Tae ညနေကဖြစ်သွားတဲ့ကိစ္စကိုဘယ်လိုမှနားမလည်
နိုင်ဘူးလေ
Fany ကဘာကိုစိတ်ဆိုးသွားတာပါလိမ့်သူသေချာ
ပြန်စဉ်းစားနေတယ်"ငါတို့ကသူ့ကိုစကားမပြောမိလို့လားအဲ့လိုလဲမဟုတ်ပါဘူး
သူလဲပြောနေသားပဲအကောင်းကနေဘယ်လိုဖြစ်ပြီး
ဖောက်သွားရတာလဲဟား..စိတ်တွေရှုပ်လိုက်တာ
ကလေးနဲ့တွဲနေရသလိုပဲ"တဖက်မှာလဲFany တယောက်
မျက်နှာကမှုံကုပ်နေတာကြောင့်သူမ
နားဘယ်သူမှမကပ်ရဲဘူးဖြစ်နေတယ်
လူနာသွားကြည့်တာတောင်စိတ်ကသိပ်မပါ
ဆေးမှားမထိုးမိတာတောင်ကျေးဇူးတင်ရမယ်
နောက်တော့စိတ်နဲ့လူမကပ်ဖြစ်နေတဲ့သူမကို
Sooyoung လဲလက်ပိုက်ကြည့်မနေနိုင်တော့
တဲ့အဆုံး"Fany ဘာဖြစ်နေတာလဲဘာပြသနာရှိလို့လဲ"
"ဘာမှမဖြစ်ဘူး"
"မဖြစ်ဘူးသာပြောတယ်နင်ခုလုပ်နေတဲ့ပုံကနင့်
အဖေစီးပွားရေးကိုတုတ်နဲ့ထိုးနေတာဟ
ဒေဝါလီခံရအောင်လုပ်နေတာလားအလုပ်ထဲလဲ
စိတ်လေးဘာလေးနှစ်ပါဦးဟာကိုယ့်အလုပ်က
နည်းနည်းလေးမှလွဲလို့ရတာမဟုတ်ဘူး""ငါစိတ်တွေအရမ်းရှုပ်နေတယ်ဟဟိုဂျပုလေ...
စဉ်းစားမိတိုင်းဒေါသထွက်တယ်""Taeyeon နဲ့ဖြစ်လာတာလားနင်တို့ဟာကလဲ
တပတ်မှာ6 ရက်လောက်ကရန်ဖြစ်တယ်""ရန်မဖြစ်ပါဘူးဟာငါတို့ရန်ဖြစ်တယ်ဆိုတာမရှိဘူး"
"ဒါဆိုဘာဖြစ်လို့စိတ်ညစ်နေတာလဲဘာလဲသူ့ကိုစိတ်ကုန်
လာလို့လား""Yahh..ကုန်စရာလားသေတောင်မကုန်ဘူး"
"ဒါဆိုဘာဖြစ်လာတာလဲပြောလေဟာဒါမှငါက
ကူဖြေရှင်းပေးလို့ရမှာပေါ့"Fany လဲSooyoung ကိုသူမကျေနပ်တာ
တွေတန်းစီပြီးပြောပြပါလေကော"အမလေးဟယ်ဒါများနင်သူ့ကိုပွင့်ပွင့်လင်းလင်း
မေးလိုက်ပေါ့Sica မကဆေးထိုးတာလဲဖြစ်ချင်ဖြစ်
မယ်သူကအမြဲစဖို့ပဲချောင်းနေတာ""ခုဟာကငါသဝန်တိုလွန်းတာမဟုတ်ပါဘူးဟာသူကိုက
ရှုပ်လွန်းတာ""Yah..အဲ့ရှုပ်လွန်းတဲ့သူကိုပဲနင်ကကြိုက်ခဲ့တာလေ
ခုမှတော့ပြန်ပြင်လို့မရတော့တဲ့အချိန်ကျမှ"
