အချစ်​နှင့်​တည်​​ဆောက်​မည့်​ အိမ်​(အပိုင်း၆)

919 49 0
                                    

အချစ်​နှင့်​တည်​​ဆောက်​မည့်
                                    အိမ်​(အပိုင်း၆)

နံနက်ခင်း အာရုံဦး၏အစ နေမင်းကြီးက သစ္စာရှိစွာနဲ့ပေါ်ထွန်းနေသည်။နေမင်းကြီး၏သစ္စာရှိမှု ကို ငှက်ကလေးများက အားပေးကာ သီချင်းသီဆိုကြသည်၊

'​ဘေဘီ​ရေ ​ဘေဘီ သမီး​လေး ထ​တော့​လေ။ တကယ်​ ခက်​ပါတယ်​။ ဒီက​လေးနဲ့​တော့ ဒီလို အ​ရေးကြီး​တဲ့​နေ့မှာ​တောင်​ နှိုး​နေရတယ်​။ ထ​တော့ ​ဘေဘီ ထ!´

'မာမီကလည်း ​ဘေဘီ အိပ်​တာ မဝ​သေးတာကို။ ဘာ​တွေ အ​ရေးကြီး​နေတာလဲ။´

'ဒီ​နေ့ ​ဘေဘီ လက်​ထပ်​မဲ့​နေ့​လေ။ ဒီက​လေးနဲ့​တော့´

'အား........ဟုတ်​သားပဲ။ဘေဘီ​မေ့​နေ​တယ်​ကျန်း။မာမီလုပ်​ပါအုံး။ ​ဘေဘီ ဘာလုပ်​ရမလဲ။ဘေဘီ ဘာမှ မသိဘူး။ဘယ်​က ဘယ်​လို စလုပ်​ရမလဲ။မာမီ ကယ်​ပါအုံး´

ဘေဘီတစ်​​ယောက်​ ဆံပင်​ကို လက်​နဲ့ထိုးဖွလိုက်​။ဘေးက ​ခေါင်းအုံး ​တွေကို ထုလိုက်​နှင့်​ ​တော်​​တော်​ စိတ်​လှုပ်​ရှား​နေသည်​။မာမီက ​ဘေဘီ ​ပါးကို ဆွဲ၍.....

'ဘာမှ လုပ်​စရာ မလိုဘူး။အခု မျက်​နှာသစ်​။ Breakfast စားပြီရင်​ ​ဘေဘီကို အားလုံးက လုပ်​​ပေးသွားလိမ့်​မယ်​။ ´

'ဟုတ်​ကဲ့ မာမီ´

**********အချစ်​နှင့်​တည်​​ဆောက်​မည့်​ အိမ်​***********

Asia Dragon co,Ltd နှင့်​ Exact co,Ltd တို့၏ မင်္ဂလာ လက်​ထပ်​ပွဲဆို​တော့ ကြီးကျယ်​ ခမ်းနားလှသည်​။ဘေဘီကို အလှ​ပေးထားသည်​မှာ ​ကြွေရုပ်​က​လေး ပမာ လှပ​နေသည်​။မင်္ဂလာပွဲ မစ​သေးသဖြင့်​ နား​နေခန်း၌ ​ဘေဘီ စိတ်​လှုပ်​ရှား စွာ ​ထိုင်​​နေသည်​။

'အန်​တီ ​ဘေဘီနဲ့ သမီး ​တွေ့ချင်​လို့ ဘယ်​လိုသွားရမလဲ။´

'အန်​တီ လိုက်​ပို့​ပေးမယ်​ သဇင်​။´

'ဟုတ်​ အန်​တီ´

~~~~~~~~~~~~~~~~~~~~~~~~~~~~~

'​ဘေဘီ မှ ဟုတ်​ရဲ့လား။ ​​လှ​နေတာကျန်း ​ဘေဘီမ´

'အပို​တွေ မ​ပြောနဲ့ သဇင်​မ။ ငါက အရင်​တည်းက လှပြီသား´

'အမ​လေးဟဲ့။ လိပ်​နဲ့ နင်​လား ငါလား ပဲ´

အချစ်​နှင့်​တည်​​ဆောက်​မည့်​ အိမ်​Dove le storie prendono vita. Scoprilo ora