အပိုင်း (၁)
🍂🍂🍂
"ချယ်ရီပန်းလေးတွေ ကြွေနေပြန်ပြီhyungရယ်
ကျတော်တို့ကျောင်းထဲကချယ်ရီပင်မှာလဲအပွင့်တွေဝေလို့၊ ကျောင်းသွားတဲ့လမ်းတလျှောက်က ချယ်ရီပင်လေးတွေမှာလဲ အပွင့်တွေဖွေးပြီး အနံ့တွေမွှေးလို့ "Mingyu's pov:
ကျတော်hyungကိုသတိရစွာနဲ့ ကျတော့်စိတ်ထဲရေရွတ်မိနေတယ်
Hyungနဲ့ကျတော်ဝေးကွာခဲ့တာတောင်
နှစ်နှစ်ဆယ်ကျော် တောင်ရှိခဲ့ပြီ
Hyungကိုကျတော်တစ်နေ့မှ မမေ့ခဲ့ဘူး
Hyungကတော့နိုင်ငံ့တာဝန်တွေထမ်းရွက်နေရတဲ့စစ်သားမို့ ကျတော်ကိုသတိရချိန်ရှိချင်မှရှိမှာနော်ပြီးတော့hyungမှာကကြင်သူသက်ထားဇနီးမယားလဲရှိနေပြီ ကျတော်မှာသာhyungကိုမမေ့နိုင်ဘဲသတိတွေရပြီးအောက်မေ့မက်မောနေတာ
သြော်......."ငယ်ကအချစ် အနှစ်တရာ မမေ့သာ "ဆိုတဲ့စကားက ကျတော့်အတွက်တော့ အကြွင်းမဲ့မှန်ကန်နေတဲ့ ရင်ထဲကခံစားချက်ပါ
🎲🎲🎲🎲🎲🎲🎲🎲🎲🎲🎲🎲🎲
အပိုင်း(၂)
Hyungနဲ့ကျတော်က တစ်မြို့ထဲမှာအတူတူကြီးပြင်းလာခဲ့တာပါ
ကျတော်တို့မြို့လေးက ဆိုးလ်မြို့ရဲ့အနောက်ဘက်မှာရှိတာပါ
တစ်မြို့လုးံ ချယ်ရီပင်လေးတွေနဲ့....ချယ်ရီပန်းလေးတွေပွင့်နေရင် အနံ့လေးတွေကသင်းလို့
Hyungကအဲ့ချယ်ရီပင် ချယ်ရီပန်းတွေကိုသိပ်ချစ်တာ÷÷hyungတို့အိမ်ခြံဝင်းကြီးထဲမှာလဲ ချယ်ရီပင်ကြီးတစ်ပင်ရှိတယ်...hyungက ကလေးဘဝထဲက အဲ့ဒီချယ်ရီပင်ကြီးအောက်မှာ အမြဲစာကျက်ပြီး အထက်တန်းအောင်ခဲ့တာတဲ့...ငိုစရာရှိရင်လဲ အဲ့အပင်ကြီးအောက်မှာပဲ သွားငိုတာတဲ့..ပြောစရာရှိရင်လဲအဲ့အပင်ကြီးကိုသွားပြောတာတဲ့
မွေးချင်းမရှိတဲ့hyungအတွက်တော့ အဲ့ချယ်ရီပင်ကြီးက မွေးချင်းလိုဖြစ်နေတာတဲ့ ဒီစကားကhyungကိုအကြင်နာပွားပြီးသနားစေတဲ့စကားပါ(Ficအရနော်WonWooကအပြင်မှာမွေးချင်းရှိပါတယ်)
"အထက်တန်းနောက်ဆုးံနှစ်ဖြေတဲ့နှစ်က ဒီချယ်ရီပင်အောက်မှာ တစ်ယောက်ထဲ အလူးအလဲစာကျက်ရတာ တစ်ခါတစ်ခါ စာကျက်ပြီးမရတဲ့အခါကျ ကိုယ့်ကိုကိုယ်ဒေါသထွက်ပြီး ချယ်ရီပင်ကြီးကိုခေါင်းနဲ့ပြေးပြေးတိုက်တာ...ခေါင်းတောင်မူးတယ် "ဆိုပဲ
Hyungကသူအထက်တန်းနှစ်ကအကြောင်းကိုပြောပြတော့ကျတော်မှာ hyungကိုသနားရမလိုလို ရီရမလိုလိုနဲ့ 😂😂😂သြော် ဖြစ်မှဖြစ်ရလေ hyungရယ်
အောင်စာရင်းတွေထွက်တော့လဲ အောင်စာရင်းကြည့်ပြီး အောင်တဲ့သူတွေကပျော်ကြပြုးံကြနဲ့ ဆူညံနေကြပေမယ့် hyungကတော့ တစ်ယောက်ထဲ သွားကြည့်ပြီး ခပ်ကုပ်ကုပ်လေးပြန်လာတယ်
စာမေးပွဲအောင်တာတောင် ရှေ့ဆက်ကျောင်းတက်ရမယ့်အရေးတွေးပြီး သူများတွေကိုဝမ်းမသာနိုင်ခဲ့ဘူးတဲ့
အိမ်ရောက်တော့ချယ်ရီပင်ကြီး အောက်မှာရပ် ချယ်ရီပင်ကြီးကိုမော့ကြည့်လိုက်ပြီး"ကဲ.....ရဲဘော်ကြီးရေ .ကျတော်တော့အထက်တန်းအောင်သွားပြီဗျာ ဘာဆက်လုပ်ရမလဲ အကြံပေးပါအုးံဗျာ
တက္ကသိုလ်တက်ဖို့ ကျတော့်မိဘတွေမှာလဲ ပိုက်ဆံမရှိဘူး"လို့ ချယ်ရီပင်ကြီးကို တိုင်တည်ပြီးပြောခဲ့တာတဲ့
အဲ့တုန်းကhyungပြောပုံကိုကျတော်ပြုးံရင်းငေးကြည့်မိတယ် ဒါပေမယ့်ရင်ထဲက အသည်းနှလုးံမှာတော့ မျက်ရည်တွေဝေလို့ပါ