Jin's pov //
ဒုတ်...အ...
ခေါင်းကိုလာထိသည့်ကျောက်ခဲလေးကသိပ်တော့မနာကျင်စေပေမယ့် ကျွန်တော်ကတော့ကြမ်းပြင်ပေါ်တွင် မှောက်လျက်နေရာယူပြီးဖြစ်သည်။
ဟေ့ JinWooအရူး...ငါတို့နဲ့လာဆော့လေ....
ကျွန်တော်မြေပြင်ပေါ်မှထဖို့ကြိုးစားမိသည်။သို့သော် ဖရိဖရဲအ၀တ်အစားနှင့်ကျွန်တော် ကိုယ့်အ၀တ်ကိုယ်တက်နင်းပြီး ထပ်လဲကျပြန်သည်။တကယ်ကတော့ လဲကျဟန်ဆောင်ရတာပါ။မြေကြီးပေါ်ကအည်းအသန်ထပြီး ကလေး၂ယောက်ဘက်လည့်ကာမချိသွာဖြဲပြုံးပြလိုက်သည်။
ငါတို့နဲ့လာဆော့ပါဆို...
ပြောလည်းပြောကလေး၂ယောက်ကကျွန်တော့်ကိုကျောက်ခဲနှင့်ထပ်ပေါက်ကာ ထွက်ပြေးတော့သည်။ကျွန်တော်လည်းခေါင်းကိုအသာပွတ်ရင်း သူတို့နောက်ပြေးလိုက်ရသည်။ရှေ့ကပြေးနေတဲ့ကလေးတွေကိုကြည့်ရင်းကျွန်တော်အားကျမိသည်။ကျွန်တော်သူတို့အရွယ်တုန်းကဒီလိုမနေခဲ့ရ။ခက်ခဲကြမ်းတမ်းသော စစ်ဆင်ရေးနှင့် အဆုံးမရှိသောနာကျင်မှုတို့ကသာကျွန်တော့်ကလေးဘ၀ကိုနေရာယူထားခဲ့သည်။အခုခိုလွတ်လွတ်လပ်လပ်ဆော့ကစားနေတဲ့ကလေးတွေကိုမ်ြတော့ ကျွန်တော့်ငယ်ဘ၀ကိုလည်းသူတို့လိုပျော်ဖူးချင်မိသည်။သို့သော်ကျွန်တော့်လက်ရှိဘကိုတော့ဘယ်တုန်းကမှစိတ်မပျက်ခဲဘူးပါ...
စိတ်ကူးထဲလွင့်မြောနေစဉ် ရုတ်တရက်ထွက်ပေါ်လာသောခြေထောက်တစ်ဖက် ...ရှေ့ကကလေးတွေကျွန်တော့ကိုခြေထိုးခံတာဆိုပေမယ့် ထိုခြေထောက်ကိုကျွန်တော်မတိုက်မိ ခြေထောက်နှင့်ကျွန်တော်ကအဝေးကြီး သို့သော် ကျွန်တော်ကတော့၂ပတ်ကျွမ်းပစ်ပြီးသွားပြီ...ဒါဟာလည်းဟန်ဆောင်ခြင်းတစ်မျိုးဟု ဆိုနိုင်ပေသည်။
Kids : ဟားဟား မင်းကအရမ်းရယ်ရတယ်...ဟား ဟား ဟား ...
ကျွန်တော့်ကိုသဘောကျစွာရယ်နေတဲ့ကလေးတွေကို ကျွန်တော်ကလည်း ရူးကြောင်ကြောင်အပြုံးနှင့်သာတုံ့ပြန်မိသည်။
YOU ARE READING
Secretely Greatly
FanfictionBTS Fanfic YoonJinKook မြောက်ကိုးရီးယားရဲ့ဗိုလ်မှူးKimSeokJinတစ်ယောက်တောင်ကိုးရီးယားကိုသူလျှုိအဖြစ်စေလွှတ်ခံရပြီးနောက်... တင်းမာလှတဲ့နှစ်နိင်ငံပြဿနာတွေကြားမှာမြေစာပင်ဖြစ်ရမယ့်သူတို့ဘ၀တွေ... Adapted from a Korea movie ~ "Secretely...