တောင်​ပြည့်​​သေးတာ မဟုတ်​ဘူး။မြန်​မာနိုင်​ငံနဲ့ ဟို နိုင်​ငံဆိုတာ တူတာမဟုတ်​ဘူး။သမီး​လေး ပျက်​စီးမှာ လည်း ဒယ်​ဒီ မလိုလားဘူး။´

'သမီး ဒယ်​ဒီ​ပြောတာ မှန်​တယ်​ ​။မာမီတို့က ခဏသွားမှာ မဟုတ်​ဘူး။ company ပါ ​ပြောင်းရမှာ။ဟိုမှာပဲ ​နေဖြစ်​​တော့မယ်​ထင်​တယ်​´

'ရှင်​။ ဒယ်​ဒီနဲ့ မာမီ မ​ခေါ်သွားရင်​ ​ဘေဘီက တစ်​​ယောက်​တည်း ​နေရမှာလား´

'ဒီလိုလည်း မဟုတ်​ဘူး သမီးကို မာမီတို့က အိမ်​​ထောင်​ချ​ပေးခဲ့မှာ။သူ့နာမည်​က အမိန့်​ရှင်​တဲ့ Asia Dragon company သူပဲ ဦးစီး​နေတာ အသက်​၂၈နှစ်​.မာမီ မိတ်​​ဆွေရဲ့ သား ´

'ဟာ!မာမီကလည်း လုံးဝမဖြစ်​နိုင်​တာ ​ဘေဘီ မယူနိုင်​ဘူး​နော်​´

အချစ်​နှင့်​တည်​​ဆောက်​မည့်​ အိမ်​Where stories live. Discover now