ထိုကိစ္စဖြစ်ပြီးတလကြာတဲ့ထိTae ကသူမကို
မျက်နှာချင်းမဆိုင်ဘူးတခြားကောင်မလေးတွေနဲ့
တော့တပူးတွဲတွဲလုပ်နေတာ
ကြာတော့သူမအမြင်ကပ်လာပီသူမကလွဲရင်
တခြားသူကိုပြုံးပြတာရယ်ပြတာမတွေ့ချင်ဘူး
ငါ့ကိုခပ်ချေချေဆက်ဆံသလိုသူတို့ကိုလဲအဲ့လိုပဲ
ဆက်ဆံပါ့လားKim Taeyeon
ခုတော့...
သူမမကြိုက်မှန်းသိလို့ကျမရဲ့ရှုပ်ခဲ့တဲဇယားမှန်သမျှကိုလဲ
ရှင်းခဲ့ပြီးပြီအနေအထိုင်တွေလဲတော်တော်ပြောင်းလဲခဲ့
တယ်အရင်ကဆိုယောက်ျားလေးတေနဲ့ဟေးလားဝါးလား
နေခဲ့တဲ့ကျမခုသူမအတွက်နဲ့အကုန်ဘေးကပ်အနီကဒ်ပြ
လိုက်ပီ
ဒါတွေကိုသူမသိပါတယ်မသိချင်ယောင်ဆောင်နေတာပါ
ကျမသူ့ကိုအရမ်းချစ်မှန်းသိလို့ချေပြနေတာလူဆိုးမလေး
ဩော်အရမ်းချစ်လွန်းတော့လဲကိုယ်ကပဲသည်းခံပေးရမှာ
ပေါ့Kim Taeyeon Kim Taeyeon နင်လေး
အချစ်ကိုမရရအောင်ကိုယူပြဦးမှာ
သူမတွေးနေရင်းလမ်းလျှောက်လာတာTaeyeon နဲ့
တဲ့တဲ့တိုးပါလေကော
သူကျမကိုမြင်တယ်ဒါပေမယ့်မမြင်ချင်ယောင်ဆောင်ပြီး
မော့တော့မော့တော့နဲ့ကျောကော့ပီးထွက်သွားတဲ့သူမ
ပုံစံကိုကြည့်ပြီးချစ်ဖို့ကောင်းလွန်းလို့ကျမဖက်တောင်နမ်း
ချင်သွားတယ်သူကျမဘေးကဖြတ်သွားတာကိုလိုက်ငေး
နေရင်းကကျမသူ့နောက်ကိုပြေးလိုက်သွားပြီးသူမလက်က
လေးကိုလှမ်းဆွဲလိုက်တယ်
ထင်တဲ့အတိုင်းပါပဲဆူပုတ်ပုတ်မျက်နှာထားနဲ့မျက်စောင်း
ထိုးတာအရင်ခံလိုက်ရတယ်Juniel-ငါတို့စကားပြောရအောင်
Tae-ငါ့မှာပြောစရာမရှိဘူး
ခေါင်းကိုမော့ဆံပင်ကိုလက်နဲ့သပ်တင်လိုက်ပြီး
မျက်ခုံးပင့်ကာခပ်တည်တည်နဲ့ပြန်ဖြေနေတဲ့သူမကိုကြည့်
ပြီးကျမမပြုံးပဲမနေနိုင်ဘူးဘာလို့ဆိုအရမ်းချစ်ဖို့ကောင်း
နေလို့လေ
ကျမသူ့ကိုကြည့်ပြီးမင်သေနေတုန်းသူမကျမလက်ကို
ဆောင့်ချလိုက်ပြီးထွက်သွားတယ်ကျမသူ့နောက်ကိုထပ်
လိုက်ကပြန်ပီJuniel-yahh..ငါပြောစရာရှိတယ်လို့ဆို
Tae-နင်လူစကားနားမလည်ဘူးလား
ငါ့မှာနင့်ကိုပြောစရာစကားမရှိဘူး
