အခန်း နံပါတ် ၅၀၅
အိပ်ကပ်ထဲက စာရွက်ခေါက်လေး ကို ဖြန့်၍ ကြည့်လိုက်သည်
Password က ******
တံခါးပွင့်သွားသည်နှင့် Hanbin တံခါးဝမှာတင် ခဏ ရပ်သွားသည်
ထို့နောက် သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ လေးလံသော ခြေလှမ်းများဖြင့် အိမ်ထဲသို့ဝင်လိုက်သည်
ထမ်းလာတဲ့ အဝတ်အစားအိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး လူမှာကား ဆိုဖာပေါ်သို့ ပစ်လှဲချ လိုက်သည်
ထို့နောက် နောက်ထပ်သက်ပြင်းရှည်ကြီးတစ်ခု
Seoul ကို ပြောင်းလာသည့်အချိန်မှ စ ၍ သူ့ဘဝ အကြီးအကျယ်ပြောင်းလဲတော့မည်ဆိုတာ Hanbin သိနေသည်
အရင်က ဆိုးခဲ့သမျှ မိုက်ခဲ့သမျှ Hanbin ဆိုလျှင် လူမိုက်လောကတွင် မသိသူမရှိအောင် နာမည်ကြီးခဲ့သမျှ သူ့ရဲ့ မကောင်းတဲ့အတိတ်တွေကို ခဝါချပြီး ဘဝသစ် စ ရတော့မည်
ဘာဖြစ်လို့လည်း ??
မွေးကတည်းက ဘယ်သူမှန်းမသိသော အဖေ ဆိုသောသူသည် ယခု အသက် ၂ဝ အရွယ်ကျမှ ဘယ်ကမှန်းမသိ ဗြုန်းစားကြီးပေါ်လာသောကြောင့်ဖြစ်သည်
အမေရော ပထွေးရော ကားအက်ဆီးဒင့် ဖြစ်ကာ ဆုံးသွားသည့်နောက်ပိုင်းမှ သားကိုပြန်လာခေါ်သော အဖေဆိုသောသူ
အမေဖြစ်သူနှင့် ကမ္ဘာမကျေ ရန်ငြိုးတွေရှိခဲ့သည် ဆိုတာကိုတော့ ငယ်ငယ်က အမေ့ဆီက တခွန်းစ နှစ်ခွန်းစ ကြားခဲ့ရ၍သိနေသည်
ရိုက်တာနှက်တာကလွဲ၍ ဘာမှမလုပ်တတ်သော Hanbin သေချာပေါက် ဘဝကိုဘယ်လိုရှေ့ဆက်ရမလည်း လမ်းစပျောက်နေချိန်တွင် ကယ်တင်ရှင် ဖခင် ပေါ်လာခြင်းက ကောင်းသည်လော ဆိုးသည်လော သူမသိချေ
သူသိသည်ကတော့ မနက်ဖြန်က စပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့ စာ စ လုပ်ရမည်
YOU ARE READING
CRUSH
Fanficတူညီတဲ့ကောင်းကင်ကြီးအောက်မှာ ရှိနေရတာနဲ့တင် ကျေနပ်နေခဲ့တာ သူစိမ်းတွေအဖြစ်နဲ့ရှိနေရင်လည်း ကျေနပ်ခဲ့တာ ငါ့ကို လုံးဝ မမြင်နိုင်ခဲ့တဲ့မင်း တစ်ချိန်လုံး မင်းကို အရိပ်တကြည့်ကြည့်နဲ့နေလာခဲ့တဲ့ငါ အခုရော ....... ငါ့တို့ဆက်ဆံ...