Part 1

7K 307 9
                                    

ကျွန်တော့်နာမည်က Mei
အသက် ၁၇ နှစ်အရွယ် ကောင်လေးတယောက်

ဖြည်းဖြည်းချင်း ရွေ့လျှားမောင်းနှင်လာတဲ့ကားပေါ်ကို စီးနင်းလိုက်ပါလာရင်း ကားမှန်ပေါ်စီးကျလာတဲ့
မိုးစက်တွေကို ငေးနေမိတယ်

မိုး

မိုးရေတွေ

မိုးစက်တွေ

မိုးစက်တွေကို ကျွန်တော်ချစ်သည်
သူတို့က ကြည်လင်သည်
အေးမြသည်
မြစိမ်းရောင်ကမ္ဗလာတွေကို ပျိုးသည့် ဥယျာဉ်မှူးများလဲဖြစ်သည်

''Welcome from Foxy "
ဆိုင်းပုဒ်ကို ဖတ်ကာ ကျွန်တော်ပြုံးလိုက်မိသည်

Foxyဆိုတဲ့ မြို့လေး

စိုစွတ်တဲ့မြို့လေးတခု

အမြဲလိုလို မိုးရွာလိုက် နှင်းကျလိုက်ဖြင့်
နေရောင်ဆိုတာ မမြင်ရသလောက်ပင်
နွေရာသီမရှိသောမြို့ဟုဆိုလျှင် ပိုသင့်လျော်မည်ထင်သည်
ကျောင်းပိတ်ရက် အားလပ်ရက်တွေဆို Dadနေတဲ့
ဒီမြို့လေးကို ကျွန်တော်လာနေတတ်သည်
Momကတော့ သူမရဲ့မပြီးပြတ်နိုင်သော အလုပ်တွေကြောင့် ကျွန်တော့်ကို Dadဆီပို့ပြီးတာနဲ့ ပြန်သွားတတ်သည်

အင်းလေ အလုပ်အားရင်တောင် လာနေမှာမှ မဟုတ်တာ
အလုပ်က အကြောင်းပြချက်တခုလဲဖြစ်နေနိုင်သည်
Dadနဲ့Momက ကျွန်တော်ရှစ်နှစ်သားအရွယ်ကတည်းက ကွာရှင်းပြတ်စဲပြီးကြပြီဖြစ်သည်

Momနဲ့အတူကျွန်တော်က Mexiမြို့မှာလိုက်နေခဲ့သည်
Dadဆီကိုတော့ ကျောင်းရက်ရှည်ပိတ်သည့် အားလပ်ရက်တွေမှာ အလည်အပတ်အဖြစ်
ကျွန်တော်လာနေသည်

''Mei ရောက်ပြီနော်''Mom အသံကြားမှ ကျွန်တော် သတိဝင်လာသည်

ကားမှန်ချကာ ကြည့်လိုက်တော့
အမြဲစိမ်းသစ်တောအုပ်ငယ်နဲ့ မနီးမဝေးတွင်ရှိသော
တိုက်အိမ်လေးတခု🏡🏡
Foxyမြို့ငယ်လေးရဲ့ Collegeမှာ ကထိကဖြစ်သော Dadက အေးချမ်းပြီး လူနေမထူထပ်သော ဤအိမ်နေရာကို သဘောကျသဖြင့်အခြေချနေထိုင်လိုက်သည်
Laggageနဲ့ကျောပိုးအိတ်တွေကို ကားပေါ်မှ ထုတ်ယူသယ်ဆောင်လိုက်ပြီး အိမ်တံခါးဘက်သို့ လှမ်းလိုက်တုန်း
စာကြည့်မျက်မှန်တပ်ထားပြီ့း မထူမပါးဆွယ်တာ
အညိုရောင်ကို ဝတ်ဆင်ထားတဲ့ ...

 A Mysterious Love In RainWhere stories live. Discover now