အချစ်နှင့်တည်ဆောက်မည့်
အိမ်(အပိုင်း၁)'ဘေဘီ......´
'ရှင်!´
'ဘယ်ပြေးမှာလဲ၊ breakfast တောင်မစားပဲနဲ့၊လာအုံး မာမီတို့ဆီကို´
'မဟုတ်ဘူး။ ဘေဘီ ကျောင်းနောက်ကျနေပြီ အဲ့ဒါကြောင့် အမြန်ပြေးတာ´
'အရေးကြီးတာ ပြောစရာရှိလို့ လာထိုင်၊ပြီမှ ကျောင်းသွား´
'မာမီကလည်း....´
ဘေဘီဆိုတဲ့ကောင်မလေးက တကယ်ကို ချစ်ဖို့ကောင်းပါတယ်။ဝင်းနစ်နေတဲ့အသားရောင်နှင့် ဆံပင် ခါးလောက်ရှည်ပြီ နှုတ်ခမ်း သားလေးတွေကသဘာဝအတိုင်း နီးထွေး စိုနေတတ်သူလေးပါ။တက္ကသိုလ် ပထမနှစ် အင်္ဂလိပ်စာ တက်နေသူပါ။
'မာမီက ဘာပြောမလို့လဲ´
မာမီက ကော်ဖီသောက်နေသော ဒယ်ဒီကို ကြည့်ပြီ စကားစသည်။
'မာမီတို့ America သွားတော့မယ် ဘေဘီ´
'wowwwwကောင်းတာပေါ့။ ဘေဘီလည်း လိုက်မယ်လေ´
'တိတ်စမ်း!´
ဒယ်ဒီအော်လိုက်သော အသံကြောင့် ဘေဘီ တုန်တက်သွားသည်။
'သမီး အသက်က၁၈တောင်ပြည့်သေးတာ မဟုတ်ဘူး။မြန်မာနိုင်ငံနဲ့ ဟို နိုင်ငံဆိုတာ တူတာမဟုတ်ဘူး။သမီးလေး ပျက်စီးမှာ လည်း ဒယ်ဒီ မလိုလားဘူး။´
'သမီး ဒယ်ဒီပြောတာ မှန်တယ် ။မာမီတို့က ခဏသွားမှာ မဟုတ်ဘူး။ company ပါ ပြောင်းရမှာ။ဟိုမှာပဲ နေဖြစ်တော့မယ်ထင်တယ်´
'ရှင်။ ဒယ်ဒီနဲ့ မာမီ မခေါ်သွားရင် ဘေဘီက တစ်ယောက်တည်း နေရမှာလား´
'ဒီလိုလည်း မဟုတ်ဘူး သမီးကို မာမီတို့က အိမ်ထောင်ချပေးခဲ့မှာ။သူ့နာမည်က အမိန့်ရှင်တဲ့ Asia Dragon company သူပဲ ဦးစီးနေတာ အသက်၂၈နှစ်.မာမီ မိတ်ဆွေရဲ့ သား ´
'ဟာ!မာမီကလည်း လုံးဝမဖြစ်နိုင်တာ ဘေဘီ မယူနိုင်ဘူးနော်´
BẠN ĐANG ĐỌC
အချစ်နှင့်တည်ဆောက်မည့် အိမ်
Lãng mạnအသက် ၁၈နှစ်သာ ရှိသေးပြီ ကလေးစိတ်လေးနှင့်နေတတ်သော ဘေဘီပန်ထွာ ကို အိမ်ကမိဘတွေက အသက်၂၈နှစ်ခန့်ရှိသော အမိန့်ရှင် ဟုခေါ်သော ကုမ္ပဏီ ပိုင်ရှင် တစ်ယောက်နှင့် ပေးစားသောအခါ...... အမိန့်ရှင် မှာ ချစ်သူရှိတယ်။သူ့မာမီ၏အမိန်...