Sicaကသူ့ကို ဖက်ထားတော့ Yoona
တစ်ယောက်ငိုင်တွေတွေဖြစ်သွားသည်...Sica unnie..
Omm?
အချစ်ဆိုတာဘာလဲဟင်
Sicaရုတ်တရက် မှင်သက်သွား၏ ..ပြီးတော့ ခေါင်းကို အသာခါပြလိုက်သည်...
ငါ မ သိ ဘူး...
*mianae.yoona တကယ်တော့...
အချစ်ဆိုတာ..အဖြေရှာရတာ အရမ်းပင်ပန်းလွန်းပါတယ်.. *
Yoona ကSicaထံမှအကြည့်တို့ကိုခွာလိုက်ပြီး..
ပင်လယ်ကို ဆက် ငေးကြည့်နေသည်
ပင်လယ်လေက သူမတို့နှစ်ယောက်အား ခပ်ပြင်းပြင်းတိုက်ခတ်လျက်..ထိုနေ့က သူမတို့နှစ်ယောက်
နေထွက်ချိန်ရောက်အောင်.. ကားထဲမှာ..စောင့်နေပြီး...
နေထွက်ချိန်ကို.. အတူ ကြည့်ခဲ့ကြသည်....*Yona~ya..လူနှစ်ယောက်..
တစ်နေရာတည်းမှာအတူရှိနေပြီး
နေထွက်ချိန်ကို ပြိုင်တူ ကြည့်ဖြစ်ခဲ့တယ်ဆိုရင်...
သူတို့ကဖူးစာပါလို့တဲ့ အခုမဟုတ်တောင်..တစ်ချိန်မှာချစ်သူတွေ
ဖြစ်လိမ့်မယ်တဲ့...
ငါ့အတွက်တော့ ဒီစကားက
အိပ်မက်တစ်ခုလိုပဲ ....
အဲ့ဒါကို..ယုံချင်ပေမယ့်...*...........................................
1week later,
Sica unnie.. အချစ်ဆိုတာကိုတကယ်ပဲ မသိတာလား?
ဒါပေမယ့် ငါကတော့ သူ့ကိုချစ်နေမိပြီ ဘယ်လိုလုပ်မလဲ?အချစ်ဆိုတာ..... ကျွန်မနားလည်မိတာက
ဒဏ်ရာတွေနဲ့ ပျော်ရွှင်ခြင်းတွေကို တစ်ချိန်တည်း ပေးနိုင်တဲ့အရာဆိုတာ...ကိုယ့်ကိုယ်ကိုမညာတော့ဘဲ ဝန်ခံရမယ်ဆိုရင်...
သေချာသွားပါပြီ... ကျွန်မ Sica unnieကိုချစ်တယ် ..
Sica unnieကရော?
ကျွန်မလိုစက်ရုပ်တစ်ရုပ်ကို ချစ်မည်တဲ့လား
ပြန်မေးမိတော့...
စဉ်းစားကြည့်စရာပင်လိုမည်မထင်..ကျွန်မဟာSica unnieအတွက်.. အဖော်ရဖို့သက်သက်ဝယ်ထားတဲ့
စက်ရုပ်တစ်ရုပ်ပဲမို့လား😊ကျွန်မသာ လူသားတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ-----
ကျွန်မ အချစ်ကိုကြောက်တယ်...
အချစ်ဆိုတဲ့ အရာနဲ့ အဝေးဆုံးကိုထွက်ပြေးသွားချင်တယ်....